The statement of NCA-S EAO Summit (3rd Session)

  • Topics:

    The statement of NCA-S EAO Summit (3rd Session)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Summit

  • Start Date:

    September 11, 2018 09:00 AM

  • End Date:

    September 11, 2018 04:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်းများ၏ တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ထုတ်ပြန်ကြေညာချက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်
***********************************************************
၁။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ် စုစုပေါင်း ၄၉ ဦးတက်ရောက်ခဲ့ကြသည်။


၂။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော် နှင့် တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ သက်ဆိုင်ရာခေါင်းဆောင်များအကြား အမြန်တွေ့ဆုံညှိနှိုင်း၍ နိုင်ငံရေး သဘော တူညီ ချက်တစ်ခု အမြန်ချမှတ်ရန်လိုအပ်နေပါသည်။


၃။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (KNU-ကရင်အမျိုးသား အစည်း အရုံး)၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ် (RCSS- ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)၊ နှင့် အဖွဲ့ဝင်များအဖြစ် ရဲဘော်သံခဲ (ABSDF-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)၊ ပူးဇင်ကျုံး (CNF-ချင်းအမျိုးသားတပ်ဦး-)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO-ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ဗိုလ်ချုပ်ကြီး စောမိုရှေး (D.K.B.A-ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)၊ ဒေါက်တာနော်ကပေါထူး (KNU/KNLA PC -ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေး ကောင်စီ)၊ ခိုင်စိုးနိုင်အောင် (ALP-ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) တို့အား ရွေးချယ်တင်မြောက်ခဲ့ကြပြီး၊ NMSP-မွန်ပြည်သစ်ပါတီ နှင့် LDU-လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့မှ ငြိမ်းချမ်းရေးအကောင်ထည်ဖော်ဖက်များ (PPST + 2) အဖြစ် တွင် ပါဝင်သွား ကြမည်ဖြစ်သည်။


၄။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ အနာဂတ်မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသော ဘုံရည်မှန်းချက်နှင့် ဘုံသဘောတူညီချက်များကို NCA လက်မှတ် ရေးထိုးထားကြသော တိုင်းရင်းသား လက်နက် ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ အကြားတွင်သော်လည်းကောင်း၊ NCA လက်မှတ်ရေး ထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းများ အကြား တွင်သော်လည်းကောင်း ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး ပါဝင်နိုင်သော ထိပ်သီးခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ရေးအတွက် PPST မှပြင်ဆင်ဆောင်ရွက်သွားမည်။


၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာနိုင်စေရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA-S EAO ခေါင်းဆောင်များအကြား ဆွေးနွေးတင်ပြခဲ့သည့် -


(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေးကိစ္စ။
(၂) နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများချမှတ်နိုင်ရေးကိစ္စနှင့် ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စ။
(၃) ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာချမှတ်နိုင်မည့်နိုင်ငံရေးဆွေးနွေးမှု ပုံစံများ ရှာဖွေရေးကိစ္စ။
(၄) အလုပ်အဖွဲ့များ၊ ကော်မတီများနှင့် ဆုံးဖြတ်ရန်မပြီးပြတ်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆုံးဖြတ်ပေးနိုင်ရေးကိစ္စ။
(၅) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိစ္စ။
စသည့် အချက် (၅) ချက်နှင့်အတူ အစုအဖွဲ့များအကြား ရှိနေသော နက်ရှိုင်းသည့်ကွာဟချက်များနှင့် ပတ်သတ်၍ PPST+2 မှ အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။