-
Topics:
The Opening Speech of General Saw Mutu Sae Poe on Day-2 of 4th NCA-S EAO Summit
-
Location:
Chiang Mai, Thailand, Chiang Mai
-
Category:
Summit
-
Start Date:
May 15, 2019 09:00 AM
-
End Date:
May 15, 2019 05:00 PM
-
Share:

Description
နေ့စွဲ။ ။ မေလ ၁၅ရက်၊၂၀၁၉။
နေရာ။ ။ချင်းမိုင်မြို့
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ဟာ စတုတ္ထအကြိမ်မြောက် NCA-S EAO ရဲ့ ထိပ်သီးညီလာခံကို ကျင်းပနေတာ ဒုတိယနေ့ကို ရောက်ရှိလာပြီးပဲ ဖြစ်တာနဲ့ အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန် လည်သုံးသပ်ခြင်းနဲ့ ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်အတူတကွ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့အတွက် တက်တက် ကြွကြွနဲ့ လာရောက်ကြတဲ့ ခေါင်းဆောင်များအားလုံးကိုလည်း နှုတ်ခွန်းဆက်သပါတယ်။
အားလုံးတစ်သားထဲကျတဲ့အမြင်နဲ့သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လမ်းကြောင်း တိမ်းစောင်းနေပြီလို့ ကျနော်တို့ တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း အချို့က သုံးသပ်ထားပါတယ်။ ဒါကြောင့် အားလုံးလက်တွဲညီညီနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်တဲ့အပေါ်မှာ ကျနော်တို့တွေဟာ တစ်ဆို့မှုတွေကိုရှင်းလင်းဖယ်ရှားနိုင်ဖို့၊ စိန်ခေါ်မှု တွေ ကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ နည်းလမ်းရှာကြရမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ ဘုံနားလည် မှု နဲ့ရပ်တည်ချက် ဖြစ်တယ်လို့ကျနော်တို့ နားလည်ထားပါတယ်။
ဒီလိုနည်းလမ်းရှာတာဟာ အဖွဲ့အစည်းတစ်ခု၊နှစ်ခုအတွက်ပဲထွက်ပေါက်ရှာတာလို့မမြင်ကြဖို့ လိုပါတယ်။ တစ်ဆို့မှုအချို့ဟာ အဖွဲ့အချို့အတွက် ပမာဏအရ ပို ကြီးပြီး အချို့အဖွဲ့တွေအတွက် သိပ်ပြီး မပြောပလောက်တဲ့တစ်ဆို့မှုမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကလည်းကျနော်တို့အဖွဲ့ အစည်းတွေရဲ့ တစ်ဖွဲ့ချင်း ပကတိ အနေအထားတွေအပေါ်မှာ အများကြီးမူတည်နေတာ ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိဆက်လေ ျှာက်လှမ်းနိုင်ဖို့၊ ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင် ကျနော်တို့အားလုံး စုစည်းဖို့လိုပါတယ်။ ကျနော်တို့ စုစည်းတဲ့နေရာမှာလည်း စုစည်းမှုဟာ မဟာဗျူဟာကျကျ စုစည်းမှုဖြစ်ပါရမယ်။ ဒါမှ ကျနော်တို့အတွက် အမှန်တကယ်အထောက် အကူဖြစ်စေမယ့် စုစည်းမှုဖြစ်လာမှာ ဖြစ်သလို ကျနော်တို့ကြားမှာလည်း စည်းနှောင်အားရှိပြီး ကျနော်တို့ လို ချင်တဲ့ ပန်းတိုင်ရောက်ဖို့ တိကျသေချာတဲ့ အထောက်အကူပေးတဲ့ ပုံစံမျိုးကို လည်း ရှာကြံရွေးချယ်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ဒီကနေ့ထိပ်သီးညီလာခံဟာ မဟာဗျူဟာကျကျစုစည်းမှုကို ဖေါ်ဆောင် နိုင်ဖို့လိုပါတယ်။ အဖွဲ့ကြီးတယ်၊ အဖွဲ့ငယ်တယ်ဆိုတာကို အခြေခံပြီး မစဉ်း စားစေချင်ပါဘူး။ အဖွဲ့ကြီးက အဖွဲ့ငယ်ကို ဒရွတ်တိုက်ဆွဲခေါ်တာမျိုးမဖြစ်သင့်သလို အဖွဲ့ငယ်ကမပါလို့ အဖွဲ့ကြီး မသွားနိုင် တာမျိုးလည်းမဖြစ်သင့်ပါဘူး။ အဲ့ဒါ ကြောင့် အားလုံးရဲ့ ဘုံအကျိုးကိုရှေ့ရှုပြီး၊ ဘုံမေ ျှာ်မှန်းချက်အတွက် အလုပ်သဘောယုံကြည်မှု (functional trust) ကို အခြေခံပြီးတော့ ခိုင်မာပြီး မဟာ ဗျူ ဟာကျတဲ့စုစည်းမှုကို စဉ်းစားကြဖို့တိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်။ ကျေးဇူး တင်ပါတယ်။