logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

The Negotiation Teams of Government and NCA-S EAO have been held the Negotiation Meeting for JMC-S Parallel Process at NRPC, Nay Pyi Taw since this morning. Col. Sai Ngern, the Leader of NCA-S EAO Negotiation Team, delivered the Opening Remarks expressed below:


JMC-S Parallel Process ကိစ္စ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်အမှာစကား

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁)ရက်

JMC-S Parallel Process ကိစ္စ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာကြ ပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ခရီးအတွက် လေးလကျော်အကြာ နေပြည်တော်မှာ အခုလို ပြန်လည်တွေ့ဆုံညှိ နှိုင်းဆွေးနွေးခွင့်ရတဲ့ အ တွက်လည်း အင်မတန်မှ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း (၈)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ရေးနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေးတို့အတွက် မိမိတို့နှစ် ဖက်ညှိနှိုင်းရေးအဖွဲ့တွေဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ယနေ့အထိ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတွေကို (၇)ကြိမ် တိုင်တိုင် ကျင်းပပြု လုပ်ခဲ့ပြီး နှစ်ဖက်လက်ခံတဲ့၊ ထိုက်သင့်မျှတတဲ့ ရလဒ်ကောင်းများကိုလည်း ရရှိခဲ့ပါတယ်။

ဒါဆိုရင် ဘာကြောင့် JMC-S Parallel Process ကိစ္စကို ညှိနှိုင်းအစည်းအဝေးကျင်းပပြီး ညှိနှိုင်းဆွေးနွေးရသလဲဆိုတဲ့ မေးခွန်းတွေအတွက် ရှင်းလင်း အောင်ဖြေကြားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အစည်းအဝေး ကျင်းပရတဲ့အကြောင်းအရင်းကို အားလုံး နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။

(၈)ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက်အားလုံး (၈)ချက်ရှိပါတယ်။ အဲဒီ ဆုံးဖြတ်ချက် (၈)ချက် ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့က တာဝန်ယူ ဆွေးနွေးညှိနှိုင်းနေတာ ဖြစ်ပါ တယ်။

ဆုံးဖြတ်ချက် (၈)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါ အကောင်အထည်ဖော်ဆောင်ရွက်ပြီးတဲ့ အချက်တွေရှိသလို အကောင်အထည် မဖော် နိုင်သေးတဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်။  အကောင်အထည် မဖော်နိုင်သေးတဲ့ အချက်တွေ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအ တွက် သက်ဆိုင်တဲ့ ကော် မတီအသီးသီးမှ ကြိုးပမ်းညှိနှိုင်းဆွေးနွေးနေဆဲလည်း ဖြစ်ပါတယ်။

(၈)ကြိမ်မြောက် JICM  အစည်းအဝေးအပြီး UPDJCနဲ့ JMC အစည်းအဝေးများကို (၂)လအတွင်း ခေါ်ယူကျင်းပဖို့ သဘောတူထားတဲ့အတိုင်း UPDJC အ စည်းအဝေးကို ကျင်းပနိုင်ခဲ့ပေမယ့် JMC- U  အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာမှ ကျင်းပနိုင်ခဲ့ပါတယ်။   JMC-S  အစည်းအဝေးများ ကျင်းပနိုင်ရေးကိုလည်း ဆက် လက် ညှိနှိုင်းနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ခုနှစ်၊ ပထမ   လေးလပတ်အတွင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် ကြိုး ပမ်းဆောင်ရွက်တဲ့နေရာမှာလည်း  မိမိတို့အနေနဲ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ လိုရာပန်းတိုင်ကို မ ရောက်ရှိသေးပါဘူး။

ဒီနေ့ညှိနှိုင်းအစည်းအဝေးမှာ (၈)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အမှတ်(၁)ဖြစ်တဲ့ တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်း အစည်းအဝေး (Bilateral Meetings) နဲ့ JMC  အစည်းအဝေးများအား အပြိုင် ကျင်းပသွားရန်ဆိုတဲ့အပေါ် နှစ်ဦး နှစ်ဖက်ရဲ့ အမြင်သဘောထား၊ နားလည်မှုနဲ့ ချဉ်းကပ်မှု မတူညီတာတွေကို  အကျေအလည် ၊  ပွင့်ပွင့်လင်းလင်း နဲ့ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် ကြိုးပမ်းသွား မှာ ဖြစ် ပါတယ်။

ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ့်မူသူ့မူ အခိုင်အမာကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက်  အကျပ်အတည်း ဖြစ်စေနိုင်တဲ့၊ ညှိနှိုင်းအဖြေရှာဖို့ ခက်ခဲစေနိုင်တဲ့ ဆွေး နွေးညှိနှိုင်းမှုမျိုးကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အ လေးအနက် တိုက်တွန်းလိုပါတယ်။

ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအကျိုးနဲ့ အားလုံးအကျိုးအတွက် နှစ်ဖက် လက်ခံ ကျေနပ်တဲ့၊ မျှမျှတတဖြစ်တဲ့၊ ထိုက်သင့်တဲ့ အပေးအယူ၊ အလျှော့အတင်းတွေကို လိုအပ်သလို  ဆောင်ရွက်ပေး ရေး ဝန်မလေးကြဖို့ တိုက်တွန်းပါတယ်။

သတင်းကောင်းတွေ၊ ရလဒ်ကောင်းတွေကို မျှော်လင့်စောင့်စား နားစွင့်နေကြတဲ့ အားလုံးအတွက် ဒီညှိနှိုင်းအစည်းအဝေးမှ အားလုံးရဲ့ လိုလားတောင့်တ ချက်တွေကို ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Share:
Comments
0 Comments 1133 Views
Leave a Comment