3rd Negotiation Meeting between Government and NCA-S EAO Ceasefire Strengthening Negotiation Team held this morning

  • Topics:

    3rd Negotiation Meeting between Government and NCA-S EAO Ceasefire Strengthening Negotiation Team held this morning

  • Location:

    Yangon, Yangon

  • Category:

    CMU/ JMC

  • Start Date:

    June 22, 2020 10:00 AM

  • End Date:

    June 22, 2020 04:00 PM

  • Share:

Description

3rd Negotiation Meeting between Government and NCA-S EAO Ceasefire Strengthening Negotiation Team was held this morning. Padoh Saw Hse Ghay, the leader of NCA – S EAO Ceasefire Strengthening Negotiation Team, delivered the Opening Remarks, expressed below:

တတိယအကြိမ်မြောက် NCA – S EAO Ceasefire Strengthening Negotiation Team နှင့် အစိုးရတို့၏

အပစ်အခတ်ရပ်စဲမှုခိုင်မာရေးအလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေး

၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်

အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုစောဆဲဂေ၏ အဖွင့်အမှာစကား

 

လေးစားရပါသော ခေါင်းဆောင်ကြီးများခင်ဗျား

မြန်မာနိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုဖြစ်နေဆဲကာလမှာ ခေါင်းဆောင်များ အားလုံး ကို ကျန်းကျန်းမာမာနဲ့တွေ့ရတဲ့အတွက် အထူးပဲ ဝမ်း သာပါတယ်။ လတ်တလော ကာလမှာ ကူးစက်မှုထိန်းချုပ်ရေးကို အစိုးရ ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော စွမ်းစွမ်းတမံလုပ်ဆောင်နေကြပါတယ်။ ဒီလို လုပ် ဆောင်နေစဉ် ကာလ မှာ ကျနော်တို့ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်မှုကလည်း ရပ်တန့်လို့မရ နိုင်ပါဘူး။ ဒါကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပတဲ့ PPST (၀၄/၂၀၁၉) အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးအပ်မှုအရ  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ တစ်ကြိမ်၊ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ မှာ တစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး အဲဒီလို တွေ့ဆုံညှိနှိုင်းရင်းနဲ့မှ ဆက်လက်ညှိနှိုင်းဖို့ရှိတဲ့ ကိစ္စတွေကို အခု ဇွန်လမှာ တတိယအ ုကလည်း ရပ်တန့်လို့မရနိုင်ပါဘူး.စတင်ကျင်းပခ ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းတာဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံညှိနှိုင်းမှုဟာ NCA စာချုပ်ပါ သဘောတူညီချက်များနဲ့အညီ တစ် ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီး ကျနော်တို့ မျှော်မှန်းတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့က လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် နှစ်ဦး နှစ်ဖက် တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြရမှာဖြစ်ပါတယ်။ ကျနော်စောစောက ပြောခဲ့သလို့ပါပဲ။ ကျနော်တို့ရဲ့ အန္တိမပန်းတိုင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးတည်တဲ့အတွက် NCA ပါ သဘောတူ ညီချက်နဲ့အညီ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရမှာက ကျနော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအ နေနဲ့ကလည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အားသွန်ခွန်စိုက် ကြိုးစားအား ထုတ်နေတဲ့အတွက် အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ဆက်လက် ညှိနှိုင်း သွား မှာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးတဲ့ နောက် ပိုင်း ညှိနှိုင်းမှု ခေတ္တရပ်နေတဲ့ အချိန်မှာ ပဋိပက္ခတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အပေါ်မှာလည်း အလွန်ကို စိတ်မကောင်း ဖြစ် မိပါတယ်။ ကျနော်တို့က ညှိညှိနှိုင်းနှိုင်းသွားကြရမှာဖြစ်လို့ NCA အရရော၊ (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် အမှတ် (၁)အရရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း တစ်ဖွဲ့ချင်းစီပဲ ဖြစ်ဖြစ်၊ စုပေါင်းပြီးတော့ပဲ ဖြစ်ဖြစ် အစိုးရနဲ့ရော တပ်မတော်နဲ့ရော ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုညှိနှိုင်းတဲ့အခါမှာလည်း ကျနော်တို့ရောက်ချင်တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် မိမိတို့၏ဆန္ဒကို နောက်မှာထားပြီး အများအတွက်၊ ပြည်သူတွေအတွက်အကျိုးဖြစ်မယ့် အခြေအနေရောက်တဲ့အထိ နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ ဆက် လက်ဆွေးနွေးညှိနှိုင်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

 

                                                                                 ပဒိုစောဆဲဂေ

                                                                                                                                                                                အဖွဲ့ခေါင်းဆောင်

                                                                              အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့