Peace Process Steering Team Meeting (12/ 2020) held through online video conference today

  • Topics:

    Peace Process Steering Team Meeting (12/ 2020) held through online video conference today

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    November 25, 2020 09:00 AM

  • End Date:

    November 25, 2020 04:30 PM

  • Share:

Description

NCA-S EAO’s Peace Process Steering Team Meeting (12/ 2020) has been holding through online video conference since this morning.

PPST’s Acting Leader General Yawd Serk delivered the Opening Speech. The Opening Speech of General Yawd Serk is expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)

အစည်းအဝေး (၁၂/၂၀၂၀) တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

 ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်

 

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးသို့တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆု မွန်ကောင်း တောင်းပေးပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပပြီးနောက် မိမိတို့ရဲ့ PPST အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ် တဲ့အတွက် ဒီအစည်းအဝေးက ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ အလွန်အရေးကြီးပါကြောင်း ပြောကြားလိုပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံပြီး လာမယ့်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ချမှတ်ရမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများ၊ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး အခင်းအကျင်း၊ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ကုသရေးကိစ္စများနဲ့ အခြားသော အရေး ကြီးကိစ္စရပ်များကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ထို့အပြင် NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ဆက်လက်ကျင်းပနိုင်ရေးကို ညှိနှိုင်းဆွေး နွေးသွားမှာဖြစ်သလို ငြိမ်းချမ်းရေးရှေ့လုပ်ငန်း စဉ်အတွက် တိကျတဲ့ မူဝါဒလမ်းညွန်မှုများကို ချမှတ်ပေးရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကို ပိုမို ဂရုစိုက်ကြပါလို့ ပြောကြားတိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။