-
Topics:
Peace Process Steering Team (12/ 2020) Video Conferencing Meeting successfully held on November 26
-
Location:
video conferencing, video conferencing
-
Category:
PPST
-
Start Date:
November 25, 2020 09:00 AM
-
End Date:
November 26, 2020 04:30 PM
-
Share:

Description
Peace
Process Steering Team (12/ 2020) Video Conferencing Meeting, started from
November 25, was successfully held on November 26.
PPST’s Acting Team Leader General Yawd Serk delivered the Concluding Speech. The Concluding Speech of General Yawd Serk is expressed below:
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၁၂/၂၀၂၀)တွင်
ပြောကြားသည့်
ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း
၂၀၂၀
ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်
နှစ်ရက်တာကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးမှာ ရလဒ်ကောင်းများရရှိအောင်
ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းပေးခဲ့ကြတဲ့ ခေါင်းဆောင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဒီနှစ်ရက်တာ အစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများ၊ ရွေးကောက်ပွဲအလွန်
ငြိမ်းချမ်းရေးအခင်းအကျင်း၊ ကိုဗစ်(၁၉) ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ကုသရေးကိစ္စများနဲ့
ကြားကာ လ ဖွံ့ဖြိုးရေးလုပ်ငန်းများကို
သုံးသပ်ဆွေးနွေးခဲ့ကြပြီး လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို လမ်းညွှန်ပေးနိုင်ခဲ့
တယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပုံစံကိစ္စ (Peace Process Architecture)၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အ ပိုင်း
(၃)နှင့်အညီ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေးကိစ္စ၊
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုများကိစ္စ၊ ဖက်ဒရယ်လမ်းညွှန် အခြေခံမူများကိစ္စ၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးကိစ္စတို့အတွက် လမ်းညွှန်မှုများ
ချမှတ်ပေးနိုင် ခဲ့ပါတယ်။
အစိုးရသစ်တရားဝင် မဖွဲ့စည်းနိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့
အလွတ်သဘော တွေ့ဆုံညှိနှိုင်း နိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး
၄င်းတို့ရဲ့တာဝန်များကိုလည်း သတ်မှတ်ပေးနိုင်ခဲ့ တယ်။
NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ကို လာမယ့်
၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ လျာထားသတ်မှတ်နိုင်ခဲ့ပြီး
စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်။
တပ်မတော်နဲ့ ULA/AA တို့ရဲ့
ငြိမ်းချမ်းရေးအတွက် လတ်တလော
အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေဟာ
ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်တယ်လို့ ရှုမြင်ပါတယ်။
တိုင်းရင်းသားပါတီများအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ၂၀၂၀
အထွေထွေရွေးကောက်ပွဲ အောင် မြင်မှုအပေါ် ဂုဏ်ပြုကြောင်း အသိအမှတ်ပြု
ပြောကြားလိုပါတယ်။ လာမယ့် အနာဂတ်နိုင်ငံရေးအခင်းအ ကျင်းနဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အတူတကွ လက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်သွားနိုင်လိမ့်
မယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။