Peace Process Steering Team (PPST) Meeting (24/ 2022) to be held from 22 to 23 February 2022

  • Topics:

    Peace Process Steering Team (PPST) Meeting (24/ 2022) to be held from 22 to 23 February 2022

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    February 22, 2022 09:00 AM

  • End Date:

    February 23, 2022 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (24/ 2022) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၂၄/၂၀၂၂)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၄/၂၀၂၂)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်အားလုံး ဘေးဘယာကင်းကွာပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

ဒီနှစ်ရက်တာ အစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပါအဝင် အခြားအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေး နွေးညှိနှိုင်းပြီး သဘောထားချမှတ်သွားဖို့ရှိပါတယ်။

(၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအခင်းအကျင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်းကိစ္စ၊ NUCC ဦးဆောင်ကျင်းပခဲ့တဲ့ ပြည်သူ့ ညီလာခံ (People Assembly) အခြေအနေ၊ မကြာမီ ပြည် တွင်းသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့  ခရီးစဉ်အနေအထားတို့ကို ဆွေးနွေးသွားဖို့ စီစဉ်ထားပြီး တိကျ တဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမှာ ဖြစ်ပါတယ်။

ထို့အပြင် လာမယ့် မတ်လ နှောင်းပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ NCA-S EAO တို့ရဲ့ စတုတ္ထညီလာခံ (ဒုတိယပိုင်း) ကျင်းပနိုင်ရေးအတွက် ညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ ရဲ့ လုပ်ငန်းဆောင်ရွက်ချက် တင်ပြတဲ့ အပေါ်မှာလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ထို့အတူ PPSTရဲ့ စုဖွဲ့မှုအသစ်အခင်းအကျင်းနဲ့  EAO များရဲ့  ညီလာခံကျင်းပသွားနိုင်ရေးကို ဆွေးနွေးမှာ ဖြစ်သလို PPST ရဲ့  နိုင်ငံရေးဦးတည်ချက် (၇)ရပ်ကို အခြေခံပြီး လမ်ပြမြေပုံ (၇)ဆင့်အတွက် ဆွေးနွေးညှိနှိုင်းနေတဲ့ PPST အကြံပေး စဝ်ဟန်ယောင်ဟွေ ဦးစီးဆောင်ရွက်ပြုလုပ်နေတဲ့ PPST အလုပ်ရုံဆွေးနွေးပွဲ အခြေအနေကိုလည်း ဆွေးနွေး တင်ပြဖို့ရှိပါ တယ်။ အလုပ်ရုံရှေ့လုပ်ငန်းစဉ်အတွက် သဘောထား ချမှတ်ဖို့ရှိပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲများကြောင့် အတိဒုက္ခ အမျိုးမျိုးကြုံတွေ့နေရတဲ့ ပြည်သူလူထု စစ်ဘေးရှောင်များအတွက် ထိထိရောက်ရောက် ဆက်လက် အကူအညီပေးနိုင်ရေးကိုလည်း ဆွေးနွေးပြီး သဘောထားချမှတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပခြင်းမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့ PPST အနေနဲ့  တတ်နိုင်တဲ့နည်းလမ်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းရောပြည်ပမှာပါ Covid-19 ကပ်ရောဂါ ဗီဇပြောင်းဖြစ်တဲ့ အိုမီခရွန်ဟာ အလျင်အမြန်နဲ့ ကူးစက်ပျံ့နှံ့နေတာကြောင့် ပြည်သူလူထုများနဲ့ ခေါင်းဆောင်များ အားလုံး ကျန်းမာရေး သတိ၊ ကျန်းမာရေး အသိနဲ့ နေထိုင် သွားလာလှုပ်ရှားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။