The 4th Negotiation Meeting Between Government and NCA-S EAO ends this afternoon

  • Topics:

    The 4th Negotiation Meeting Between Government and NCA-S EAO ends this afternoon

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    June 23, 2020 09:00 AM

  • End Date:

    June 25, 2020 03:00 PM

  • Share:

Description

The 4th Negotiation Meeting Between Government and NCA-S EAO, ended on 25 June 2020 which started on 23 June via video conferencing. Col. Sai Ngern, the leader of Framework Agreement on NCA Implementation Working Group, delivered the Closing Remarks, expressed below.


စတုတ္ထအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် NCA-S EAO အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြားသည့် နိဂုံးချုပ် အမှာစကား

           ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၅)ရက်

ဒီအစည်းအဝေးမှာ အားလုံးအကျိုးအတွက် ဦးတည်ပြီး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းပေးကြတဲ့ နှစ်ဖက်ခေါင်း ဆောင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

(၈)ကြိမ်မြောက် JICM စည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအ ရာတွေဖြစ်တဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်ရှေ့လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ် အခြေခံမူသဘောတူညီချက်များကို ဒီအစည်းအဝေးမှာ မိမိတို့ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေအကြား အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ သဘောတူညီချက်တွေရရှိခဲ့သလို ဆက် လက်ညှိနှိုင်းရမယ့် အချက်တွေလည်း လာမယ့်ဆွေးနွေးညှိနှိုင်းပွဲတွေမှာ ဆက်လက် သယ်ဆောင်ဆွေးနွေးသွားဖို့ ကျန်ရှိပါနေသေးတယ်။

JICMနဲ့ UPDJC အစည်းအဝေးကျင်းပမယ့် အချိန်ကာလကို သတ်မှတ်နိုင်ခဲ့သလို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတိုင်မီ ကျင်းပမယ့် အစည်းအဝေးများနဲ့ အစည်းအဝေးအ ချိန်ဇယားများကို သတ်မှတ်နိုင်ခဲ့ပါတယ်။

COVID-19 ကပ်ရောဂါကာလ အခြေအနေအောက်မှာ ကျင်းပရဖို့ရှိတဲ့ လာမယ့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းအပြောင်းအလဲကိုလည်း သဘောတူနိုင်ခဲ့ပါတယ်။

ပဉ္စမအကြိမ် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲကို လာမယ့် ဇူလိုင် (၂၊ ၃၊ ၄) နေ့ရက်တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ပြီးပြည့်စုံတဲ့ သဘောတူညီချက်တွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါ ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။