3rd NCA-S EAO Summit to be held in Chiang Mai, Thailand from 8th to 11th September 2018

  • Topics:

    3rd NCA-S EAO Summit to be held in Chiang Mai, Thailand from 8th to 11th September 2018

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Summit

  • Start Date:

    September 8, 2018 09:00 AM

  • End Date:

    September 11, 2018 04:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သား လ က်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (3rd NCA-S EAO Summit) ကို လာမည့် စက်တင်ဘာလ (၈) ရက်မှ (၁၁) ရက်နေ့အထိ၊ ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးသို့ တစ်နိုင်ငံလုံးပစ်ခ တ်တိုက်ခို က်မှု ရပ်စဲရေး သဘော တူစာချုပ်လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကို င်အ ဖွဲ့အစည်း (NCA-S EAO) (၁၀) ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ နှင့် ယင်းအဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပါသည်။
 အစည်းအဝေးအစီအစဉ်များတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးနှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူ ဘောင် (Framework for Political Dialogue) ပြ န်လည်သုံးသပ်ခြင်း အပါအဝင် NCA-S EAO ၏ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများပါဝင်မည် ဖြစ်သည်။ 
ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ၎င်း၏ အမြင်သဘောထားကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအကြပ်အတည်းရဲ့ တခုတည်းသော ထွက်ပေါက်က နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါ့ကြောင့် တစ်အချက်အနေနဲ့ နိုင်ငံအတွက် မလွဲမသွေရအောင် အဖြေထုတ်ရမဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးနဲ့ဆိုင်တဲ့ နိုင်ငံရေးသဘောတူညီ ချက်ကို ဆုံးဖြတ်နိုင်တဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကြား အမြန်တွေ့ဆုံဆုံးဖြတ်နိုင်တဲ့ ဆွေးနွေးပွဲတွေ အမြန်ထိုင်နိုင်ဖို့လိုတယ်။ နှစ်အချက် အနေနဲ့ ကျန်တဲ့ မြေပြင်တိုက်ပွဲတွေရပ်ဖို့ နည်းလမ်းရှာရင်း ဒီ process ဖြစ်စဉ်ထဲပါအောင် ကြိုးစားရဦးမယ်။ အရေးကြီးဆုံးဖြစ်တဲ့ သုံးအ ချက်ကတော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မဲ့ မူတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးနဲ့ ဖွဲ့စည်းပုံမှာ အာဏာခွဲဝေမှုပုံစံ လိုဟာမျိုးကို အတူတကွ အဖြေရှာဖို့ လိုတယ်။ အဓိကအကျဆုံးကတော့ အစိုးရ၊ တပ်မတော်၊ အီးအေအို (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ)နဲ့ နိုင်ငံရေးပါတီ စတဲ့ပါဝင် ပတ်သက်တဲ့သူတွေအားလုံး လူထုနဲ့ အနာဂတ်အကျိုးရှေးရှုပြီး အကောင်းဆုံး အ သင့်တော်ဆုံး အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် ရှာစေချင်တယ်။”
NCA-S EAO ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမတိုင်မီ စက်တင်ဘာလ (၆) ရက်နှင့် (၇) ရက်နေ့များတွင် NCA-S EAO PPST အစည်းအဝေးနှင့် NCA-S EAO UPDJC အစည်းအဝေးများကို ထိပ်သီးအစည်းအဝေးကျင်းပမည့် ချင်းမိုင်တွင်ပင် ဦးစွာ ကျင်းပသွားမည် ဖြစ်သည်။


နောက်ခံသမိုင်းအကျဉ်း

**********************
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး (Karen National Union)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (Democratic Karen Benevolent Army)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army)၊ ကေအဲန်ယူ- ကေအဲန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-Peace Council) ချင်းအမျိုးသားတပ်ဦး (Chin National Front)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (Pa-Oh National Liberation Army)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front)၊ ရခိုင်ပြည်တိုးတက်ရေးပါတီ (Arakan Liberation Party)၊ သျှမ်းပြည်ပြန်လ ည်ထူထောင်ေ ရးကော င်စီ /သျှမ်းပြည်တပ်မတော် (Restoration Council of Shan State/ Shan State Army) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များဖြစ်သည့်  မွန်ပြည်သစ်ပါတီ (New Mon State Party) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union) တို့သည်လည်း ၂၀၁၈ ဖော်ဖော်ဝါရီလ ၁၃ ရက်ေ န့တွင် NCA ကိုလက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖက်အဖြစ် ပါဝင်လာခဲ့ကြသည်။ NCA လက်မှတ်မရေးထိုးမီ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအားလုံး၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ (EAOs Summit) များကို အလျဉ်းသင့်သလိုကျင်းပခဲ့ကြပြီး၊ NCA လက်မှတ်ရေးထိုးပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင်မူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ (NCA-S EAOs Summit) ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် မတ်လတွင် တစ်ကြိမ်ကျင်း ပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) ၏ လမ်းညွှန်မှုဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လျက်ရှိပြီး၊ ဆုံးဖြတ်ချက်ချနိုင်သည့် အမြင့်ဆုံးသော အဆင့်မှာ Summit ပင်ဖြစ်ပါသည်။