Pu Zing Kung says the proposed date to hold 3rd UPC

  • Topics:

    Pu Zing Kung says the proposed date to hold 3rd UPC

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    June 11, 2018 09:00 AM

  • End Date:

    June 11, 2018 04:00 PM

  • Share:

Description

ဇွန်လ (၁၁) ရက်နေ့၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)ရဲ့ (၂၁) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီးမှာ PPST အဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက တတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံညီလာခံ) ကို ဇူလိုင်လ (၁၀) ရက်ကနေ (၁၄) ရက်နေ့လောက်အကြားမှာ ကျင်းပနိုင်ရင် အသင့်တော်ဆုံး ဖြစ်မယ်လို့ လျာထားတာ ရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယင်းကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇူလိုင်လ (၁၀-၁၄) တွင် ကျင်းပဖို့ လျာ ထား                      ရခြင်းနှင့်ပတ်သက်ပြီး ပူးဇင်ကျုံးကပင် “ဇွန်လ ၃၀ ဆို နီးကပ်လွန်းတဲ့အတွက်ပြင်ဆင်ဖို့ ရာအတွက် အချိန်လုံလောက်မှုမရှိဘူးလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စုဖွဲ့မှုပုံစံအရလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ကိစ္စတွေကို PPST ကို တင်ပြရတဲ့ အလေ့အထတွေရှိတာကြောင့် ကျွန်တော်တို့ အချိန်လိုအပ်နေတာ ဖြစ်ပါတယ်။”
NCA-S EAO အနေနဲ့ လာမယ့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရာမှာ အခြေခံရမယ့်မူ (၄) ရပ် ချမှတ်ထားတာလည်း ရှိပါတယ်။ ၎င်းမူတွေကတော့ (၁) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ သဘောတူညီမှုကို စုပေါင်းရယူရေး၊  (၂) ယုံကြည်မှုတည်ဆောက်ခြင််းနဲ့ နိုင်ငံရေးတိုးတက်မှုတစုံတရာ ဖြစ်ပေါ်မှုပေါ်လွင်စေရေး၊  (၃) ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အထောက်အကူပြုနိုင်တဲ့ သဘော တူညီမှုကို ဖော်ဆောင်ရေး၊ (၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အချို့ကို အသုံးပြုပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တကယ် အကောင်အထည်ဖော်နို်င်ဖို့အတွက် သဘောတူညီချက်များ ရရှိ ရေးအတွက် ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။
ဆက်လက်ပြီး PPST အဖွဲ့ဝင်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးက NCA ဆိုတာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ရည်ညွှန်းတာဖြစ်ပါကြောင်း၊ ၎င်း NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ဖို့ လို အပ်တယ်လို့ PPST အနေနဲ့ ခံယူကြောင်း၊ ယင်းအခြေခံပေါ်မှာ NCA ကို အားလုံးလက်မှတ်ထိုးနိုင် ရေး အတွက် PPST မှာ တာဝန်ရှိသကဲ့သို့ (NCA စာချုပ်) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
NCA-S EAO အနေဖြင့် တတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံညီလာခံ) ကို ဇူလိုင်လ (၁၀) ရက်ကနေ (၁၄) ရက်နေ့လောက်အကြားမှာ ကျင်းပဖို့ လျာထားခဲ့တာဖြစ်တာကြောင့် ယခု ဇွန်လတစ်လလုံးနဲ့ ဇူလိုင် လဆန်းပိုင်းတို့တွင် အဖွဲ့အတွင်း လုပ်ငန်းကော်မတီအစည်းအဝေးများ၊ PPST သို့ ပြန်လည်တင်ပြမှုများနှင့် NCA-S EAO UPDJC အစည်းအဝေးများကို ဆက်တိုက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။