General Saw Mutu Sae Poe's remark on 4th Day of NCA-S EAO Summit (3rd Session)

  • Topics:

    General Saw Mutu Sae Poe's remark on 4th Day of NCA-S EAO Summit (3rd Session)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Summit

  • Start Date:

    September 11, 2018 09:00 AM

  • End Date:

    September 11, 2018 04:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲ စတုထ္ထနေ့ တွင် သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် ကျာခွန်ဆာ တို့က ဆောင်ရွက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စရပ်များ တင်ပြခြင်းနှင့် ဆွေနွေးခြင်း၊ NCA-S EAO ၏ လုပ်ငန်းလမ်းညွှန်ကိစ္စနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် မဟာမိတ်များ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်သည်။ သဘာပတိ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက NCA-S EAO Summit ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး “သူ့အမြင်၊ ကိုယ့်အမြင်၊ သဘောထားရပ်တည်ချက်မတူညီတာကို ဆွေးနွေးရင်း ဘုံဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့ အချက်တွေရှိလာတာကလည်း ကောင်းတဲ့ လက္ခဏာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အချင်းချင်းကြားထဲမှာ မတူကွဲပြားခြင်းကို အားလုံး လက်ခံပြီး ညီညွှတ်မှုရှာဖွေကြတာကို ပြတာပါပဲ။ ဒီအချက်က အရေးကြီးပါတယ်။ ဒီလို မတူကွဲပြားခြင်းကို လက်တွေ့ကျကျ လက်ခံနိုင်ခြင်းဟာ ညီညွတ်မှုဖြစ်စေ တာဟာ ကျွန်တော်တို့ရဲ့ “မူ” ဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာ ညီညွတ်နေတယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုရရှိအောင် ကြိုးပမ်းကြတဲ့ နေရာမှာ လွယ်ကူ ချောမွေ့သွားမှာပဲ ဖြစ်ပါတယ်။” ဟု အဖွင့်အမှာစကားတွင် တိုက်တွန်းပြောကြားသွားပါသည်။

¬¬တတိယ ကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံ စတုထ္ထနေ့တွင် ပြောကြားခဲ့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အဖွင့်အမှာစကား
စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၈၊ ချင်းမိုင်။

အားလုံးပဲ မင်္ဂလာပါ။ တတိယကြိမ်မြောက် NCA-S EAO ရဲ့ ထိပ်သီးညီလာခံကို ကျင်းပလာတာ ဒီနေ့ကတော့ နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ (၃) ရက်မှာ အကြိတ်အနယ်ဆွေးနွေးပေးခဲ့ကြတာကလည်း အားရစရာ ကောင်းလှပါတယ်။ ဒီလို ကျွန်တော်တို့ကြားထဲမှာ နားလည်မှုရအောင် ညှိနှိုင်းပြီးဆွေးနွေးကြတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ဒီလိုမျိုး သူ့အမြင်၊ ကိုယ့်အမြင်၊ သဘောထားရပ်တည်ချက်မတူညီတာကို ဆွေးနွေးရင်း ဘုံဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့ အချက်တွေရှိလာတာကလည်း ကောင်းတဲ့ လက္ခဏာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အချင်းချင်းကြားထဲမှာ မတူကွဲပြားခြင်းကို အားလုံး လက်ခံပြီး ညီညွှတ်မှုရှာဖွေကြတာကို ပြတာပါပဲ။ ဒီအချက်က အရေးကြီးပါတယ်။ ဒီလို မတူကွဲပြားခြင်းကို လက်တွေ့ကျကျ လက်ခံနိုင်ခြင်းဟာ ညီညွတ်မှုဖြစ်စေ တာဟာ ကျွန်တော်တို့ရဲ့ “မူ” ဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာ ညီညွတ်နေတယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုရရှိအောင် ကြိုးပမ်းကြတဲ့ နေရာမှာ လွယ်ကူ ချောမွေ့သွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပထမရက်က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ ညှိနှိုင်းဆွေးနွေးတဲ့ နေ ရာမှာ သဘောထားကြီးမှု၊ အမြင်ကျယ်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ တဲ့ စိတ်ဓာတ်တွေ မွေးမြူဖို့ လိုပါတယ်။ လက်ရှိမှာ Stakeholder အချင်းချင်းကြားမှာ မတူညီတဲ့ အခြေခံနားလည်မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှုရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ (၃) ရက်လုံးလုံးဆွေးနွေးခဲ့ပြီးပါတယ်၊ လက်ရှိ အနေအထားမှာ နိုင်ငံရေးရပ်ဝန်းဆိုင်ရာ သဘောတူညီမှုမရှိလို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တုံ့ဆိုင်းနေတဲ့ အခက်အခဲကို ကြုံတွေ့နေရတယ် ဆိုတာလည်း အားလုံးသိရှိ နားလည်ပြီးဖြစ်တယ်လို့လည်း ယုံကြည် ပါတယ်။
ဒါကြောင့် ဒီလိုတစ်ဆို့နေတဲ့အရာတွေကို ဘယ်လိုအတူတကွ အကောင်အထည်ဖော် သွားကြမလဲဆို တာကို အတူအကွ ကြိုးစားအဖြေရှာကြရင်း ဒီနေ့မှာ ဆက်လက် ဆွေးနွေး ရမယ့် အကြောင်းအရာကို သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆက်လက် ဆွေးနွေးသွားကြပါလို့တိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်။