Peace Process Steering Team (PPST) Meeting (23/ 2022) to be held from 5 to 6 January 2022

  • Topics:

    Peace Process Steering Team (PPST) Meeting (23/ 2022) to be held from 5 to 6 January 2022

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    January 5, 2022 09:00 AM

  • End Date:

    January 6, 2022 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (23/ 2022) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၂၃/၂၀၂၂)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၃/၂၀၂၂)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များအားလုံး နှစ်သစ် ၂၀၂၂ မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

ဒီ PPST ပုံမှန်အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် နှစ်ဟောင်းရဲ့  နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးဆိုင်ရာ အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်ဖို့လိုအပ်သလို နှစ်သစ် ၂၀၂၂ ခုနှစ်အတွက် ရှေ့လုပ် ငန်းစဉ်တွေကို နှစ်ဟောင်းရဲ့  အတွေ့အကြုံအပေါ် အခြေခံပြီး ချမှတ်သွားရမှာ ဖြစ်ပါတယ်။

တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက် ယနေ့အထိဖြစ်ပွားနေတဲ့ ဖြစ်စဉ်အားလုံးတွေကို ဂဃနဏသုံးသပ်ပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေရဲ့ နှစ်သစ်မိန့်ခွန်းတွေမှာပါတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေကို မိမိတို့ PPST အနေနဲ့ အလေးအနက် ထားပါကြောင်း ပြောကြားလိုပါတယ်။

ဒီအစည်းအဝေးမှာ PPST ဆွေးနွေးညှိနှိုင်းရေးကော်မတီအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပေးဖို့ရှိသလို PPST စုဖွဲ့ မှုနဲ့ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပ ခြင်းကိစ္စကို ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့  အာဆီယံတို့ရဲ့ကြိုးပမ်းလာမဲ့ ခြေလှမ်းတွေကို မိမိတို့က အပြုသဘောနဲ့စောင့်ကြည့်ရမှာဖြစ်ပြီး ပြည်တွင်းစစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီ ရရှိနိုင်ရေးကိုလည်း ညှိနှိုင်းဆွေးနွေးနည်းလမ်းရှာသွားရမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ချင်းပြည်ဖြစ်စဉ်၊ ကရင်နီပြည် ဖရူဆို မိုဆိုဖြစ်စဉ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ဖြစ်စဉ်၊ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ် အရေးအခင်းနဲ့ စစ်ကောင်စီရဲ့ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ  NCA သဘောတူစာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်ကိစ္စတို့ ကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးပြီး သဘောထားချမှတ်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ နှစ်သစ်အခါသမယမှာ ပြည်သူလူထုအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ကျေးဇူးတင်ပါတယ်။