4th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Topics:

    4th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Location:

    Yangon, Yangon

  • Category:

    NCA-S EAO's Framework Agreement on NCA Implementation Working Group Meeting

  • Start Date:

    May 30, 2020 11:00 AM

  • End Date:

    May 30, 2020 04:00 PM

  • Share:

Description

4th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting has been held since this morning. In his Opening Remarks, Col. Sai Ngern says, "It is a good sign for the peace process that the Government, Tatmadaw and EAOs have been mutually cooperating for the Prevention and Control against COVID-19."

The opening remarks of Col. Sai Ngern is as follows:


NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး Online Video Conference(စတုတ္ထအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်   အဖွင့်အမှာစကား

      ၂၀၂၀ ခုနှစ်၊ မေလ (၃၀) ရက်


NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး Online Video Conference (စတုတ္ထအကြိမ်) သို့  Online မှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်များ ကိုယ်စားလှယ်အားလုံး ကျန်းမာကြပါစေလို့ နှုတ်ခွန်း ဆက်သပါတယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအရာများအား ဆက်လက်ဆွေးနွေးခြင်း၊ သင့် တော်တဲ့မကြာမီကာလမှာ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပ နိုင်ရေးနဲ့ Covid-19 ကပ်ရောဂါ ဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါကြောင့် အခြားလုပ်ငန်းများနည်းတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း ယာယီ တုံ့ဆိုင်းနှောင့်နှေးသွားခဲ့ရပေမယ့်  တစ်ဖက်မှာလည်း Covid-19 ကပ်ရောဂါ ကာ ကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ EAO တို့ ကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ လက္ခဏာပဲ ဖြစ်ပါ တယ်။ အစိုးရနဲ့ တပ်မတော်ကနေ EAO တွေဆီ  Covid-19  ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ကျန်းမာရေး ပစ္စည်းကိရိယာများ ပေးအပ် ခြင်းဟာလည်း နွေးထွေးတဲ့ ဆက်ဆံရေးကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ Covid-19 ကာလအတွင်း တပ်မတော်မှ သုံးလကျော်ကြာ တစ်ဖက်သတ် အပစ်ရပ် ကြေညာခဲ့ခြင်း က လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အ ထောက်အကူပြုနိုင်စေလိမ့်မယ်လို့ ထင်ပါတယ်။

ဒီအတောအတွင်းမှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနိုင်ခြင်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကပ်ရောဂါ ကူးစက်မှုများ နည်းပါးသွားခြင်းကို ပြသရာရောက်သလို အတန်အသင့် ထိန်းချုပ်နိုင်ခြင်းဟုလည်း ဆိုနိုင်ပါတယ်။

လာမယ့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို မလွဲမသွေ ကျင်းပရမှာဖြစ်လို့  ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ Covid-19  ကပ်ရောဂါကူးစက်မှု အရှိန်ကျသွားသလိုရှိပေမယ့် မပေါ့ဆ၊ မပေါ့လျော့ဘဲ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အားလုံးက ဆက်လက် လိုက်နာဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။