Peace Process Steering Team (PPST) Meeting (17/ 2021) to be held from 1 to 2 July 2021

  • Topics:

    Peace Process Steering Team (PPST) Meeting (17/ 2021) to be held from 1 to 2 July 2021

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    July 1, 2021 09:00 AM

  • End Date:

    July 2, 2021 04:00 PM

  • Share:

Description


Peace Process Steering Team (PPST) meeting (17/ 2021) was started via video conference this morning. The meeting is to be held until tomorrow.

The Acting Leader of PPST, General Yawd Serk, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၁၇/၂၀၂၁)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်

 

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

တပ်မတော်က လူထုအစိုးရဆီမှ နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းဖြင့် သိမ်းယူခဲ့တာဟာ ယနေ့ဆိုရင် ငါးလ ပြည့်သွားပြီ ဖြစ်ပါတယ်။ စစ် ကောင်စီ အုပ်ချုပ်တဲ့ ငါးလသက်တမ်းကာလအတွင်း ပြည်ထောင်စုကြီးဟာ အေးချမ်းတည်ငြိမ်မှုကင်းမဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတို့ကို အစစ အရာရာ အတိဒုက္ခ ရောက်စေခဲ့ပါတယ်။ ကျီးလန့်စာစားနေရတဲ့ ဘဝမျိုးကို တွန်းပို့စေခဲ့ပါတယ်။ ပြည်သူလူထုတို့ရဲ့ လူနေမှုဘဝအခြေအနေ ပုံမှန် ပြန်ဖြစ်စေဖို့ မိမိတို့ PPST အနေနဲ့ နည်းလမ်းရှာ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

NCA စာချုပ်ဟာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့နည်းဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးစေတဲ့ နိုင်ငံရေးဆွေးနွေးခြင်းစားပွဲဝိုင်းကို ဖန်တီးပေးသလို ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုလည်း အာမခံထားတာ ဖြစ်ပါတယ်။ ဒါကို သတိချပ်မိဖို့ လိုအပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့  ပတ်သက်လို့ ဘုံသဘောထားချမှတ်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်သလို PPSTရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လည်း ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ မိမိတို့ညီနောင်တိုင်းရင်းသားအချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှုတွေမှာ  အဖွဲ့အစည်းတစ်ချို့တွေက နောက်ကွယ်က နေ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေလို့ ဒီစစ်ရေးပွတ်တိုက်မှုတွေဟာ ပိုမိုကျယ်ပြန့်ကြီးမားလာနိုင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကိုပါ ရိုက်ခတ် လာစေနိုင်တာကို  သတိပြုစေလို ကြောင်း ပြောကြားလိုပါတယ်။

COVID- 19 ကပ်ရောဂါဟာ ပြည်ထောင်စုအနှံ့အပြားမှာ တတိယလှိုင်းအဖြစ် ပြန်လည်ကူးစက်လာပြီဖြစ်လို့ ပြည်သူလူထုများအနေနဲ့ မိမိတို့ကျန်းမာ ရေးကို အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။