logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

ဖေဖော်ဝါရီလ (၂) ရက်မှ (၃) ရက်နေ့အထိ ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့သည့် အစိုးရနှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ညှိနှိုင်းအစည်း အဝေးအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး ၏ မီဒီယာသို့ ရှင်းလင်းချက်ကို ဖော်ပြအပ်ပါသည်။

နိုင်အောင်မငေး (မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
******************
“ဒီနေ့ နှစ်ဖက် အလုပ်အဖွဲ့က NCA အကောင်အထည်ဖေါ်မှုဆိုင်ရာ အစိုးရ အလုပ်ဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်မှုက ဆုံးဖြတ်ချက် ၃ ချက်နဲ့ မှတ်တမ်း၂ ချက်ရတယ်။ ပြန်ပြောရမယ်ဆိုရင် JICM ရဲ့ ဆုံးဖြတ်ချက် ၈ ချက်ကို အကောင်အထည်ဖေါ်ဖို့ အတွက် လမ်းညွှန်ချက်အရ ကျွန်တော်တို့ လုပ်ပါတယ်။ ပြန်ပြီးကြည့်မယ်ဆိုရင် အရွေ့တခုကို တက်လာတယ်လို့ ဆိုလို့ရတယ် ခင်ဗျ။ လာမယ့် ၁၆ ရက်နေ့မှာ ထပ်တွေ့မယ်။ ၁၆ရက်နေ့မှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ အလုပ်အဖွဲ့နဲ့ ပြန်တွေ့မယ်။ ၁၇၊ ၁၈ မှာလည်း မူလအလုပ်အဖွဲ့နဲ့ ပြန်တွေ့မယ်ဆိုရင် ဘုံသဘောတူညီချက်တခုတော့ရမယ်။ ဒီနှစ်ဖက် ဘုံသဘောတူညီချက်၊ အဆို ပြုချက် ကို ဘုံချမှတ်ထားတဲ့ဟာဆိုရင် နောက်တခါလာမည့် စတုတ္ထ အကြိမ် UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး) မှာ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃) မှာဆိုရင် ရလဒ်တခုထွက်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။"

Share:
Comments
0 Comments 2101 Views
Leave a Comment