Peace Process Steering Team (PPST) meeting (13/ 2021) to be held from 11 to 12 March

  • Topics:

    Peace Process Steering Team (PPST) meeting (13/ 2021) to be held from 11 to 12 March

  • Location:

    video conferencing, video conferencing

  • Category:

    PPST

  • Start Date:

    March 11, 2021 09:30 AM

  • End Date:

    March 12, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (13/ 2021) was started in video conference this morning. The meeting is to be held until tomorrow.

The Acting Leader of PPST, General Yawd Serk, delivered the Opening Speech which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၁၃/၂၀၂၁)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ မတ်လ (၁၁) ရက်

 

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ နှုတ်ခွန်းဆက်သပါ တယ်။ 

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖမ်းဆီးခံရသူများအားလုံး ချက်ချင်းလွှတ်ပေးရေး စသည့် ကြွေးကြော်သံများနဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အလွှာအသီးသီးက ပြည်သူများကို စစ်ကောင်စီက အင်အားသုံးပြီး အကြမ်းဖက်နည်း လမ်းများဖြင့် ပစ်ခတ်တိုက်ခိုက် နှိမ်နင်းခဲ့လို့ ကျဆုံးသွားခဲ့ကြတဲ့ ပြည်သူများအားလုံးအတွက် လွန်စွာ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်။

ဆန္ဒထုတ်ဖော်ပြပွဲများနဲ့ Civil Disobedience Movement-CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို တိုက်ပွဲဝင် လက်နက်အပြည့်အစုံ သာလွန်အင်အားဖြင့် ရက်စက်စွာ ပစ်ခတ် တိုက်ခိုက်ဖြိုခွင်းနေခြင်းများအား ကန့်ကွက်ဆန့်ကျင်ရှုတ်ချကြောင်း PPST ကိုယ်စားပြောကြားလိုပါတယ်။

အထွေထွသပိတ်များနဲ့ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများတွင် ပါဝင်သည့် ပြည်သူလူထုများ၊ တိုင်းပြည်ဝန်ထမ်းများအား ညအချိန်မတော်အတွင်း  စစ်ကောင်စီ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အ လိုက် ဝိုင်းဝန်း ပိတ်ဆို့ပြီး တအိမ်တက်တအိမ်ဆင်း ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန် လိုက်လံဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရန်နဲ့ ဖမ်းဆီးထားသူများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုပါတယ်။

မိမိတို့ဟာ ပြည်သူလူထုတွေနဲ့အတူတကွ ရပ်တည်ကြတာဖြစ်လို့ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းများနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်း ရေးကို PPST အနေနဲ့ ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိကာလ၊ လက်ရှိအခြေအနေတွေအောက်မှာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းများ ရပ်ဆိုင်းထားခြင်းဆုံးဖြတ်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမှာ ဖြစ်ပါ တယ်။

ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်တဲ့ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြ ဆွေးနွေးညှိနှိုင်းပြီး  ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်သွားမှာ ဖြစ်ပါတယ်။

အခုလို တိုင်းပြည်အတွက် အရေးကြီးတဲ့ကာလမှာ မိမိတို့အားလုံးအနေနဲ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး လုပ်ငန်းများကို ဆောင်ရွက်သွားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။