Peace Process Steering Team (PPST) Meeting (21/ 2021) to be held from 4 to 5 November

  • Topics:

    Peace Process Steering Team (PPST) Meeting (21/ 2021) to be held from 4 to 5 November

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    November 4, 2021 08:30 AM

  • End Date:

    November 5, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (21/ 2021) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၂၁/၂၀၂၁)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း

 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၁/၂၀၂၁)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

ပြီးခဲ့တဲ့တစ်လတာအတွင်းမှာ ပြည်ထောင်စုအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေများစွာ ဖြစ်ထွန်းခဲ့ပါတယ်။ စီစဉ်ပြီးခါမှ နောက်ဆုံး အချိန်ကျမှ ရွှေ့ ဆိုင်းလိုက်ရတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပြည်တွင်းခရီးစဉ်၊ NCA-S EAO တစ်ဖွဲ့ချင်းစီ အနေနဲ့ NCA (၆)နှစ်မြောက်နှစ်ပတ် လည်တွေ့ ဆုံပွဲသို့ တက်ရောက်ခြင်း၊ အကျဉ်းကျခံဆဲ၊ တရားရင်ဆိုင်နေဆဲ EAO တွေရဲ့ တပ်ဖွဲ့ဝင်တွေ လွှတ်ပေးခြင်း၊ သီတင်းကျွတ်အခါသမယမှာ  အကျဉ်းကျခံနေရတဲ့ အမှုရင်ဆိုင်နေရတဲ့ ပြည်သူလူထု ၅၆၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံ ပြီး  ငြိမ်းချမ်းရေးနဲ့ PR စနစ် ဆွေးနွေးခြင်း၊ (၂၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားလှယ်မပါဘဲ ကျင်းပသွား ခြင်း၊ ချင်းပြည် ထန်တလန်မြို့ရှိ အိမ်ခြေ (၂၀၀)ခန့်နဲ့ခရစ်ယာန် ဘုရားကျောင်း (၂)ကျောင်း မီးရှို့ဖျက်ဆီးခံရခြင်း၊ ကချင် ခရစ် ယာန်ဘာသာရေး ခေါင်းဆောင်တွေ၊ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ NSPNC တွေ့ဆုံခဲ့ခြင်း စတာတွေဟာ  ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စတွေ အပေါ်  မိမိတို့ PPST အနေနဲ့ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။

ဒီနှစ်ရက်တာ PPST အစည်းအဝေးမှာ PPSTရဲ့ ဆွေးနွေးညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်း၊ NCA-S EAOတို့ရဲ့ အနာဂတ်စုဖွဲ့မှု၊ PPSTရဲ့ နိုင်ငံရေးရပ်တည်ချက် (၇)ရပ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအခြေအနေ၊ Covid-19 ကပ်ရောဂါဆိုင်ရာဆိုင်ရာလုပ်ငန်း စတာတွေကို ဆွေးနွေးညှိနှိုင်းပြီး သဘောထား ချမှတ်သွားဖို့ ရှိပါတယ်။

 တစ်ဖက်မှာလည်း လက်ရှိနိုင်ငံရေး အကျပ်အတည်ဖြေရှင်းရေးအတွက် UN က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင် ရာ UN အထူးကိုယ်စား လှယ် ဒေါက်တာ နိုလင်းဟေဇာနဲ့ ချိတ်ဆက် ပံ့ပိုးဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှာ ABSDFရဲ့ မြဝတီဆက်ဆံရေးရုံးတာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦးကို စစ်တပ်၊ ရဲနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူ များ လာရောက်ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်။ ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင်များဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့  နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်ကဲ့သို့ ဆက်ဆံရေးအရာရှိများဖြစ်သည့်အပြင် ၎င်း တို့အား အကာအကွယ်ပေးရမည်ဟု NCAတွင် ပြဌာန်းထားသောကြောင့် ဤပြုမူချက်က NCAကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန် လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်။

မိမိတို့ဟာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖွဲ့ချင်းရဲ့  အကျိုးစီးပွားနဲ့ အစုအဖွဲ့ရဲ့  အကျိုးစီးပွားများ ဟန်ချက်ညီစွာ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။