10th Framework Agreement on NCA Implementation Working Group Meeting held in Online Video Conference this morning

  • Topics:

    10th Framework Agreement on NCA Implementation Working Group Meeting held in Online Video Conference this morning

  • Location:

    Yangon, Yangon

  • Category:

    Others

  • Start Date:

    May 4, 2020 10:00 AM

  • End Date:

    May 4, 2020 04:00 PM

  • Share:

Description

10th Framework Agreement on NCA Implementation Working Group Meeting has been held in Online Video Conference this morning. Col. Sai Ngern, the team leader, delivered the Opening Speech, expressed below:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) Online Video Conferenceတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်   အဖွင့်အမှာစကား

   ၂၀၂၀ ခုနှစ်၊ မေလ (၄)ရက်


ဒဿမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (Online Video Conference) သို့  Online မှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင် ကိုယ်စားလှယ်များ အား လုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဒီကာလအတောအတွင်းမှာ ကျင်းပပြုလုပ်ဖို့ ဆုံဖြတ်ထားခဲ့သော်လည်း Covid-19 ကပ်ရောဂါ ကူးစက် မှုအခြေအနေကြောင့် ရွှေ့ဆိုင်းရပြီ ဖြစ်လို့   Covid-19 ကပ်ရောဂါ အလွန်ကာလမှာ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး အခင်းအကျင်းကို ဒီနေ့အစည်း အဝေးမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်း အရာတွေကို မိမိတို့ NCA-S EAO အကြားမှာ ဆက်လက်ဆွေးနွေး သွားဖို့ရှိသလို အစိုးရ ညှိနှိုင်းရေးအဖွဲ့နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေးကိုလည်း နည်းလမ်းရှာသွားဖို့ ရှိပါတယ်။

အခုအချိန်မှာ  ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း Covid-19 ကပ်ရောဂါကူးစက်ခံရသူပေါင်း (၁၅၅) ဦး ရှိပြီဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးက အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့ အတွက် Covid-19  ကပ်ရောဂါ ဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို  ဦးစားပေး လုပ်ငန်းများအဖြစ် အဖွဲ့အစည်းတိုင်းက ဝိုင်းဝန်း ဆောင်ရွက်နေတာဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါဆိုင်ရာ လုပ်ငန်းအရပ်ရပ်နဲ့ ပတ်သက်လို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အစိုး ရရဲ့ “Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူပေါင်းရေးကော်မတီ” နဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းများကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ Covid-19 ကပ်ရောဂါ အခြေအနေများ၊ EAOတို့ရဲ့ သက်ဆိုင်ရာဒေသ နယ်မြေအတွင်းမှာ စီစဉ်လုပ်ဆောင်နေတဲ့ ကပ်ရောဂါ ပညာပေး၊ ကာ ကွယ်တားဆီး ထိန်းချုပ်ရေးဆိုင်ရာ လုပ် ငန်းများနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ခေါင်းဆောင်များနဲ့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မိမိတို့ ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းပါတယ်။ ကျေးဇူး တင်ပါတယ်။