28th NCA-S EAO UPDJC Meeting held in Yangon today

  • Topics:

    28th NCA-S EAO UPDJC Meeting held in Yangon today

  • Location:

    Yangon, Myanmar, Yangon

  • Category:

    UPDJC

  • Start Date:

    October 23, 2019 09:00 AM

  • End Date:

    October 23, 2019 05:00 PM

  • Share:

Description


ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ တွင် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ (၂၈) ကြိမ် မြောက် NCA-S EAO UPDJC အစည်းအဝေး တွင် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း က (၄)နှစ်တင်းတင်း ပြည့်ပြီဖြစ်တဲ့ NCA ရဲ့ အောင်မြင်မှု၊ စိန်ခေါ်မှုနဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ် ကြောင်း အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်စကား အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။


(၂၈) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO UPDJC

အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်စကား

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်

လေးစားအပ်သော NCA-S EAO UPDJC အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် PPWT အဖွဲ့ဝင်များ၊ အ ထောက်အကူပြုများနှင့် ရုံးအဖွဲ့သားများ အားလုံး သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ကြ ပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

အခုလို နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး လူးသာလွန့်သာ မရှိတဲ့အချိန်ကာလမှာ ဒီ (၈) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြတဲ့ သက်ဆိုင်ရာ  တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ဟာ NCA စာချုပ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ယန္တရား တစ်ခု ဖြစ်တဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်စဉ် အောင်မြင်ရေး၊ မအောင် မြင်ရေးဟာ UPDJC ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကြီးကြပ်လမ်းညွန်မှု၊ သမာသမတ်ကျမှု၊ လုပ်ငန်း ဆောင် ရွက်မှုတို့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီအစည်းအဝေးမှာ ရှေ့မတိုးသာဖြစ်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ စေ့စေ့စုံစုံ သုံးသပ် ရမှာဖြစ်သလို တိုက်ပွဲများ ရပ်တန့်နိုင် ရေး အတွက် ဝိုင်းဝန်းနည်းလမ်းရှာရမှာဖြစ်ပါတယ်။ (၄)နှစ်တင်းတင်း ပြည့်ပြီဖြစ်တဲ့ NCA ရဲ့ အောင်မြင်မှု၊ စိန်ခေါ်မှုနဲ့ အခက်အခဲ အကျပ်အတည်း များ ကို လည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လာမည့်နှစ်တွေရဲ့ NCA-S EAO UPDJC ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်တွေအတွက် လိုအပ်တဲ့ ဘတ် ဂျတ်အဆိုပြုချက်တွေ၊ အရေးကြီး တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ ဆွေးနွေး ဆုံး ဖြတ် အတည်ပြုပေးရမှာဖြစ်ပါတယ်။

အောက်တိုဘာလ (၂၈)ရက်မှာ ကျင်းပမယ့် (၄)နှစ်ပြည့် NCA စာချုပ် အခမ်းအနား အလွန် နိုင်ငံရေး၊ ငြိမ်းချမ်း ရေး အခင်းအကျင်းများ ထည့်တွက် စဉ်း စားပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ရပါမယ်။

ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမောစွာ ရှေ့ခရီးဆက်သွားနိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်း ချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ် ပြည်ထောင် စုတည်ဆောက်ရေးတို့အတွက် ကျနော်တို့အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။