logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

Peace Process Steering Team's Coordination meeting has been held in Nay Pyi Taw since this morning. PPST's Acting Team Leader General Yawd Serk delivered the Opening Speech expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံးကို မင်္ဂလာပါလို့ နှုတ် ခွန်းဆက်သပါတယ်။  အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

လာမယ့် သြဂုတ်လ (၁၉၊ ၂၀၊၂၁)ရက်နေ့တွေမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ခမ်းနားစွာ ကျင်းပတော့မှာ ဖြစ် တဲ့အတွက် ညီလာခံကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ဒီနေ့ အ စည်းအဝေးမှာ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လာမယ့် စတုတ္ထအကြိမ်မြောက် ညီလာခံဟာ အားလုံးအတွက် အရေးကြီးတဲ့ညီလာခံဖြစ်လို့ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ဖို့ မိမိတို့ NCA-S EAO  တွေအ နေနဲ့ အစွမ်းကုန် ကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။

ညီလာခံ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ရရှိအောင် (၈) လ နီးပါးကြာ ညှိနှိုင်းဆွေးနွေးပေးခဲ့ကြတဲ့ မိမိတို့ NCA-S EAO  ညှိနှိုင်းရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအလွန်မှာ ဆောင်ရွက်ဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်နဲ့ မပြီးပြတ်သေးတဲ့ မိမိတို့ရဲ့ စတုထ္ထအကြိမ် NCA-S EAO ထိပ်သီးအစည်းအဝေး ဒုတိယပိုင်းကို ဆက်လက် ကျင်းပ နိုင်ရေး ဆွေးနွေးသွားဖို့ရှိပါတယ်။

ညီလာခံကာလအတွင်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

 

 

Share:
Comments
0 Comments 1912 Views
Leave a Comment