PPST meets KNPP to discuss the peace process

  • Topics:

    PPST meets KNPP to discuss the peace process

  • Location:

    Mae Hong Son, Thailand, Mae Hong Son

  • Category:

    Others

  • Start Date:

    June 14, 2018 09:00 AM

  • End Date:

    June 14, 2018 02:00 PM

  • Share:

Description

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ဖိတ်ကြားချက်အရ ဒီကနေ့ ဇွန်လ (၁၄) ရက်နေ့ တွင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကို င်အ ဖွဲ့အစည်း (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ရခိုင်ပြည်လွ တ် မြောက်ရေးပါတီဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊  ကရင်အမျိုးသားအစည်းအရုံး (ကေအဲန််ယူ) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ KNPP ဌာနချုပ်တည်ရှိရာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တွင် တွေ့ဆုံကြပါသည်။
တွေ့ဆုံမှုတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အကောင်အထည်ဖောင်ဆောင်မှုလုပ်ငန်းများ အပေါ် နှစ်ဦးနှစ်ဖက် အမြင်များဖလှယ်ကာ အပြန်အလှန်ဆွေးနွေးသုံးသပ်ကြပါသည်။
ဇွန်လ (၁၁) ရက်နေ့တွင် ပြုလုုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် PPST အစည်းအဝေးအပြီးတွင် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ငြိမ်းချမ်းရေးလုပ်ကြတဲ့အခါ တိုင်းရင်းသား အားလုံ း ပူး      ပေါင်းပါဝင်ဖို့အရေးကြီးတာ ကြောင့် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေပဲမဟုတ်ဘဲ တခြားညီအစ်ကို မောင်နှမ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းအားပေးကြဖို့လိုပါကြောင်း ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကြရာမှာ အနိုင် အရှုံး သတ်မှတ်ခြင်းမရှိဘဲ အစုအဖွဲ့အားလုံး၏ ဆန္ဒများပြည့်ပြ ည့်ဝ ဝရရှိဖို့ အရေးကြီးကြောင် း တို့ကိုလည်း တိုက်တွန်းအားပေးပြောကြားခဲ့ပါသည်။
အဆိုပါ (၂၁) ကြိမ်မြောက် PPST အစည်းအဝေးအပြီး ၎င်းအစည်းအဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူ PPST အဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူးဇင်ကျုံးကလည်း NCA ဆိုတာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ရည်ညွှန်းတာဖြစ်ပါကြောင်း၊ ၎င်း NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ဖို့ လို အပ်တယ်လို့ PPST အနေနဲ့ ခံယူကြောင်း၊ ယင်းအခြေခံပေါ်မှာ NCA ကို အားလုံးလက်မှတ်ထိုးနိုင် ရေး အတွက် PPST မှာ တာဝန်ရှိသကဲ့သို့ (NCA စာချုပ်) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဆုံရန် ကြိုးပမ်းနေတာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသည်။