The Exclusive Interview with Comrade Myo Win (Part-2)

  • Topics:

    The Exclusive Interview with Comrade Myo Win (Part-2)

  • Location:

    No. 6, Shwe Li Street, Kamayut Township, Yangon, Yangon

  • Category:

    Others

  • Start Date:

    March 28, 2019 12:00 AM

  • End Date:

    March 28, 2019 02:00 PM

  • Share:

Description

ငြိမ်းချမ်းရေးုလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး (၃/ ၂၀၁၉) ထုတ်ပြန်ကြေညာချက်များ၊ NCA-S EAO အနေဖြင့် ရှေ့ဆက် ဆောင် ရွက်မည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် လက်ရှိ လွှတ်တော်တွင်း လုပ်ဆောင်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ် များအပေါ် NCA-S EAO ဘက်မှ အမြင်များ အစရှိသည်တို့နှင့် ပတ်သက်ပြီး NCA-S EAO ၏ ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေး နွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်း (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို သီးသန့်အင်တာဗျူးကဏ္ဍအနေဖြင့် ဖော်ပြအပ်ပါသည်။


မေး။ အားလုံးပါဝင်ရေးမူဆိုတဲ့ (Non-Exclusive Principle) ကို လက်ကိုင်ထားဆောင်ရွက်သွားမယ်လို့ PPST (03/ 2019) အစည်းအ ဝေးအပြီး ထုတ်ပြန်ချက်ထဲမှာထည့်သွင်းခဲ့ပါတယ်။ လောလောဆယ်မှာ အစိုးရနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာရှိတယ်။ တချို့ Non-Signatories ဘက်က နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (bilateral) ထိုးဖို့ကမ်းလှမ်းတာ ပယ်ချ ခံရတာတွေရှိတော့ NCA-S EAO အနေနဲ့ ရှေ့ဆက်ပြီးတော့ တခြားညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်ရှိ NCA အရ သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်လာနိုင်အောင် ဘယ်လိုပုံစံမျိုး ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ အဓိကအရေးကြီးဆုံးကတော့ မြန်မာပြည်နိုင်ငံရေးပြဿနာကိုဖြေရှင်းမယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး ဖေါ်ဆောင်မယ်ဆိုရင်တော့ ပဋိပက္ခထဲမှာပါဝင်တဲ့ အဖွဲ့အစည်း အားလုံးပါဝင်ဖို့လိုတာပေါ့။ ပါဝင်ဖို့လိုအပ်တယ်ဆို တဲ့နေရာမှာလည်း ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့နဲ့ NCAအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမှာ အကောင်အထည်ဖေါ်တာဖြစ်တာကိုး။ ပထမအကြိမ်ပင်လုံမှာကတည်းက အားလုံးပါဝင်ဖို့လမ်းဖွင့်ခဲ့ တာပေါ့။ အားလုံးပါဝင် အားလုံးပိုင်ဆိုင်တဲ့ညီလာခံကြီးဆိုပြီး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေဖိတ်ခေါ်တယ်။ ဒုတိယပင်လုံမှာ လည်းဖိတ်ခေါ်တယ်။ တတိယပင်လုံမှာလည်းဖိတ်ခေါ်တယ်။ ဖိတ်ခေါ်တယ်ဆိုတာလည်း အဲဒီမှာ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အဲဒီ ကွဲ့ပြားမှုတော့ရှိတာပေါ့။ ကျွန်တော်တို့ကတော့ လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲ မှာအားလုံး ပါဝင်စေချင်တယ်။ ဒါပေမဲ့ တပ်မတော်အနေအထားကြတော့ လည်းအခက်အခဲရှိတယ်။ သူတို့ဒီ အဲဒါဆိုလက်မှတ်မထိုးပဲနဲ့လက်ခံလိုက်ရင် နိုင်ငံရေးပါဝင်မှုလက်ခံတယ်ဆိုရင် ဘယ်သူကလက်မှတ်ထိုးပေးမှာလဲ စိုးရိမ်မှုပေါ့။ ကျွန်တော်တို့ NCAလက်မှတ်ရေးထိုးတယ်ဆိုတာ နိုင်ငံ ရေး ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့အတွက် space (နေရာ) ကို ဖန်တီးတာပဲ။ အဲဒီနိုင်ငံရေး spaceမှာအားလုံးပါဝင်နိုင်ဖို့အတွက် ကို လက်မှတ်ထိုးထိုး၊ မထိုးထိုး တိုင်းပြည်ရဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်း ချင်ရင်ဒါကျွန်တော်တို့ဆန္ဒပဲ။ ထိုနည်းတူစွာပဲ အခုလိုမျိုး ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေမှာလည်း UPCမှာလည်း ကျွန်တော်တို့ပါဝင်စေချင်တယ်။ ပြီးတော့ ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီ အစည်းအဝေး တွေမှာ လည်းပါဝင်စေချင်တယ်။ ပါဝင်စေချင်တာတော့ တရား ဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် formal process မှာလည်းပါဝင်စေချင်တယ်။ တဖက်မှာ လည်း တိုင်းရင်းသားအချင်ချင်းကြားထဲမှာလည်းညှိ နှိုင်းရမှာပေါ့။ တချို့ကိစ္စ တိုက်ရိုက်ပါဝင်ဖို့ အကန့်အသတ်နဲ့ ရှိနေတယ်ဆိုရင်တောင်မှ သူတို့သဘောထားကိုထင် ဟပ်နိုင်တဲ့ policy (မူဝါဒတွေ) ကိုသွားရောက်တင်ပြနိုင်ဖို့အတွက် အရေးကြီးတဲ့ အပိုင်းဖြစ်တာကိုး။ ဒါကြောင့်မို့ အဲဒါကိုအလေးအနက်ထားတာ။ ဒါကြောင့်မို့လို့ သူတို့ပြောတဲ့ Non-Exclusive Policyဆိုတာကတော့ ပါဝင်ဖို့အတွက် ဆန္ဒရှိတာတော့ ကျွန်တော်တို့ ဆန္ဒပဲ။ ပါဝင်ခြင်း မပါဝင်ခြင်းကတော့ တဖွဲ့ချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ အားလုံးကိုတော့ မချန် ထား ဘူး။ အားလုံးပါဝင်နိုင်ဖို့ အမြဲတမ်းကြိုးပမ်းမယ်။ ပါဝင်ခြင်း မပါဝင်ခြင်း ကတော့ တစ်ဖွဲ့ချင်းစီရဲ့ ဆန္ဒအနေအထားပေါ်မှာမူတည်ပြီးတော့မှ သူ တို့ ဆန္ဒကို အလေးအနက်ထားပါတယ်။ အတင်းအကြပ်ပါဝင်ရမယ်လို့လဲ ကျွန်တော်တို့မပြောလိုပါဘူး။ ပါဝင်နိုင်အောင်ကြိုးပမ်းမယ်။ အရေး ကြီးတာ တော့ NCA အကောင်အထည်ဖေါ်မှု ပြန်လည်တည့်မတ်ဖို့အတွက် ပြန်လ ည်ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာ ကတည်းက ကျွန်တော်တို့ (၁၀) ဖွဲ့အတွင်းမှာ ဆွေးနွေးညှိနှိုင်းမှာဖြစ်တယ်။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးနဲ့ လည်းပဲ ဆွေးနွေး သွားဖို့ သဘောထားရှိပါတယ်လို့။

မေး။ PPST ကနေပြီးတော့ KNU နဲ့ RCSS တို့ဘက်က ကိုယ်စားလှယ်လွှဲပြောင်းခြင်း ကိစ္စနဲ့ပတ်သက်ပြီး NCA-S EAO အနေနဲ့ ပြည်သူလူ ထုကို ဘာတွေ အသိပေးချင်လဲပေါ့။

ဖြေ။ အဓိကကတော့ ကျွန်တော်တို့လက်ရှိပူးပေါင်းဆောင်ရွက်မှု အနေအထားပါ။ လက်ရှိပူးပေါင်းနေ တဲ့အနေအထားသည် စုပေါင်းပြီးတော့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်နိုင်ဖို့အတွက် စုပေါင်း ဆောင်ရွက်တာဖြစ်တယ်။ စုပေါင်းဆောင်ရွက်တဲ့အနေအထားမှာ တစ်ဖွဲ့ ချင်းစီရဲ့ ကိုယ်စားလှယ်နဲ့ တစ်ဖွဲ့ချင်းစီရဲ့ ရွေးချယ်မှုရှိတာပေါ့နော်။ အခုဆိုရင်ပူးတွဲအကောင်အထည်ဖေါ်တဲ့ ယန္တရားတွေရှိတာပေါ့။ JICM ရှိမယ်၊ JMC ရှိမယ်၊ UPDJCရှိမယ်။ ဒီယန္တရားတွေမှာ ပါဝင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို သက် ဆိုင်ရာအဖွဲ့အစည်းတွေကပဲရွေးချယ်တာဖြစ်တယ်။ အပြောင်းအလဲတွေကအခုမှမဟုတ်ပါဘူး။ တလျှောက် လုံးဆောင်ရွက်ခဲ့တဲ့ အပြောင်း အလဲတွေဖြစ်ပါတယ်။ အဲဒါ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးချယ်ပြောင်းလဲမှုအပေါ်မှာ ကျွန်တော်တို့ကတော့ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဒီ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာဦးဆောင်နေတဲ့ ခေါင်းဆောင်တွေပြောင်းလဲမှုကတော့ သာမန်ပြောင်းလဲ မှုထက် တော့ နည်းနည်းတော့ အာရုံစိုက်စရာ ဖြစ်တာပေါ့။ ဒါကတော့ အရှိတရားကိုတော့လက်ခံရမယ်။ တပြိုင်နက်ထဲမှာပဲ ဘာပဲပြောပြော ဒီ PPST အဖွဲ့ခေါင်းဆောင် အဖိုး မူတူးစေးဖိုးဆိုရင်လည်း ဆွေးနွေးဖက်တွေက လေးစားတယ်၊ အလေးထားတဲ့ ပုဂ္ဂိုလ်ကြီးလဲဖြစ်တာပေါ့။ ဝါအရရော၊ အတွေ့အကြုံအရရောအားလုံးကိုဦးဆောင်ပေးနေတဲ့ ဦးဆောင်သူဖြစ်နေ တဲ့အနေအထားပေါ်မူတည်ပြီးတော့။ ပြောမယ်ဆိုရင်တော့ သက်ဆိုင် ရာအဖွဲ့အစည်းရဲ့လိုအပ်ချက်အရ သူတို့ အဖွဲ့အစည်းအတွင်းမှာ Decision ဆုံးဖြတ်ချက်ပုံသဏ္ဍာန်တွေပြောင်းလဲချင်လို့ ဆောင်ရွက်တဲ့အပေါ်မှာတော့ ကျွန်တော်တို့အလေးထားပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါဝင် နိုင်တယ်ဆိုအကောင်းဆုံးပေါ့နော်။ ဒါပေမဲ့ ဆက် လက်ပြီးတော့ကြိုးပမ်းမှာပါ။ အဖိုးအနေနဲ့လည်းဘာပဲပြောပြော တတ်နိုင်တဲ့ဘက်ကဝန်းရံပြီးတော့ ပံ့ပိုးနေ မှာပဲ။ ဒီ တရားဝင် လုပ်ငန်းစဉ် ထဲမှာမရှိရင်တောင်မှ Informal (အလွတ်သဘော) လမ်းကြောင်းကနေပြီးတော့မှ အဖိုးအနေနဲ့ တစ် ဆို့မှုတွေရှိလာတယ်ဆိုရင် Informal လမ်းကြောင်းကနေပြီး တပ်မတော်အစိုးရနဲ့ ညှိနှိုင်းပြီး တော့မှဆောင်ရွက်ခဲ့ တဲ့နည်းလမ်းရှိတယ်။ ဟိုအရင်NCCT ခေတ်တုန်းက ဆိုရင် အဖိုး မပါဘူး။ NCCTမှာလေ။ ပဒိုကွယ်ထူးဝင်းပါတယ်။ ပဒိုတာဒိုမူးပါတယ်။ တရားဝင်လမ်းကြောင်းကဆွေးနွေးတဲ့ဟာ တစ်ဆို့သွားပြီဆိုရင် အဖိုး က နေပြည်တော် ချက် ချင်းသွားပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ သမ္မတနဲ့တွေ့၊ ဒီမှာ တစ်ဆို့နေတဲ့ဟာကို Informal လမ်း ကြောင်းကနေဖြေရှင်း။ ဆိုတော့ သူ informal လမ်းကြောင်းကနေဖြေရှင်းဆောင်ရွက်မှုဟာ ဒီ formal လမ်း ကြောင်းထဲမှာ လာပြီး သက် ရောက်မှုရှိတာကိုး။ ဒါလည်းအတွေ့အကြုံအရ ပြောမယ်ဆိုရင် ကောင်းတဲ့ သင်ခန်း စာပေါ့နော်။ ဘာလို့လဲဆိုတော့ formal လမ်းကြောင်း ထဲမှာမနေပဲနဲ့ Informal သူကြည့်နေမယ်။ တစ်ဆို့မှုတွေရှိ လာရင် တဖက်က အသိအမှတ်ပြုထားတဲ့၊ တပ်မတော်ရော အစိုးရရော အသိအမှတ်ပြုတဲ့ ခေါင်းဆောင်ထိပ်သီး လူကြီးချင်းတွေ့ပြီးတော့မှဒါကိုဘယ်လိုကျော်လွှားသွားမလဲဆိုတာကို ဆောင်ရွက်လိ့မ်မယ်။ အဲဒီလို မျိုးအကောင် အထည်ဖေါ်မှုမျိုးကို KNUကစဉ်းစားခဲ့မယ်ဆိုရင်တော့ ဒါတော်တော်လေးကိုကောင်းမွန်တဲ့ နည်းလမ်းတခုပဲဖြစ် မှာပါ။ ဒါမျိုးအကောင်အထည်ဖေါ်လိမ့်မယ်လို့ ထင်ပါတယ်။ အရမ်းကြီးလည်းမစိုးရိမ်ပါနဲ့လို့။ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖြတ်လာခဲ့ရတဲ့ အခြေအနေ ပေါ်မူ တည်ပြီးတော့ အဖိုးအနေနဲ့ NCAရေးဆွဲစဉ်ဦးဆောင်မှုပေးခဲ့တဲ့ ပုံသဏ္ဍာန်လဲကောင်းတယ်။ နဘေးကနေ Informal လမ်းကြောင်းကနေပြီး ဦးဆောင်မှုပေးခဲ့တယ်။ ပြီးတော့ ဒီဘက် NCA လက်မှတ်ရေးထိုး ပြီးမှတခါ ကိုယ်တိုင်ကိုယ်ကျဦးဆောင်ပေးတယ်။ ဒါကလည်း ကောင်း ခဲ့ တယ်။ နှစ်ခုလုံးကတော့ အားသာချက် အားနည်းချက်ရှိတယ်။ အဲဒီအနေအထားပေါ်မူတည်ပြီးတော့မှ အကောင်းဆုံးဖြစ် အောင် ပံ့ပိုးပေး နိုင် မယ် ထင်ပါတယ်။
မေး။ နောက်တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ဒီဘက်ကလည်း NCA လမ်းကြောင်းကနေ အဓိက ကျတဲ့ ဖက်ဒရယ်မူ တွေ ကိုမရနီုင် သေးတဲ့ အခြေအနေမျိုးဖြစ်တယ်၊ ဟိုဘက်မှာလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နေတယ်ဆိုတော့ NCA-S EAO အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ်မှာ ဘယ်လိုလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲပေါ့။

ဖြေ။ NCAသဘောတူညီချက်အရဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေ ရလာတဲ့ ပြည်ထောင်စု သဘောတူစာချုပ်ပေါ်မှာ အခြေ ခံပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူခဲ့တာကိုး။ NLD အစိုးရကလည်းအစိုးရတာဝန်ယူပြီးတဲ့နောက်မှာ အဲဒီ လမ်းကြောင်းအတိုင်းပဲဆောင်ရွက်ခဲ့တယ်လို့ သုံးသပ်လို့ရ တာပေါ့နော်။ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ကတိကဝတ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နဲ့အညီ ပြင်နိုင်ရေးရဖို့အတွက်သူကြိုးပမ်းခဲ့တာကိုး။အစိုးရသက်တမ်းလဲ ငါးနှစ်ရှိတဲ့ အနေ အထားပေါ်မှာတော့ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိကဝတ်အတိုင်း တတ်နိုင်သမျှပြင်မယ်ဆိုတာမျိုး၊ လွှတ်တော်တွင်းလမ်းကြောင်းကို ပြန် လည်ရွေးချယ်ထားတယ်လို့ပဲကျွန်တော်မြင်ပါတယ်။နိုင်ငံရေးပါတီရဲ့ လက်ရှိအစိုးရရွေးချယ်မှုအပေါ်မှာတော့ အများကြီး တော့မပြော ချင်ပါ ဘူး။ ဆိုလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တေ်ာတွင်း လမ်းကြောင်း ကဖြစ်နိုင်သလို လွှတ်တော်ပြင် ပလမ်း ကြောင်းကလည်းဖြစ်နိုင်တယ်။ ဒီမှာအရေးကြီးတာက ပြင်တာကို ကျွန်တော်တို့က စိတ်ထဲမှာ ကြိုဆိုထားပြီးသားပဲလေနော်။ ဒါပေမဲ့ အရေး ကြီးတာကဘာကိုပြင်မှာလဲ၊ ဆိုလိုတာကတော့ ပြီးခဲ့တဲ့အတွေ့အကြုံတွေအရ လွှတ်တော်တွင်းကနေ ဥပဒေပြဌာန်းမှုတွေမှာ စိုးရိမ်စရာ တချို့ ကိစ္စတွေရှိခဲ့တယ်။ ဆိုလိုတာကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ပြီးတော့သွားနေတဲ့ ကာလမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ လွှတ်တော်တွင်းဥပဒေပြဌာန်းချက်တချို့ပေါ့။ အဲလိုမျိုးတွေရှိထားတယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပေါ်မှာ အထောက်အကူမပြုဘူးလေ။ စိုးရိမ်မှုတွေ့ကြုံခဲ့ရတာပေါ့။ ထိုနည်းလိုမျိုး လွှတ်တော်တွင်းက အခြေခံ ဥပဒေပြင်တယ်ဆိုတာကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သဟဇာ တဖြစ်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထောက် အကူပြုပြီးတော့ ပြင်နိုင်မယ်။ ဖက်ဒရယ်ကို ဦးတည်တယ် ပြင်နိုင်မယ်ဆိုကောင်းပါတယ်။ အဲဒီလိုဖက်ဒရယ်ကိုမ ဦးတည်ပဲနဲ့ Centralize ကိုပဲ (ဗဟိုချုပ်ကိုင်မှုကိုပဲ) ဦးတည်တာမျိုးပဲပြင်မယ်ဆိုရင် နည်းနည်းတော့ စိုးရိမ်မှုတော့ ရှိတာ ပေါ့။ ဒါပေမယ့် မျှော်လင့် ပါတယ်။ NLDကလည်းကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်နိုင်မှုအတွက်ကိုဦးတည်ပြီး တော့ တာဝန်ရှိသူတွေရဲ့ အင်တာဗျုးတွေမှာကြားရပါတယ်။ ပြည်ထောင်စုသဘောတူ နဲနဲတော့စိုးရိမ်မှုတွေရှိတာပေါ့။ စာချုပ် အစိတ်အပိုင်း (၁) မှာပါတဲ့ ဒီပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံတဲ့ နိုင်ငံတည်ထောင်ပါ့မယ်ဆိုတဲ့ သဘော တူညီ ချက်ကို အခြေခံပြီးတော့ ပြင်သွားမယ်လို့ ပြောခဲ့တာကိုး။ ဒါပေမဲ့ သူတို့ပြင်ဆင်ချက်သည်ဖက်ဒရယ် ကို ဦးတည်မယ်၊ ဒီမိုကရက်တစ် principle ကို ဦးတည်မယ်ဆိုရင် ငြိမ်းချမ်း ရေးလုပ်ငန်စဉ် အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်တယ်။ အဲဒါကိုပဲ အလေးထားပြီးတော့မှ ဆောင်ရွက်စေ ချင်တာပေါ့နော်။

မေး။ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်တွင်းကလူတွေနဲ့ တွေ့ပြီးတော့ အဲဒီ channel (လမ်းကြောင်း) ထဲကနေ တနည်းတဖုံ ချိတ်ဆက် ဆောင် ရွက်ဖို့များရှိပါသလား။

ဖြေ။ အဓိကကတော့ ကျွန်တော်တို့ကတော့ Stakeholder meeting ပေါ့နော်။ Stakeholder အသီးသီးနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ တလျှောက် လုံးမှာ ဥပမာဆို National dialogue (အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ) လုပ်တယ်ဆိုတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်နိုင်ဖို့ national dialogue ကျင်းပတဲ့အခါလည်းပဲ နိုင်ငံရေး ပါတီတွေရော CSO အားလုံးစု ပေါင်းပြီး ဆောင်ရွက်တယ်။ အဲဒီလို (အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ) National dialogue ကိုလူမျိုးအလိုက် ကျင်းပ ပြီးရင် NCA-S EAO အနေ နဲ့ကတော့ သံတမန်တွေနဲ့သော်လည်းကောင်း နိုင်ငံရေးပါတီအစုအဖွဲ့နဲ့သောလည်းကောင်း ကျွန်တော်တို့ရဲ့ဆောင်ရွက်မှု ကြိုးပမ်းမှု တွေကို စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေး ရှင်းပြဖို့လည်းလိုတယ်။ အမှန် အတိုင်းပြောမယ်ဆိုရင်တော့ အခုကာလက နည်းနည်း လေးအား နည်းသွား တဲ့အပိုင်းတွေရှိတယ်။အားနည်းတဲ့ အပိုင်းဆိုတာ အခြေအနေ အချိန်အခါရှိတာပေါ့နော်။ ကျွန်တော်တို့ အတွင်းစည်းကပြင်နေရတဲ့ အပိုင်းရှိ တာကိုး။ NCA-S EAO တွင်းမှာ ပြန်လည်းသုံးသပ်ရတဲ့ အခြေအနေက များတာဖြစ်တဲ့အတွက် ပြန်လည်ရှင်းလင်းတင်ပြတဲ့ အားနည်းတယ်။ ဒီအခြေအနေမှာ အစည်းအဝေးပြီးပြီးဆိုတဲ့ နောက်မှာပြန်လည်ပြီးတော့မှ နိုင်ငံရေးအဖွဲ့အစည်း တွေ stakeholders တွေ၊ CSO တွေ၊ သံ တမန်တွေ ကို ရှင်းပြဖို့အတွက် ရည်ရွယ်ထားပါတယ်။ မကြာခင်မှာဆိုရင်လဲ သံတမန်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးပါတီတွေကို ရထားတဲ့ ရလဒ်တွေနဲ့ ရှေ့ဆက်သွားမယ့်အစီအစဉ်တွေကို ရှင်းပြသွားမယ်။ ဆိုလိုတာကတော့ ဆွေးနွေးဖက်တွေအားလုံးကို ပုံမှန်တွေ့ဆုံရှင်းပြဖို့ အစိ အစဉ်လဲရှိပါတယ်လို့။ အခုလိုအပ်ချက်တွေရှိသွားတာက အတွင်းပိုင်းမှာပြင်ဆင်နေလို့ အချိန်ယူနေလို့ ဖြစ်ပါတယ်။

အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။