PPST meeting (2/2018) is held in Chiang Mai

  • Topics:

    PPST meeting (2/2018) is held in Chiang Mai

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    October 10, 2018 09:00 AM

  • End Date:

    October 11, 2018 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၂/၂၀၁၈) ကို အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ထိပ် သီးခေါင်းဆောင်များ၏ အလွတ်သဘောတွေ့ဆုံမှုဖြစ်မြောက်ရေးနှင့်ပြင်ဆင်မှုများကို ဆွေးနွေးခြင်း၊ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ် များကိုရေးဆွဲ ချမှတ်သွားမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့သဘာပတိဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောကြားသောအဖွင့်အမှာစကားတွင် -
“နက်ရှိုင်းတဲ့ကွာဟချက်တွေလို့ပြောတဲ့နေရာမှာ ကျနော်တို့အနေနဲ့ NCA အပေါ်မှာ ရပ်တည်ရမှာပဲဖြစ်တယ်။ NCA ပေါ်မှာ နှစ်ဘက်က လိုက်နာခြင်းရှိ၊ မရှိဆိုတဲ့ အဖြေကိုလည်းရှာရမယ်။ ပြင်ဆင်ရေးအဖွဲ့ကတင်ပြလာမဲ့အချက်တွေက NCA နဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ် ဘက် ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာထဲကမှ ကျော်လွှားခဲ့ကြပြီး NCA ဆို တာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့အဖွဲ့ တွေအတွက် NCA ဟာ လမ်းညွှန်တစ်ခုပဲ ဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့မရပါဘူး။”
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမုန်းတရားကို အခြေခံပြီး တည်ဆောက်လို့မရပါဘူး။အနာဂတ်အတွက် ကျနော်တို့ဟာ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ် ယောက်နဲ့တစ်ယောက်ချစ်ခင်ခြင်းကို အခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်” ဟုထည့်သွင်းတိုက်တွန်းပြောကြားသွားပါသည်။