Interview with Dr. Lian Hmoung Sakhong, the deputy leader of NCA-S EAO's informal meeting team for political sector

  • Topics:

    Interview with Dr. Lian Hmoung Sakhong, the deputy leader of NCA-S EAO's informal meeting team for political sector

  • Location:

    NRPC, Shwe Li Street, Kamayut Township, Yangon

  • Category:

    Others

  • Start Date:

    May 30, 2018 09:00 AM

  • End Date:

    May 30, 2018 04:00 PM

  • Share:

Description

ရန်ကုန်မြို့၊ အမျိုးသားပြန််လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ မေလ (၃၀) ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘော တူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) နဲ့ အစိုးရ၊ တပ်မတော်တို့ နှစ်ဖက်ဆွေးနွေးကြတဲ့ နိုင်ငံရေး ကဏ္ဍအလွတ်သဘောဆွေးနွေးပွဲအပြီးမှာ NCA-S EAO ရဲ့ နိုင်ငံရေးကဏ္ဍအလွတ်သဘောဆွေးနွေးရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်း လျန် မှုန်းဆာခေါင်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ NCA-S EAO အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (National Dialogue) နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံဆွေးနွေးပွဲများ (Public Consultations) များ ကျင်းပရန် အခက်အခဲ၊ အကြပ်အတည်းများ ကြုံတွေ့နေရပြီး NCA-S EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေကတဆင့် နှစ်ဘက်သဘောထားစုစည်းချက်တွေရဖို့ ဆုံးဖြတ် ချက်ချထားခဲ့တာလည်း ဖြစ်ပါတယ်။
 “အဓိကအနေနဲ့ ကျွန်တော်တို့ အခု informal အစည်းအဝေးတွေ လုပ်ဖို့လိုအပ်နေတာက ကျွန်တော်တို့ formal လို့ခေါ်တဲ့ တရားဝင်ဆွေးနွေးပွဲတွေ တစ်ဆို့မှု တွေဖြစ်နေတယ်။ အဲဒီလို တစ်ဆို့မှုတွေ ဖြစ် နေတာတွေကြောင့် ကျွန်တော်တို့ NCA စာချုပ်မှာပါတဲ့ သဘောတူညီချက်အတိုင်းသော်လည်ကောင်း၊ ကျွန် တော်တို့ NCA စာချုပ်အပေါ်မှာ အခြေခံပြီးတော့ ရေးဆွဲလိုက်တော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အတိုင်းသော်လည်းကောင်း ကျွန်တော်တို့ အလုပ် လုပ်လို့ မရဘူး။ ဥပမာအားဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA စာချုပ်အရသော်လည်းကောင်း၊ မူဘောင်အရသော်လည်းကောင်း ကျွန်တော် တ်ို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ကျင်းပလို့မရဘူး။ ဒီလိုကျင်းပလို့မရတဲ့အတွက် တစ်ဆို့မှုတွေ ဖြစ်သွားတယ်။ ဒီတစ်ဆို့မှု တွေကို ကျော်လွှားဖို့အတွက် ကျွန်တော်တို့ တရားဝင်နည်းလမ်းနဲ့ ဆွေးနွေးလို့မရတဲ့ အခိုက်အတန့်ကာလပေါ့နော်။ အဲဒီကာလအတွင်းမှာ အခုလို အလွတ် သဘောဆွေးနွေးပွဲတွေကနေ တစ််ဆို့နေတာကို ကျော်လွှားဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။” ဒေါက်တာလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြား ခဲ့ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA စာချုပ်ပါအတိုင်း ပဋိပက္ခတွေကို စားပွဲဝို်င်းမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး တိုင်းရင်းသားပြည်သူလူထုကြီးနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် အကျိုးရှိစေမဲ့ ရေ ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရလဒ်မျိုး ရရှိရန် ကြိုး စားနေကြောင်းကိုလည်း ယခုလို ထပ်မံပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို မပျက်စီးစေချင်ဘူး။ အောင်မြင်အောင် မရမက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအတွက် လူထုတစ်ရပ်လုံးအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်မှာ ဘာမှ သံသယမရှိစေချင်ဘူး။ ကျွန်တော်တို့ အကောင်းဆုုံးဖြစ်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ညီလာခံတွေ ကျင်းပပြီးတော့မှ ရလဒ်အဖြစ် ဘာမှမရှိသေးပဲနဲ့ ကျင်းပတဲ့ ညီလာ ခံတွေတော့ မဖြစ်စေချင်ဘူး။ ညီလာခံကျင်းပရင်တော့ ပြည်သူ လူထုတစ်ရပ်လုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွက်လည်းကောင်း၊ အကျိုးရှိတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရလဒ်မျိုး ရရှိအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒီ package deal လို့ခေါ်တဲ့ ခွဲမထွက်ရ ဆိုတဲ့ အစုလိုက်တင်ပြချက်က တစ်ဘက်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ နှစ်ပေါင်း (၇၀) ကြာ လက်နက်ကိုင်တော်လှန်ရေးတွေလုပ်ပြီး တောင်းဆိုနေတဲ့ ဒီမိုက ရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် အခွင့်အရေးတွေက တစ်ဘက် ဒီနှစ်ခုကို ညီမျှချက်လာလုပ်နေတာ ကျွန်တော်တို့တွေ အခက်အခဲ ဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် ဒါကိုကျော်လွှားဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။”
ဆက်လက်ပြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကပင် ယခု ဆွေနွေးနေတဲ့ အလွတ်သဘောဆွေးနွေးပွဲတွေက တိုးတက်မှုတွေရှိကြောင်း၊ နှစ်ဖက်နားလည်မှု တွေရ ကြောင်း၊ တရားဝင်ဆွေးနွေးပွဲတွေလို တရားသေဆွေးနွေးတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ ဘက်ပေါင်းစုံက ဆွေးနွေးနိုင်ကြောင်း၊ UPDJC အတွင်း ရေးမှူးအဖွဲ့အစည်းအဝေး ဘယ်လိုလုပ်နိုင်မလဲ။ UPDJC အစည်းအဝေး ဘယ်လိုလုပ်နို်င်မလဲ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံညီလာခံ) ဘယ်လိုကျင်းပနိုင်မလဲ စတာတွေအတွက် အဖြေရှာဖို့ နှစ်ဖက်ဆွေးနွေးနိုင်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။
NCA-S EAO အနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ မေလ (၃၀) နဲ့ (၃၁) ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးကဏ္ဍအလွတ်သဘောဆွေးနွေးပွဲနဲ့ လုံခြုံရေးကဏ္ဍအလွတ်သဘော ဆွေးနွေးပွဲတွေက ရရှိတဲ့ ဆွေးနွေးချက်တွေကို လာမဲ့ NCA-S EAO ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (PPST meeting) မှာ ဆက်လက်တင်ပြသွားဖို့ရှိပါတယ်။

*******