The Exclusive Interview with Comrade Myo Win (Part-1)

  • Topics:

    The Exclusive Interview with Comrade Myo Win (Part-1)

  • Location:

    No. 6, Shwe Li Street, Kamayut Township, Yangon, Yangon

  • Category:

    Others

  • Start Date:

    March 25, 2019 12:00 AM

  • End Date:

    March 25, 2019 02:00 PM

  • Share:

Description

ငြိမ်းချမ်းရေးုလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး (၃/ ၂၀၁၉) ထုတ်ပြန်ကြေညာချက်များ၊ NCA-S EAO အနေဖြင့် ရှေ့ဆက်ဆောင် ရွက်မည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် လက်ရှိ လွှတ်တော်တွင်း လုပ်ဆောင်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် NCA-S EAO ဘက်မှ အမြင်များ အစရှိသည်တို့နှင့် ပတ်သက်ပြီး NCA-S EAO ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်း (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို သီးသန့်အင်တာဗျူးကဏ္ဍအနေဖြင့် ဖော်ပြအပ်ပါသည်။


မေး။ PPST (03/ 2019) အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြောသွားတာ NCA အကောင်အထည်ဖော်တဲ့ လမ်းကြောင်းဟာ  သွေ ဖည်နေပြီပေါ့။  ဆက်ပြောတာမှာ အဲဒါကို ဘယ်လိုတည့်မတ်အောင်လုပ်ပေးရမယ်ဆိုတာ ပါရှိပါတယ်။ ဆိုတော့ ဒါကို NCA-S EAO အနေနဲ့ ပြည်သူလူထုကို ဘယ်လိုပြန်လည် ရှင်းပြချင်လဲ။


ဖြေ။ ပထမအချက်ကတော့ NCAရဲ့သဘောတူညီချက်ပေါ်မှာ နှစ်ဘက်နားလည်မှုယူနေပါတယ်။ ဒါလည်းပဲ နည်းလမ်းဖြေရှင်းဖို့လိုတယ်ဆိုတာ NCAရေးဆွဲနေစဉ်ကတည်းကသဘောတူပြီးသားပဲ။  NCAရဲ့အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို  ToRရေးဆွဲမယ်ဆိုတာ။ နှစ်ဘက်နားလည်မှုယူ သွားနိုင်ဖို့လည်း ဆောင်ရွက်ရမှာဖြစ်တယ်။ တဘက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်းဖေါ်ဖို့ လုပ်ဆောင်ရမှာဖြစ်တယ်။ မျှော်မှန်းချက်ပေါ့။ မျှော်မှန်းချက်မတူတဲ့ အပိုင်းတွေတော့ရှိတာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်း ချမ်း ရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်မှုဟာ တိုင်းပြည်အနာဂတ် (State Building နဲ့ Nation Building) အထိကို  မျှော်မှန်းပြီးတော့ မှ ဆောင်ရွက်တဲ့သဘောရှိတာပေါ့နော်။ ဒါပေမဲ့ တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ငြိမ်းချမ်းရေးအတွက်ပဲဘောင် အတွင်း မှာပဲState Building၊ Nation Building အတွက်ဆိုတာထက် ငြိမ်းချမ်းရေး  ပဲဆိုတဲ့ ဘောင်အတွင်းမှာပဲ အကောင်အထည်ဖော်ချင်တဲ့ အခြေ အနေပေါ့။ ဆိုလိုတာကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အနည်းအကျဉ်းလောက် ၂၀၀၈ဖွဲ့စည်းပုံအအခြေခံဥပဒေဆိုရင်လည်း အနည်း အကျဉ်းလောက်ပေါ့ ပြုပြင်ပြောင်းလဲပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းတွေကို လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း အစီအစဉ်  အောက်မှာ ပြန်လည်  ပေါင်းစည်းနိုင်ရေး ဦးတည်ဆောင်ရွက်သွားမယ် ဆိုတဲ့ အခြေအနေမျိုးမှာမြင်နေရတယ်။ အဲဒီအပေါ်မှာ Mission ပိုင်းကွာဟချက်တော့ရှိတာပေါ့။ ကွာဟချက်ပေါ်မူတည်ပြီးတော့ ပုံစံတချို့တွေက ကွာဟတာပေါ့။      ထိုနည်းတူစွာပဲ တစ်ဆို့မှုဖြစ် နေတာ UPC ဒုတိယပင်လုံအစည်းအဝေးကတည်းက ပြောလို့ရတာပေါ့။ အဓိကကတော့ နိုင်ငံရေး ကဏ္ဍ နဲ့လုံခြုံရေးကဏ္ဍ။ နိုင်ငံရေးကဏ္ဍ မှာဆိုရင်လည်းခွဲမထွက်ရဆိုတဲ့ ကိစ္စပေါ့။ လုံခြုံရေးကဏ္ဍမှာဆိုရင်လည်း တခုတည်းသောတပ်မတော် ကိစ္စပေါ့။  ဆိုလိုတာကတော့ NCAမှာ သဘောတူထားတာကတော့ တိုင်းရင်းသား လူမျိုးအားလုံးပါဝင်တဲ့ ပြည်သူ့တပ်မတော်ကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးမယ်။ ပြီးတော့ လုံခြုံရေးဆိုင် ရာပြန်လည်ပေါင်းစီးခြင်း အဲဒါ(၂)ခုပေါ်မှာ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အသေးစိတ်နည်နည်းဆွေးနွေး သဘောတူ ဘယ်လို အစီအစဉ်နဲ့ဆွေးနွေးသွားမယ်ဆိုတာ။ ဒီဘက်မှာ “ခွဲမထွက်ရ” ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NCA သဘောတူစာချုပ်မှာကတည်းက တို့တာဝန်အ ရေးသုံးပါ။ ဒို့တာဝန်အရေးသုံးပါဆိုတာလည်းပြောမယ်ဆို ရင်အဓိကအားဖြင့်တော့ အတူတကွ စုစည်းနေထိုင်ပြီးတော့ ကတိကဝတ် (commitment) ပေးတာပဲ။ ဒီတိုင်းပြည်ကြီးကို စည်း လုံးညီညွှတ်မှုရှိရမယ်။ ပြည်ထောင်စုမပြုကွဲစေရဘူးဆိုတာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေက သဘောထားကိုပေးထားပြီးသား။ ထိုနည်းတူစွာပဲ ခေါင်းဆောင်တွေအမြဲတမ်းပြောပါတယ်။ ဒီတိုင်းပြည်ကနေခွဲ ထွက်ဖို့ဆိုတာ တခါမှဆွေးနွေးခဲ့တာလည်းမရှိဘူး။ ကြိုးပမ်းခဲ့တာလည်းမရှိဘူး။ ခုလက်ရှိမှာလည်းမူဘောင်ချ မှတ်ထားတာလည်းမရှိဘူး။ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ဒီကိစ္စနဲ့ အဲဒီလိုမျိုးတစ်ဆို့မှုတွေဖြစ်နေတာနဲ့ပဲ ငြိမ်း  ချမ်းရေးအကောင်အထည်ဖေါ်မှုတွေ NCA ပြဌာန်းချက်နဲ့ နည်းနည်း လွဲချော်မှုတွေရှိလာတာပေါ့။ အဲဒီပေါ်မှာ မူ တည်ပြီးတော့မှ ပြန်လည်တည့်မတ်နိုင်ဖို့အတွက်ကြိုးပမ်းသွားမှာပေါ့နော်။ သေချာတာကတော့ NCA လမ်းကြောင်းတော့ ဆက်လက်သွားမှာပဲ။ ဒါကတော့ ရှင်းလင်းတဲ့ တိကျတဲ့ သတင်းစကားကိုပေးချင်တယ်။ ဒီလို မျိုး အခက်အခဲတွေစိန်ခေါ်မှုတွေ၊ တိမ်းစောင်းမှုတွေ၊ လွဲချော်မှုတွေရှိနေတယ် ဆိုပေမဲ့လည်းပဲ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ ကိုဖြေရှင်း နိုင် ဖို့အတွက် ဒီထက်ကောင်းတဲ့ နည်းလမ်းတွေမရှိသေးဘူး။ ဒီထက်ကောင်းတဲ့ နည်းလမ်းတွေရှိလာရင်လည်း ကျွန်တော်တို့ NCAကိုလက်မှတ် ရေးထိုးထားတဲ့ တိုင်း၇င်းသား လက်နက်ကိုင်တွေက လက်ခံပါဝင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယနေ့ကာလမှာတော့ ဒီတိုင်းပြည် ရဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်တဲ့ space (နေရာ) ကိုဖန်တီးနိုင်တာ ဒီ NCA အကောင်အထည်ဖေါ်မှုဖြစ်နေတဲ့ အတွက် ဘယ်လိုပဲ အခက် အခဲတွေရှိရှိ ဘယ်လိုပဲ တိမ်းစောင်းလွဲချော်မှုတွေရှိနေ ရှိနေ ဒါကို ဆက်လက်ပြီးတော့ ကြိုးပမ်း သွားမှာဖြစ်ပါတယ်လို့။


မေး။ NCA လမ်းကြောင်းကို ပြန်လည် တည့်မတ်မယ်လို့ပြောသွားတာမှာ NCA-S EAO အဖွဲ့အစည်းတွေကြားမှာလည်း ပိုပြီးတော့မှ ဘုံသ ဘောထားတူညီမှုယူရမယ့် အခြေအနေလေးတွေရှိတယ် ဆိုတော့ အခု ၂၀၁၉ အတွင်း ဘာတွေ ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါသလဲ။


ဖြေ။  ပထမတချက်ကတော့ NCA-S EAO အတွင်းမှာပေါ့နော်။ ပြန်လည်တည့်မတ်ရေး ဆိုရင်လည်းပဲ ဘုံသဘောထား  တွေကို အရင်ဆုံး ချမှတ်ဖို့ပေါ့။ ဘုံသဘောထားဆိုတာလည်း ခုမှ ဆွေးနွေးတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ ဒုတိယပင်လုံ အစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာလည်း တစ်နှစ်လောက်အချိန်ယူပြီးတော့မှ NCA အကောင်အ ထည်ဖေါ်ဆောင်မှုပြန်လည်သုံးသပ်ထား တာ ရှိမယ်။ ပြီးတော့ဆွေးနွေးဘက်ဖြစ်တဲ့ အစိုးရ တပ်မတော်နဲ့ NCA အကောင်အထည်ဖေါ်မှု သုံးသပ်ထားတာလေးရှိတယ်။ သုံးသပ်ထားတဲ့ နှစ်ဘက်သဘောတူထားတဲ့ ရလဒ်ကို ဆက်လက်အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်တဲ့ ကွဲလွဲ နေတဲ့  တချို့အချက်တွေကို ပြန်လည်တည့်မတ်နိုင်မယ့်အနေအထားပေါ့။ ဆိုလိုတာကတော့ လွဲချော်မှုှဆိုတာ NCA အကောင်အ ထည် ဖေါ် တာကိုလွဲချော်တာလည်းပါတယ်။ NCA အနှစ်သာရကိုဖွင့်ဆိုတဲ့ အခါမှာ အမြင်မတူတာ လည်းပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်တဲ့ Vision (မျှော်မှန်းချက်) မှာလည်းကွာတယ်။ အခုကဏ္ဍတွေကို   အပိုဒ်လိုက် အပိုဒ်လိုက် ဆွေးနွေးပြီး NCA-S EAO အတွင်းမှာ ပြင်ဆင်ရမယ်။ ပြင်ဆင်ပြီးပြီဆိုရင် ဆွေးနွေးဘက်ပေါ့ အဓိကကတော့ တပ်မတော်၊ အစိုးရနဲ့ပေါ့ ဆက်လက်ဆွေးနွေးဖို့။ ဆွေးနွေးမယ်ဆိုတာ ပုံသဏ္ဍာန်မျိုးစုံတော့ရှိမှာ  ပေါ့လေ။ အခုအားလုံးသိတဲ့ အတိုင်းပဲ ဒီနေ့ဆိုရင်လည်း Peace Commission (ငြိမ်းချမ်းရေးကော်မရှင်) နဲ့ KNU နဲ့ တွေ့ဖို့ရှိတယ်။ RCSSနဲ့တွေ့ဖို့ရှိတယ်။  ပြီးရင် NCAရေးထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ Peace Commission နဲ့တွေ့ဖို့ရှိတယ်။ ဆိုလိုတာ ကတော့ အခုလိုမျိုးငြိမ်းချမ်း  ရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့အတွက် Informal meeting တွေတောင်ရှိနေ မှာပဲ။ မကြာမှီမှာလည်း NRPCနဲ့ RCSSနဲ့ တပ်မတော်နဲ့တွေ့ဆုံပွဲရှိမယ်။ ကရင်နဲ့တွေ့ဆုံပွဲတွေရှိမယ်။ ဒါတွေကတော့ တပြိင်တည်းသွားနေရမည့်ကိစ္စပဲ။ ခုနပြောတဲ့ လွဲချော်နေတဲ့ကိစ္စတွေပြန်လည်တည့်မတ်ဖို့ကို ပြင်ဆက်နေတဲ့ ကာလ တပြိုင်နက်တွေ့မှာပဲ။ ဒီလမ်းကြောင်းပေါ်မှာရောက်နိုင်ဖို့အတွက်ကို Informal meeting ပုံစံမျိုးတွေနဲ့ရှိနေမှာပဲ။ ဆိုလိုတာကတော့ ဘယ်လိုဆောင်ရွက်မ လဲဆိုတာ တော့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဘက်ကပြင်ဆင်ပြီး  ပြီးတယ်ဆိုရင် အစိုးရ လွှတ်တော် တပ်မတော်  EAO ဒါကိုပြန်လည်ဆွေးနွေး မယ်။ Informal ဆွေးနွေးပွဲတွေ ကျွန်တော်တို့ပြင်ဆင်ရမယ်။ ပြင်ဆင်ပြီးပြီဆိုရင် formal လမ်းကြောင်းနဲ့သွား နိုင်ဖို့ပြင်ဆင်ရမှာပေါ့။ အချိန်နဲ့ ပတ်သက်လို့ပြောမယ်ဆို၇င်တော့ အဲဒီလိုမျိုး ၂၀၁၉ လားဆိုဆိုတော့ အချိန်သတ်မှတ်ချက်တော့မရှိသေးပါဘူး။ မြန်နိုင်သမျှမြန်အောင် ကြိုး စားနေပါတယ်။ ကြိုးစားမှုရရလဒ်အပေါ် မူတည်ပြီးတော့ ၂၀၂၀ထိမျှော်မှန်းပြီးတော့ဘာတွေအကောင်အထည်ဖေါ်ဆောင်ရွက်သွားမလဲ။ ၂၀၂၀အလွန်  ငြိမ်းချမ်းရေးရည်မှန်းချက်ပေါ့။ အဲဒါကလဲ နဲနဲလး စိုးရိမ်မှုတွေတော့ဖြစ်ခဲ့ရတာပေါ့လေ။ NCAအကောင်အ ထည်ဖေါ်မှု နဲ့ပတ် သက်ပြီး ၂၀၂၀ ရည်မှန်းချက်ကိစ္စနဲ့ ပတ်သက်ပြီးတော့။ ဆိုလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာ ၂၀၂၀မှာ အဓိကအရေးကြီးတဲ့ federal principle (ဖက်ဒရယ်မူများ) ရရှိအောင် ကြိုးပမ်းချင်တယ်ဆိုတဲ့ သဘောထားရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောခဲ့တဲ့ ၂၀၂၀မှာ ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းချင်တယ်ဆိုတဲ့ ရည်မှန်း ချက် ကြိုးပမ်းချင်တယ်ဆိုတဲ့ဟာက အငြင်းပွားစရာမရှိပါဘူး။ ဒါပေမဲ့ ပြီးကို ပြီးရမယ်ဆိုပြီးတော့ ရည်မှန်းချက် ထားလို့မရဘူးပေါ့။ ၂၀၂၀အလွန်ကာလမှာလည်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်ဖို့အတွက် ငြိမ်းချမ်း  ရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်ဖို့အတွက် သဘောထားတွေစုစည်းပြီးတော့မှ တဆင့်ပြီးတဆင့်ပေါ့နော် ထုတ်ပြန်ကြေငြာ ချက်ထဲမှာလည်းထုတ်ပြန်ထားပါတယ်။ ဆိုလိုတာကတော့ အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ လမ်းပြမြေပုံ။ အခုဒီတိုင်းပြည်မှာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်နေ တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပြိုင်တည်းအကောင်အထည်ဖေါ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာပညာရှင်တစ်ဦးကထောက်ပြတာရှိတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးနှင့်  ငြိမ်းချမ်း  ရေးလုပ်ငန်းစဉ်ကို  တပြိုင်တည်းအကောင်အထည်ဖေါ်နေရင် မအောင်မြင်နိုင်ဘူးလို့ထောက်ပြတာရှိတယ်။ ဒါကလည်း နိုင်ငံတကာသူ့အတွေ့အကြုံအရပြောတာပေါ့လေ။ ဒါပေမဲ့ အဲဒါကလည်း ကျွန်တေ်ာတို့ တိုင်းပြည်အခြေအနေအရ မှန်ချင်မှလည်းမှန်မယ်။ ဒါပေမဲ့ အဲဒီလိုမျိုး စိန်ခေါ် မှုတွေရှိတယ်ဆိုတာကတော့ ကျွန်တော်တို့ထည့်တွက်ရမှာပေါ့။ ဆိုတော့ ကျွန်တော်တို့တိုင်းပြည် အသွင်ကူးပြောင်း ရမယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့တိုင်းပြည် ဖက်ဒရယ်ပြည်ထေင်စုကိုဘယ်လိုအဆင့်လိုက်တည်ထောင်သွားမလဲပေါ့။ ဒီမိုကရေစီ အဆင့် လိုက်ဘယ်လိုအသွင်ကူးပြောင်းသွားမလဲပေါ့။ အရေးကြီးဆုံးတချက်က လုံခြုံရေးကဏ္ဍပေါ့။ လုံခြုံရေး ကဏ္ဍကိုလည်း ဘယ်လို နိုင်ငံရေးသ ဘောတူညီချက်တွေနဲ့ အညီ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုအသွင်ကူးပြောင်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်နဲ့ အညီ လုံခြုံရေးကဏ္ဍကိုလည်းဘယ်လို ပူးပေါင်ဆောင်ရွက်သွားကြမလဲ ဒီလုပ်ငန်းစဉ်သုံးရပ်ကို အဆင့်လိုက်ပိုင်းခြားပြီးဘယ် လိုအ ကောင် အထည်ဖေါ်မယ်ဆိုတာ လမ်းပြမြေပုံ တခု အစိုးရနဲ့ တပ်မတော်နဲ့ EAOတွေနဲ့ကြားမှာ ညှိနှိုင်းသဘောတူနိုင်တယ်ဆိုရင် ဒါကတော့ တိုင်းပြည်ရဲ့ ငြိမ်း ချမ်းရေးတည်ဆောက်မှုကို ဒီအခြေအနေပေါ်ကနေသွားမယ်ဆိုရင်ပြေလည်နိုင်တဲ့ လမ်းစတခု ပေါ့။ အဲဒါကိုထုတ်ပြန် ကြေငြာချက်ထဲမှာ ကျွန်တော်ပြောထားတာရှိပါတယ်။

မေ။ 10+10 အစည်းအဝေး (အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေး) အပြီး ပေါ်ထွက်လာတဲ့ အဓိက Issue တွေထဲက တစ်ခုဖြစ်တဲ့ တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီး NCA-S EAOဘက်က ဘယ်လိုမျိုး ဆက်လက်ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါသလဲ။


ဖြေ။ ဒါ 10+10အစည်းအဝေးရဲ့ သဘောထားစုစည်းချက်ကိုး။ သဘောထားကဘာလဲဆိုရင် လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ လွှတ်တော်၊တပ်မတော်အစုအဖွဲ့နဲ့ NCA-S EAOကြားမှာလုံခြုံရေးဆိုင်ရာ အလွတ်သဘော   ဆွေးနွေးပွဲကို ဒီတတိယပင်လုံမတိုင်ခင်မှာ (၄) ကြိမ်ပြုလုပ်ခဲ့တယ်။ (၄) ကြိမ်ပြုလုပ်ပြီးတဲ့နောက်မှာ နှစ်ဘက်နား လည်မှုရခဲ့တာကတော့ ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော် ဖွဲ့စည်းရေးကိစ္စကို ကျွန်တော်တို့ဆွေး  နွေးမယ်။ တပြိုင်တည်းမှာလုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကိစ္စ SSR/ DDR ကိစ္စကလည်းပဲ ကျွန် တော်တို့ဆွေးနွေး ရမည့်ကိစ္စဖြစ်တယ်။ ဒီတခုတည်းသောတပ်မတော်ကိစ္စကလည်းပဲ နိုင်ငံတကာကျင့်သုံးနေတဲ့ နည်းလမ်းမို့လို့ မူအားဖြင့် လက်ခံတယ်။ တပြိုင်နက်ထဲမှာပဲ တခုတည်းသောတပ်မတော်ကို မူအားဖြင့်လက်ခံပေးတဲ့ ကျွန်တော် တို့စဉ်းစားထားတဲ့ အခြေခံအောက်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ တစ်ခုတည်းသောတပ်မတော်ကိစ္စ တပေါင်းတည်းဆွေးနွေးသွားမယ်ဆိုတာ ကို informal အနေနဲ့ တတိယပင်လုံမတိုင်ခင်အလွတ်သဘောဆွေးနွေးပွဲ မှာက တည်းကကျွန်တော်တို့ ညှိနှိုင်းထားတဲ့ သဘောထားစုစည်းချက်။ တပ်မတော်နဲ့ အစည်းအဝေးရောက်တဲ့ အခါ ကျတော့ တခုတည်းသောတပ်မတော်ကိစ္စနဲ့ တပ်မတော်ကအဆိုပြုလာတဲ့အပေါ်မှာ ကျွန်တော်တို့ ပဲအကြံပြုခဲ့ တာရှိတယ်။ သီးခြားကြီးနားလည်မှုမယူနဲ့တော့ လုံခြုံရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကရတဲ့ စုစည်းချက် ကိုမှထိပ်သီးခေါင်းဆောင် တွေရဲ့သဘောထားစုစည်းချက်တွေနဲ့ချမှတ်လိုက်ပါဆိုတော့ အဲဒါဖြစ်သွားတယ်။ ဆို လိုတာကတော့ နိုင်ငံတကာကကျင့်သုံးနေတဲ့ နိုင်ငံတိုင်းမှာ ကျင့်သုံးနေတဲ့ ပုံသဏ္ဍာန်ဖြစ်တဲ့အတွက် ဒါကိုမူအား ဖြင့်တော့ မငြင်းပါဘူး။ ဒါပေမဲ့ ဒီတိုင်းပြည်မှာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူး ပေါင်းပါဝင်တဲ့ တပ် မတော်ကြီး ဘယ်လိုဖွဲ့စည်းမလဲဆိုတာ ဆွေးနွေးမှရမယ်ဆိုတာ အဲဒါပဲဖြစ်တယ်။ အဲဒီအပေါ်မှာမူတည်ပြီးစိုးရိမ်မှု  တွေနဲ့ နှစ်ဘက်အမြင်ကွဲပြားမှု၊ ဆိုလိုတာကတော့ အစွန်းနှစ်ဘက်ကို မရောက်စေချင်ဘူး။ အပြည့်အဝလက်ခံ လိုက်ပြီဆိုတာမျိုးလည်းမဟုတ်ပါဘူး။ ဒါတွေလည်း ဆွေးနွေးဘက်တွေသိပါတယ်။ တပ်မတော်လည်းသိပါတယ် ဒါကတော့မူအားဖြင့်ပဲ သိလို့ရတယ်။ ပြောသေးတယ် ဘယ်လို တပ်မတော်မျိုးလဲဆိုတာကို ဆက်လက်ဆွေးနွေး သွားမယ်။ ဘယ်လိုတပ်မတော်မျိုးလဲ ဘယ်လို structure (ဖွဲ့စည်းမှု) မျိုးလဲ ဘယ်လိုစုဖွဲ့မှု မျိုးလဲ အာလုံးပါဝင်အောင် အများ ကြီးဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီကိစ္စကလည်းနားလည်မှုလွဲတဲ့ ကိစ္စပဲဖြစ်ပါတယ်လို့။

အင်တာဗျူးအပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။