The Statement of Peace Process Steering Team Meeting (03/ 2019)

  • Topics:

    The Statement of Peace Process Steering Team Meeting (03/ 2019)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    March 5, 2019 09:00 AM

  • End Date:

    March 7, 2019 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အ စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၀၃/၂၀၁၉ အထူးအစည်းအဝေး ထုတ်ပြန်ကြေညာချက်
၂၀၁၉ ခုနှစ်၊ မတ်လ (၇) ရက်။

*****************************************************************************************************
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သ ဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၀၃/၂၀၁၉ အထူးအစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ NCA အကောင်အ ထည်ဖော်ဖက်ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ နှင့် နည်းပညာထောက်အကူပြုများ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ကြသည်။


၂။ အစည်းအဝေးကာလ (၃)ရက်တွင် အဖွဲ့အစည်းများအကြား ကျေကျေလည်လည် ဆွေးနွေးပြီးနောက် PPST စုဖွဲ့မှုနှင့် NCAစာချုပ်ကို အ ခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အ ထည်ဖော်ဆောင်နိုင်ရေးအတွက် ၂၀၁၉ခုနှစ်၊ မေလတွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုး ဆောင်ရွက်သွား မည် ဖြစ်သည်။


၃။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ကိုယ်စားလှယ်များလွှဲပြောင်းမှုကို အစည်းအဝေးမှ လက်ခံခဲ့သည်။


၄။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ¬သို့ KNU နှင့် RCSS မှပေးပို့ခဲ့သော ပေးစာတွင်ပါဝင်သည့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA စာချုပ်ကို တည့်မတ်စွာ အကောင်အထည်ဖော်နိုင်ရေး ဆိုင်ရာ အဆိုပြုချက်များကိုဆွေးနွေးဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။


၅။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုပါသည်။ ၎င်းဆောင်ရွက်ချက်သည် လွှတ်တော်ပြင်ပတွင်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်လည်း ဟန်ချက်ညီရန်လိုအပ်ပါသည်။ မိမိတို့ EAOများအနေဖြင့်လည်း ပြည်ထောင်စုသဘော တူစာချုပ်မှတဆင့် ၂၀၀၈ ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကို အားသွန်ခွန်စိုက် ဆောင် ရွက်သွား မည်ဖြစ်သည်။


၆။ NCA ကိုအခြေခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာအခြေခံမူများနှင့် ဆန့်ကျင်မှုဖြစ်စေသည့် လွှတ်တော်မှ ရေးဆွဲ ပြ ဌာန်းခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ(၂၀၁၂) နှင့် ၎င်းကိုပြင်ဆင်သည့် ဥပဒေ (၂၀၁၈) ကဲ့သို့သော ဥပဒေများ အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သဟဇာတဖြစ်စေရန်အတွက် ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးကိုလည်း တိုက်တွန်းပါသည်။ နောင်တွင် လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အတည်ဆောက်ရေးဆိုင်ရာအခြေခံမူများနှင့် ဆန့်ကျင်သည့် အလားတူ ဥပဒေများကို ပြဌာန်းဆောင် ရွက်ခြင်း မပြုပါရန် အလေးအနက်တိုက်တွန်းပါသည်။


၇။ NCA-S EAO အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များ အားလုံးပါဝင်ရေးနှင့် ပတ်သက်ပြီး မည့်သည့် သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားသည့်အခြေခံမူ (Non-Exclusive Principle) ကို တစိုက်မတ်မတ် ကိုင်စွဲကြိုးပမ်းသွားမည်ဖြစ်သည်။


၈။ ယနေ့ဖြစ်ပေါ်နေသောမြန်မာ့နိုင်ငံရေး အခြေအနေတွင် အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အဓိက လိုအပ် နေသည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းပြမြေပုံ ချမှတ်နိုင်ရေးအတွက် မိမိတို့ NCA-S EAO အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် လည်းကောင်း၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အခြားသော EAO အဖွဲ့အစည်းများနှင့် လည်း ကောင်း အတူတကွ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ထုတ်ပြန်ကြေညာအပ်ပါသည်။


ဆက်သွယ်ရန်

*************

ပဒို စောတာဒိုမူး
၀၆၄၆၄၅၉၁၁၃
[email protected]

ဗိုလ်မှူးကြီးစိုင်းငင်း
၀၈၆ ၁၉၄၀၁၇၉ (ထိုင်း)
၀၉၄၂၈၃၃၃၈၅၅ (မြန်မာ)
[email protected], [email protected]