Peace Process Steering Team (PPST) meeting (16/ 2021) to be held from 27 to 28 May

  • Topics:

    Peace Process Steering Team (PPST) meeting (16/ 2021) to be held from 27 to 28 May

  • Location:

    video conferencing, video conferencing

  • Category:

    PPST

  • Start Date:

    May 27, 2021 09:00 AM

  • End Date:

    May 28, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (16/ 2021) was started in video conference this morning. The meeting is to be held until tomorrow.

The Acting Leader of PPST, General Yawd Serk, delivered the Opening Speech which is expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၁၆/၂၀၂၁)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း


၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်


ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

တပ်မတော်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာဟာ ယခုဆိုရင် လေးလ တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့ ကာလအတွင်းမှာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လို့ အာဏာသိမ်းခြင်းကို ဆန့်ကျင်တဲ့ ပြည်သူလူထု (၈၀၀)ကျော် သေဆုံးပြီး (၅၀၀၀)ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတာကိုကြည့်ရင် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်လုပ်ရပ်မှန်သ မျှ ချက်ချင်းရပ်တန့်ပါ ဆိုတာကို စစ်ကောင်စီက မထေမဲ့မြင် မျက်ကွယ်ပြုခြင်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ မတရားအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြားကဏ္ဍတွေမှာ အစစ အရာရာ ပျက်စီးယိုယွင်းကျဆင်းနေတာဟာ စစ်ကောင်စီရဲ့ နည်းလမ်း မမှန်တဲ့ စီမံအုပ်ချုပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။  လက်ရှိနိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ ညှိုးနွမ်းပြီး မျက်နှာငယ်ရတဲ့ အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အများရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရပါတယ်။

ဧပြီလ (၂၄)ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးရဲ့ ဘုံသဘောထားသဘောတူညီ ချက်(၅)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာဆီယံရဲ့ကြိုးပမ်းမှုကို စစ်ကောင်စီက အခုအချိန်အထိ ပူးပေါင်းဆောင်ရွက်မှု မပြု နိုင်ခြင်းဟာ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးကို အဟန့်အတားပြုခြင်းပဲ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ PPSTရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းများနဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုတစ်ရပ်လုံးနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။