Peace Process Steering Team (PPST) Meeting (22/ 2021) to be held from 6 to 7 December

  • Topics:

    Peace Process Steering Team (PPST) Meeting (22/ 2021) to be held from 6 to 7 December

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    December 6, 2021 09:00 AM

  • End Date:

    December 7, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (22/ 2021) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၂၂/၂၀၂၁)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၂/၂၀၂၁)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

ဒီနှစ်ရက်တာအစည်းအဝေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အခြားကဏ္ဍတွေရဲ့ အတက်အကျ ဖြစ် ထွန်းမှုတွေကို ဆွေးနွေးသုံးသပ်ပြီး အမြင် သဘောထားတွေ ချမှတ်သွားဖို့ရှိပါတယ်။

လွန်ခဲ့တဲ့ အစည်းအဝေးမှာ PPSTရဲ့ ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းပေး၍ ၎င်းတို့ရဲ့ တာဝန်များ၊ လုပ်ငန်းဆောင် တာများကို ချမှတ်ပေးခဲ့ပြီးဖြစ်လို့ ဒီအစည်းအဝေးမှာ ဆွေးနွေးညှိ နှိုင်းရေးကော်မတီရဲ့ တစ်လတာအတွင်း ဆောင်ရွက်မှု များအပေါ် ဆန်းစစ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ တခြားStakeholders များနဲ့ အလွတ်သဘော ဆက်လက်ဆွေးနွေးညှိနှိုင်း အမြင်ချင်း ဖလှယ်သွားနိုင်ဖို့ လမ်းညွှန်မှုတွေ ချမှတ်ပေးနိုင်ရေး သဘောထားရယူသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်မကုန်မီ ဒီဇင်ဘာ တတိယပတ်လောက်မှာ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းကို ပြီးခဲ့တဲ့ အစည်းအဝေးမှာ သတ်မှတ်လျာထားပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေအရပ်ရပ်အရ ကျင်းပဖို့ အဆင်ပြေ နိုင်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်ဆွေးနွေးသွားဖို့ ရှိပါတယ်။

NCA-S EAOတို့ရဲ့ အနာဂတ် စုဖွဲ့မှုအပေါ် သဘောထားစုစည်းခြင်းနဲ့ PPSTရဲ့ နိုင်ငံရေး ရပ်တည်ချက် (၇) ရပ် အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ် သက်လို့ ညှိနှိုင်းဆွေးနွေးသွားဖို့ စီစဉ်ထားရှိပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အသွင်ပြောင်း ဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ Omicronဟာ ပိုမို ပြင်းထန်တဲ့ ပိုးဖြစ်လို့  ပြည်သူလူထုများအနေနဲ့ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်သွားဖို့ အရေးတကြီး လို အပ်လှပါတယ်။ အာဖရိကနိုင်ငံများမှ စတင်တွေ့ရှိတဲ့ ဒီ Omicron ပိုးအသစ်ဟာ အာရှနိုင်ငံတချို့ကိုတောင် ကူးစက်ပျံ့နှံ့ လာပြီဖြစ်လို့  အားလုံးအနေနဲ့ ပိုမို သတိထားရမှာ ဖြစ်ပါတယ်။

ပြည်တွင်းနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကိုလည်း  မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေကို ပြင်ဆင်ထားရမှာ ဖြစ်ပါ ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါ တယ်။