Preparatory meeting between the Government and NCA-S EAO for 8th JICM held at NRPC, Nay Pyi Taw

  • Topics:

    Preparatory meeting between the Government and NCA-S EAO for 8th JICM held at NRPC, Nay Pyi Taw

  • Location:

    NRPC, Nay Pyi Taw, Nay Pyi Taw

  • Category:

    Others

  • Start Date:

    October 25, 2019 09:00 AM

  • End Date:

    October 25, 2019 04:00 PM

  • Share:

Description

အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာဟာ ကိုယ်တစ်ဦးတည်း၊ ကိုယ့်တစ်ဖွဲ့တည်း၊ ကိုယ့်အ စုအဖွဲ့တစ်ခုတည်း ရဲ့ အကျိုးကို လိုချင် တာ ပဓာနမဟုတ်ဘဲ ပြည်ထောင်စုသားအားလုံးအတွက် ဆောင်ရွက်နေတာဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုအပ်ဟု NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြား
*********************
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင် ရေးအတွက် အစိုးရနှင့် NCA-S EAO အကြို ညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာလ (၂၅)  ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပလျက်ရှိသည်။

 အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊   RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံကြားကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အား သွန်ခွန်စိုက် ဆောင်ရွက်နေတာဟာ ကိုယ်တစ်ဦးတည်း၊ ကိုယ့်တစ်ဖွဲ့တည်း၊ ကိုယ့်အ စုအဖွဲ့တစ်ခုတည်း ရဲ့ အကျိုးကို လိုချင် တာ ပဓာနမဟုတ်ဘဲ ပြည်ထောင်စုသားအားလုံးအတွက် ဆောင်ရွက်နေတာဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြားသည့် အဖွင့် အမှာစကား အပြည့်အစုံကို အောက်တွင်ဖော်ပြထားပါသည်။

(၈) ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA-S EAO အကြို ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊   RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်အမှာစကား

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်

ဒီနေ့ကျင်းပတဲ့ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအ ဝေး(JICM)ဟာ NCAစာချုပ်ရဲ့ အမြင့်ဆုံး ယန္တရားကြီးဖြစ်သလို NCA စာချုပ်အကောင်အထည် ဖော်ဆောင်မှု အ တွက် အဓိကအရေးပါတဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်လို့ JICM ရဲ့ လမ်းညွှန်မှု၊ ဦးဆောင်မှု၊ တစ် ဆို့ခြင်းများ ဖြေရှင်းပေးမှု တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။

သို့သော်အကြောင်းအမျိုးမျိုးကြောင့် JICMအစည်းအဝေးကို တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့တာဟာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ ထိခိုက် နစ် နာမှုတွေကို ဖြစ်စေခဲ့ပါတယ်။ အခက်အခဲ အမျိုးမျိုးကြားက  ညှိ နှိုင်းမှုအဆင့်ဆင့်တွေကို ကျော်ဖြတ်ပြီး ဒီနေ့အကြိုညှိနှိုင်းအစည်းအဝေး ဖြစ်မြောက်ဖို့  စိတ် ရှည်စွာ ကြိုးပမ်း ဆောင်ရွက်ပေးတဲ့ နှစ်ဖက်ခေါင်းဆောင်များ ကို ကျေးဇူးဥပကာရ အထူးတင်ရှိပါတယ်။

JICMအစည်းအဝေးအတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို ဒီနေ့အကြိုညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး ညှိနှိုင်းဖို့ရှိသလို အခြားအရေးကြီးတဲ့ ခေါင်း စဉ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးသွားဖို့ ရှိ ပါ တယ်။

၂၀၁၉ခုနှစ်၊ ဇွန်လ(၁၃-၁၄)ရက်မှာ ကျင်းပခဲ့တဲ့ UPDJC အတွင်းရေးမှူးများ အလွတ်သဘော အစည်းအဝေးကနေ ပြန်လည်အစပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံမှုမှတဆင့် UPDJC အတွင်းရေးမှူးများ ဥရောပလေ့လာရေး ခရီးစဉ်အဆုံး နှစ်ဖက်စလုံးက အလျှော့အတင်း ပြု လုပ်နိုင်မှုတွေကြောင့် ဒီ နေ့လိုအကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပနိုင်တာ ဖြစ်ပါတယ်။

အစိုးရပိုင်းမှာ ညှိနှိုင်းမှုတွေ လုပ်ရသလို ကျနော်တို့ NCA-S EAO (၁၀)ဖွဲ့ကြားမှာလည်း အကျေအလည် ညှိနှိုင်းမှု တွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရပါတယ်။ အ ချင်းချင်းကြား ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် ကြိုးပမ်းခဲ့ရပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတဖြစ်အောင်၊ ဟန်ချက်ညီအောင် လုပ်ရတာ တွေရှိပါတယ်။ တစ်ဖွဲ့ ချင်းအကျိုး၊ အစုအဖွဲ့လိုက်အကျိုးနဲ့ အားလုံးအကျိုး အကြားမှာ သဟဇာတနဲ့ အချိတ်အဆက်မိအောင် ဆောင် ရွက်ရတာတွေလည်း ရှိပါ တယ်။ ပွတ်တိုက်မှုတွေ မရှိအောင် ထိန်းညှိပေးရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပရမယ် ဆိုတဲ့အတိုင်း ကျင်းပနိုင် ခဲ့ရင် လေးနှစ်တာကာလအတွင်းမှာ ညီလာခံ (၈)ကြိမ်လောက်ကို ကျင်းပပြီး စီးရမှာဖြစ်ပါတယ်။  ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်တွေဟာ ယခုရရှိထားတဲ့ (၅၁)ချက် တင်မကဘဲ အချက်ပေါင်း များစွာရရှိပြီး ခိုင်မာတဲ့ ဖက်ဒရယ် အခြေခံအုတ်မြစ်တွေကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း အစုအဖွဲ့တွေကြားမှာ ရှိနေတဲ့ မယုံကြည်မှုတွေ၊ စိုး ရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မူတွေ၊ အသာစီးရလိုမှုတွေကို မချေဖျက်နိုင်ခဲ့လို့ ၂၁ရာစု ပင်လုံကို သတ်မှတ် ထားတဲ့အချိန်ကာလအတိုင်း မကျင်းပနိုင် ခဲ့ခြင်းဟာ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့နဲ့ ၂၁ရာစုပင်လုံ ကျင်းပရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ဖို့ လို အပ်ပါတယ်။

တစ်ဖက်မှာလည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခင်းအကျင်းအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး ပြန်လည်စတင်ဖို့ စမှတ်က မရှိမဖြစ်လိုအပ် လို့ ဒီအကြိုညှိနှိုင်းအစည်းအဝေးမှာ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိ အောင် ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ JICM အစည်းအဝေးဆီ ဆက် လက်ချီတက်ပြီး တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ၊ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေး ဆွေးနွေးပွဲ တွေကို တဆင့်ပြီးတဆင့် ကျင်းပသွားဖို့ စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျနော်တို့ ဆွေးနွေးဖော်ဆွေးနွေးဖက်နှစ်ဦးဟာ NCAကို လက်မှတ်ရေးထိုးပြီးဖြစ်လို့ NCA မှာ ပြဋ္ဌာန်း ထားတဲ့အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်မယ် ဆိုရင် ငြိမ်းချမ်းရေးလမ်းဟာ ချောမွေ့ဖြောင့်ဖြူးနေမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ NCA ပါပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြု၊  လောဘ၊ ဒေါသ၊ အတ္တ၊ မာနတွေကို ရှေ့တန်းတင်၊ အင် အားကြီးမှုကိုအားပြုပြီး ထင်ရာစိုင်း မိမိစိတ်တိုင်းကျ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းခရီး ပန်းတိုင်ဟာ ဝေး သထက် ပိုဝေးနေဦးမှာ ဖြစ်ပါတယ်။

လာမယ့်အောက်တိုဘာလ (၂၈)ရက်မှာ NCA (၄)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စည်ကား သိုက်မြိုက် စွာ ကျင်းပမှာဖြစ်လို့  NCA ရဲ့ အရှိန်အဝါ၊ ခိုင် မာမှုတွေ၊ အပြန်အလှန် အသိအမှတ်ပြုမှုတွေ၊ အနစ်သာရတွေ၊ ကတိကဝတ်ပြုမှုတွေ၊ အတွေးသစ်အမြင်သစ်တွေ၊ ယုံကြည်မှုတွေ ကို ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

ကျနော်တို့တတွေ အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာဟာ ကိုယ်တစ်ဦးတည်း၊ ကိုယ့် တစ်ဖွဲ့တည်း၊ ကိုယ့်အစုအဖွဲ့တစ်ခုတည်း ရဲ့ အကျိုးကို လိုချင် တာ ပဓာနမဟုတ်ဘဲ ပြည်ထောင်စုသားအားလုံးအတွက် ဆောင်ရွက်နေတာဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုအပ်ပါ ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။