တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထုုိးထားသော တုုိင်းရင်း သားလက်နက်ကုုိင်အဖွဲ့အစည်းများ (Nationwide Ceasefire Agreement-Signatories, Ethnic Armed Organization) မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအတွက် ဝမ်းမြောက်ကြောင်းနှင့် နိုင်ငံ တော်၏သမ္မတ သစ်အဖြစ် ကြိုဆိုကြောင်း ဖော်ပြအပ်ပါသည်။
NCA-S EAO အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့နှင့် တူညီသည့် ဘုံပန်းတိုင်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရက်တစ်ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် သမ္မတကြီးဦးဝင်းမြင့်၏အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်မှ တဆင့် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာစွာဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆထက်တပိုး ကြိုး ပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသားလက်နက်ကုုိင်အဖွဲ့အစည်းများ
(NCA-S EAO)
Comments
0 Comments 2885 Views