The matter of guarantee for continuing peace process before 2020 and beyond, to be discussed in PPST meeting (04/ 2019)

  • Topics:

    The matter of guarantee for continuing peace process before 2020 and beyond, to be discussed in PPST meeting (04/ 2019)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    August 21, 2019 09:00 AM

  • End Date:

    August 24, 2019 05:00 PM

  • Share:

Description

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် လာမည့် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေး (၀၄/ ၂၀၁၉) [Peace Process Steering Team Meeting (04/ 2019) တွင်၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖေါ်ဆောင်နိုင်ရေးဆိုင်ရာ အာမခံချက် ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးဖို့ရှိကြောင်း EAO UPDJC Coordinator ရဲဘော်မျိုးဝင်းက ပြောကြားသည်။


အဆိုပါ PPST အစည်းအဝေးတွင်  စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ရေးအလုပ်အဖွဲ့က စုစည်းတင်ပြချက်များကို အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။


ရဲဘော်မျိုးဝင်းက “အဲဒီမှာ (လာမယ့် PPST အစည်းအဝေးမှာ) NCA အကောင်အထည်ဖေါ်ဆောင်မှု ခိုင်မာအားကောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမဲ့ အ ကြောင်းအရာတွေ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ဆက်လက် ဖေါ်ဆောင်နိုင်ရေးဆိုင်ရာ အာမခံချက်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုး ရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာများ စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။ အဲဒါအပြင် အစိုးရဖက်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖေါ်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆိုပြုချက် (၄) ရပ်ကိုလည်း သုံးသပ်ဆွေးနွေးပြီး အဲဒီအပေါ်မှာ NCA-S EAO တွေရဲ့ သဘောထားတွေ စုစည်းချမှတ်သွားဖို့ရှိပါတယ်။” ဟု ပြောကြားသည်။


PPST အစည်းအဝေးတွင် အလုပ်အဖွဲ့က တင်ပြချက်များအပေါ်အခြေခံပြီးသော်လည်းကောင်း၊ အစိုးရက အဆိုပြုထားသော လုပ်ငန်းစဉ် (၄)ရပ်အပေါ် အခြေ ခံပြီးသော်လည်းကောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် ဖေါ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းအ တွက် အစိုးရ ဆွေးနွေးရေးအဖွဲ့နှင့် စတင်ဆွေးနွေးနိုင်ရေးအတွက် NCA-S EAO အလုပ်အဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း ရဲဘော်မျိုးဝင်းက ဆက်လက် ပြောကြားခဲ့သည်။