logo

Copyright ©2023 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

Negotiation Meeting for JMC-S Parallel Process successfully ended at NRPC, Nay Pyi Taw yesterday afternoon. Col. Sai Ngern, the Leader of NCA-S EAO Negotiation Team, delivered the Concluding Remarks expressed below:


JMC-S Parallel Process ကိစ္စ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် အမှာစကား

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂)ရက်

JMC-S Parallel Process ကိစ္စ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ဝင်များအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း နဲ့ ချီးကျူးဂုဏ်ပြုပါကြောင်း ဦးစွာ ထုတ်ဖော်ပြောကြားလိုပါတယ်။ နှစ်ဖက်ခေါင်းဆောင်ကိုယ်စားလှယ်တွေက ရလဒ်ကောင်းတွေကို ဒီနေ့အစည်းအ ဝေးမှ ဆောင်ကြဉ်းပေးနိုင်လို့ပဲဖြစ် ပါတယ်။

ဒီအချက်က နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေဟာ  အားလုံးအကျိုးအတွက်ဆိုရင် အချင်းချင်းကြားမှာ ထိုက်သင့်လိုအပ်တဲ့ အလျှော့အတင်းတွေ ပြုလုပ်နိုင် တယ်ဆိုတာကို ပြသတာပဲဖြစ်ပါတယ်။ မျဉ်းပြိုင်လိုသွားနေတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ဟာ ဆုံမှတ်ဆီကို မျက်နှာချင်းဆိုင်ပြီး ဦးတည်လျှောက်လှမ်း လို့သာ ဒီနေ့လို ရလဒ်ကောင်းကို ရရှိတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေဟာ (၈)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အမှတ်(၁)ဖြစ်တဲ့ တစ်ဖွဲ့ ချင်းအလိုက် ညှိနှိုင်းအစည်းအဝေး (Bilateral Meetings) နဲ့ JMC  အစည်းအဝေးများအား အပြိုင် ကျင်းပသွားရန် ဆိုတဲ့အပေါ် နှစ်ဦးနှစ်ဖက်ရဲ့ အမြင်သဘောထား၊ နားလည်မှုနဲ့ ချဉ်းကပ်မှု မတူညီတာတွေကို  ကျေလည်ပွင့်လင်း ရင်းနှီးစွာနဲ့ ညှိနှိုင်းဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့တယ်။ နားလည်မှု တည်ဆောက်နိုင်ခဲ့တယ်။  ဆက်လက် အ ကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် သဘောထားချမှတ် နိုင်ခဲ့ပါတယ်။ ဒါဟာ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေရဲ့ အားတက်သရော တစိုက် မတ်မတ် ကြိုးပမ်းအားထုတ်မှုပဲ ဖြစ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ယူ ခြင်းကို ရဲရဲဝံ့ဝံ့ ပြသတာလည်း ဖြစ်ပါတယ်။

 သြဂုတ်လ (၄၊ ၅) ရက်တွေမှာ ကျင်းပမယ့် JICM အစည်းအဝေးပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးမှာလည်း အခုလိုပဲ ရလဒ်ကောင်းတွေ ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

 

 

 

 

Share:
Comments
0 Comments 1017 Views
Leave a Comment