logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

Framework & Peace Architect Review Workshop, jointly arranged by NCA-S EAO UPDJC and Center for Humanitarian Dialogue (HD Center) has been held in the afternoon of September 14 via online video conference.

At the workshop, the NCA-S EAO UPDJC Team Leader, Col. Sai Ngern delivered the Welcoming Remarks. The NCA-S EAO UPDJC members, the Political and Mediation Sector’s Director Dr. Katia Papagianni from Center for Humanitarian Dialogue (HD Center) and other responsible persons from HD Center have been attending the workshop.

The Welcoming Remarks of the NCA-S EAO UPDJC Team Leader, Col. Sai Ngern is as follows:

Framework & Peace Architect Review Workshop တွင်

ပြောကြားသည့် EAO UPDJC  အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်


Framework and Peace Architect Review Workshop အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် EAO UPDJC အဖွဲ့ဝင်များ၊ ဦးဆောင်ပို့ချပေး မည့် Center for Humanitarian Dialogue (HD Center) ၏ Political and Mediation ကဏ္ဍဒါရိုက်တာ Dr. Katia Papagianni နှင့် HD Centerမှ တာ ဝန်ရှိသူများကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက် ကြိုဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးပြီးနောက်ပိုင်း အခုလို ခေါင်းဆောင်များကို စုံစုံညီညီနဲ့ ကျန်းမာစွာ ပြန်လည်ဆုံတွေ့ မိတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

အမှန်ဆိုရင် ဒီလို အရေးကြီးတဲ့ အလုပ်ရုံဆွေးနွေးပွဲမျိုးက လူချင်းမျက်နှာချင်းဆိုင်ထိုင်ပြီး ပြုလုပ်မှ ပိုမို ထိရောက် မှာ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံ ရဲ့ တရှိန်ထိုးမြှင့်တက်လာတဲ့ COVID-19 ကပ်ရောဂါ အခြေအနေအရ အခုလို Onlineနဲ့ ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၂၀အလွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ပုံစံ သို့မဟုတ် မူဘောင်ကို ဆွေးနွေးရှင်းလင်း တင်ပြကြဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အသုံးပြုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရဲ့ အားသာချက်၊ အားနည်းချက်များကို သုံးသပ်သွားဖို့ လိုအပ်ပါ တယ်။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ပိုမိုကောင်းမွန်တဲ့၊ ထိ ရောက်တဲ့ မူဘောင်ကို ဆွေးနွေးဖို့ရှိပါတယ်။

(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးရဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ပါ သဘောတူညီချက်များကို အခြေခံပြီး လာမယ့်မူဘောင်ကို ရေးဆွဲ သွားမှာ ဖြစ်ပါတယ်။

၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုများကို အခြေခံပြီး နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတို့ကို ဟန်ချက်ညီ ဆောင်ရွက်သွားနိုင် ဖို့ မူဘောင်ကို သေချာ ပြင်ဆင်ချမှတ်ထားဖို့ လိုအပ်ပါတယ်။

မူဘောင်အတွက် လိုအပ်တဲ့ အထောက်အကူပြုအကြောင်းအရာ အချက်အလက်တွေကို ဒီအလုပ်ရုံဆွေးနွေးပွဲမှ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ လေးနက်စွာ ယုံကြည်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ EAO UPDJC နဲ့ HD Center တို့မှ တာဝန်ရှိသူ များကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။

 

 

 

Share:
Comments
0 Comments 1068 Views
Leave a Comment