The 3rd Workshop for Women Leadership in Peace Process

  • Topics:

    The 3rd Workshop for Women Leadership in Peace Process

  • Location:

    Inya Lake Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    February 27, 2019 09:00 AM

  • End Date:

    March 3, 2019 04:30 PM

  • Share:

Description


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ၏ အမျိုးသမီးခေါင်းဆောင်များ ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင်အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ( တတိယအကြိမ်)ကို ယနေ့ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ကျင်း ပလျက်ရှိသည်။
အစီအစဉ်အရ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မှ ရဲဘော်မိဆူးပွင့်က နှုတ်ခွန်းဆက် စကား ပြောကြား ပေးခဲ့ပြီး ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) မှ ဆရာမ ဒေါ်စောမြရာဇာလင်းက အဖွင့်မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။ ဧည့်သည် တော် များ အဖြစ် ABSDF မှ ရဲဘော်မျိုးဝင်း နှင့် ရဲဘော်ရဲထွတ်(ခေါ်) ရဲဘော်လှဌေးမှ ပါဝင်ဆွေးနွေးပေးမည်ဖြစ်သည်။ အစီအစဉ်အနေဖြင့် ပြည်ထောင် စု သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) နှင့် (၂) ကိုလေ့လာခြင်း၊ လုံခြုံရေးဆိုင်ရာ NCA-S EAO လုပ်ငန်း ကော်မတီ မှ ပြင် ဆင် ထားသောမူဝါဒများ၊ စေ့စပ်ညှိနှိုင်းခြင်းစွမ်းရည် (Negotiation Skill)၊ မူဝါဒရေးဆွဲရေးကျွမ်းကျင်မှုဆိုင်ရာ နည်းပညာ (Policy Development Training)၊ မီဒီယာကို အကျိုးရှိစွာအသုံးပြုခြင်းစွမ်းရည် (Media Advocacy Training) များကို ဆွေးနွေးကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေး ပွဲကို ၂၀၁၉ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှ မတ်လ ၃ရက်နေ့အထိ (၅)ရက်တာကျင်းပမည်ဖြစ်သည်။ “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး များ၏ ခေါင်းဆောင်မှု အစီအစဉ်” ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ နိုဝင်ဘာလတွင်း ကျင်းပပြီးစီးခဲ့သည်။