
NCA-S EAO ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) အစည်းအ၀ေး (၀၈/ ၂၀၂၀) အပြီး သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက်
********************
PPST အဖွဲ့၀င် ရဲဘော်သံခဲ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဌ) မှ မီဒီယာများ သို့ ရှင်းလင်းဖြေကြားခြင်း
JICM အစည်းအ၀ေးမှာ လာမယ့် ၂၀၂၀ လေးလပတ်အတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအ၀ေး) ကို ကျင်းပမှာဖြစ်တယ်။ ဒီအစည်းအ၀ေးမှာ အဓိကအားဖြင့် အချက် ၃ ချက်ကို ရှာမှာ ဖြစ်တယ်။ ၁ အချက်ကတော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့် ၃ ဆင့် ပါ တဲ့ သဘောတူညီချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီး ရှာဖွေရမယ်။ ဒုတိယတစ်ချက်ကတော့ ၂၀၂၀ လွန်ကာလမှာ ငြိမ်း ချမ်းရေးလုပ်ငန်းစဥ်တွေ ဆက်သွားနိုင်ဖို့အတွက် နှစ်ဖက်နားလည်မှုတွေနဲ့ လုပ်ငန်းစဥ် ရှာရမယ်။ တတိယ တစ် ချက်ကတော့ အခြေခံမူတွေရှာရမယ်။
၂၁ ပင်လုံကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာ မလွဲမသွေပေါ့။ ဒါ လူထုတွေ့ဆုံပွဲ တွေ၊ အမျိုးသားရေးဆိုင်ရာ၊ နောက်တစ်ခုက အကြောင်းအရာဆိုင်ရာ၊ နောက်ပြီးတော့ ဒေသန္တရဆိုင်ရာ ဒီဆွေးနွေး ပွဲတွေဟာ NCA မှာထဲကိုက လိုအပ်နေတာဖြစ်မယ်။ ဒါ့ကြောင့် ဒီဆွေးနွေးပွဲတွေ ကျင်းပဖို့ လိုအပ်တာ ဖြစ်တဲ့အ တွက် ဒီ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ NCA-S EAO တွေဘက်က ညှိနှိုင်းရေးအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ဘက်က ညှိနှိုင်းရေးအဖွဲ့တွေက မကြာခင်မှာ ညှိနှိုင်းဆွေးနွေးလိမ့်မယ်။ ဒီနှစ်ဖက် ညှိနှိုင်းရေး အဖွဲ့ တွေ က ညှိနှိုင်းဆွေးနွေးပြီးရင် ဒါတွေဟာ မလွဲမသွေ ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းနေတယ်လို့ပဲ ပြောရ မှာ ဖြစ် ပါတယ်။
ဗိုလ်မှူးကြီး စိုင်းငင်း (NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်) မှ ဖြည့်စွက်ဖြေကြားခြင်း
(အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်အချိန်နှင့် ပတ်သက်ပြီး) အကြမ်းဖျင်းလျာထားတာက မတ်လ လလယ်လောက်ကနေ လကုန်အထိလောက်တော့ အကြမ်းဖျင်းမှန်းထားတာပေါ့။ (အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး) လာမယ့် (ဇန်န၀ါရီလ) ၂၈ နဲ့ ၂၉ နှစ်ဖက် ညှိနှိုင်းရေးဆွေးနွေးရေးအဖွဲ့တွေ တွေ့တဲ့ပွဲ မှာ တရား၀င် ဆွေးနွေးဖို့ ရှိပါတယ်။
Comments
0 Comments 1283 Views