logo

Copyright ©2020 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

Post-8th JICM Press Conference

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအ၀ေး (JICM) အပြီးတွင် ကျင်းပခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် NCA-S EAO JICM အစည်းအ၀ေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ မီဒီယာများသို့ ဖြေကြားချက်များမှ ကောက်နုတ်ချက်-

********************

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ အားလုံးပါ၀င်ရေးနှင့် ပတ်သက်ပြီး-

ကျွန်တော်တို့ ၁၀ဖွဲ့အပိုင်းက အားလုံးပါဝင်ရေးဆိုတဲ့ အခင်းအကျင်းက အရမ်းအရေးကြီးတာကိုး။ ၁၀ဖွဲ့တည်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ဆိုတော့ ကျန်တဲ့ အဖွဲ့တွေသည် အဝန်းအဝိုင်းထဲပါလာအောင် ကျွန်တော်တို့ရဲ့ EAO ထဲမှာပဲ ကြိုးစားနေတဲ့ အပိုင်းရှိတယ်။ ဥပမာ ကျွန်တော်တို့ ဒီမှာဆွေးနွေးနေတဲ့ အပိုင်းရှိတာကိုး။ သူတို့ကိုပြန်ပြီးတော့ ဒီလို ဒီလို စီစဉ်ထားတာရှိတယ် ဘယ်လိုမြင်သလဲ စသည်ဖြင့်ပေါ့နော်။ မလာခင်ကတည်းကလည်း ကိုယ်တိုင်မပါဝင်တောင်မှ တတ်နိုင်သမျှ ဟိုဘက်က ကျွန်တော်တို့ညီနောင်တွေရဲ့အသံလည်းပါအောင် အတတ်နိုင်ဆုံးယူဆောင်လာတဲ့ အနေအထားလဲဖြစ်ပါတယ်။ ဒါကြောင့်ထင်တယ်လေ အစိုးရဘက်ကလည်ကြိုးပမ်းနေသလို ကျွန်တော်တို့ဘက်ကလည်းရှင်းပြမယ်၊ ဝိုင်းဝန်းပြီးတော့ အခင်းအကျင်းကိုတင်ပြမယ်။ ပါမပါကတော့ တဖက်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာမူတည်တာပေါ့ လေ။ အကောင်းဆုံးဖြစ်အောင် အားလုံးဝိုင်ဝန်းကြိုးပမ်းနေတဲ့ အနေအထားဖြစ်ပါတယ်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအ၀ေး ကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး-

JICM ကဆွေးနွေးမည့်အချက်တွေသတ်မှတ်ပေးလိုက်တယ်။ ကျွန်တောတို့ဘက်ကလည်းညှိနှိုင်းရေးအဖွဲ့ ရှိတယ်။ အစိုးရဘက်ကလည်း ညှိနှိုင်းရေးအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့တွေအရင် ညှိကြတယ်။ ညှိလို့ အဆင်ပြေတယ်ဆို လုပ်ငန်းစဉ်အရဆို UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) ခေါ်မယ့် အနေအထားရှိတယ်။ တပိုင်းကလည်း JMCပေါ့နော်။ အဲဒီတော့ သူ့မှာ လုပ်ငန်းကော်မတီ တို့ နောက်ပိုင်းကျရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဲဒီမှာ တပါတည်းပါ မယ့်အနေအထားရှိတယ်။ မူဘောင်ပြင်ဆင်တဲ့ အပိုင်းမှာလည်း မထိုးရသေးတဲ့ ညီနောင်တွေ အစဉ်အလာအတိုင်းဖိတ်မယ်။ အဲဒီမှာ သူတို့ရဲ့အသံ သဘောထားတွေပါလာအောင် ဝိုင်းဝန်းကြိုး ပမ်းပေးတဲ့ အနေအထားရှိတယ်။ နောက်တခုက မူဘောင်ဆိုတဲ့နေရာမှာ (၂) ပိုင်းရှိတယ်လို့ မြင်တယ်ပေါ့နော်။ ဒီညီလာခံအတွက်ရှိတဲ့ မူဘောင်နဲ့ ၂၀၂၀ အလွန်ကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြမ်းဖျဉ်းလေးပါြဖစ်ဖို့ အနေအထားရှိပါတယ်။ ဒါကြောင့်ပြန်ချုံ့လိုက်မယ်ဆိုရင်တော့ နှစ်ဘက် ညှိနှိုင်းရေးအဖွဲ့အရင်တွေ့မယ်၊ လိုအပ်တဲ့ပြင်ဆင်မှုလုပ်မယ်။ ခုနက ပြောသလို တဆင့်ပြီးတဆင့် လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်သွားဖို့ရှိပါတယ်။

 

Share:
Comments
0 Comments 44 Views
Leave a Comment