24th NCA-S EAO PPST meeting is held in Chiang Mai

  • Topics:

    24th NCA-S EAO PPST meeting is held in Chiang Mai

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    September 6, 2018 09:00 AM

  • End Date:

    September 7, 2018 04:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက််ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ NCA-S EAO PPST ၏ (၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ စက်တင်ဘာလ ၆ ရက်နေ့၊ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ပါသည်။ အစည်းဝေးတွင် သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး နှင့် ဒုတိယ သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီး ရွက်ဆစ် မှ တာဝန်ယူပြီး အစည်အဝေးအစီစဉ်အရ လုပ်ငန်းဆောင်ရွက်မှုများ အစီရင်ခံတင်ပြခြင်းများပြုလုပ်ပါသည်။ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများတွင် နိုင်ငံရေးဆွေးနွေးမှုကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများ အစည်းဝေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေး၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ််အပိုင်း -၂၊ အလွတ်သဘောအစည်းအဝေးများ နှင့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကာလအတွင်း PPST ၏လုပ်ငန်း ဆောင်ရွက် ချက်များအား တင်ပြကာ၊ JMC ဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်းနှင့် NCA-S EAO Summit အတွက် ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်သည်။