Interview with Dr. Sui Khar, the Secretary (1) of JMC-U

  • Topics:

    Interview with Dr. Sui Khar, the Secretary (1) of JMC-U

  • Location:

    Best western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    December 20, 2018 09:00 AM

  • End Date:

    December 20, 2018 04:00 PM

  • Share:

Description

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လှုပ်ရှားဆောင်ရွက်မှုများ နဲ့ပတ်သက်ပြီး ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ မင်္ဂလာပါ ဒေါက်တာရွှေခါးခင်ဗျာ။ လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး JMC အနေနဲ့ ဘယ်လို စိန် ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို ပြောပြပေးပါခင်ဗျ။

ဖြေ။ ။အခုလောလောဆယ်မှာတော့ အားလုံးက သိတဲ့ အတိုင်းပဲ KNU ကရော RCSS ကရော JMCမှာဖြစ်ဖြစ် UPDJC မှာဖြစ်ဖြစ် တရားဝင်အစည်းအဝေးမှာ ပါဝင်မှုကိုလောလောဆယ်မှာ သူတို့ ဆိုင်းငံ့ထားပါတယ်။ ဆိုတော့ ကျွန်တော်တို့ JMC အနေနဲ့ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ အထူးသဖြင့် bilateral နှစ်ဦးနှစ်ဘက်တွေ့ဆုံပြီးမှ Issue တွေကို ဖြေရှင်းပြီးမှ သူတို့က ဒီတက်လာမယ်ဆိုပြီးတော့ ထုတ်ပြန်ချက်ထုတ်ပါတယ်နော်။ အဓိကအားဖြင့် JMC မှာ အဓိကတွေ့ရတဲ့ စိန်ခေါ်မှုလို့ပဲပြောရမလားမသိဘူး အဓိက အားဖြင့် ၅ ချက်ရှိ တယ်လို့ပြောလို့ရတယ် ပေါ့။ ပထမကတော့ ကျွန်တေ်ာတို့ အခုထက်ထိအပစ်ရပ်နယ်မြေကို မသတ်မှတ်ရသေးဘူး။ NCAဆွေးနွေးတုန်း က အပစ်ရပ်နယ်မြေတွေကို နောက်မှ သတ်မှတ်မယ်ဆိုပြီးလုပ်တော့ အခုထိ မသတ်မှတ်နိုင်သေးဘူးပေါ့နော်။ နောက် ဒုတိယတခုက ထိန်း ချုပ်နယ်မြေပေါ့။ ဟိုတဖက်နဲ့ ဒီတဖက် အသေအချာထိန်းချုပ်နယ်မြေသတ်မှတ်မှ လည်းရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်နဲ့ သွားလာတဲ့အချိန်မှာ မိမိရဲ့ထိန်းချုပ်နယ်မြေပြင်ပကို သွားချင်တယ်ဆိုရင် တဖက် အဖွဲ့အစည်းကို အကြောင်းကြားပြီး သွားလာရမှာဖြစ်တဲ့ အ တွက်ကြောင့် အခုထက် ထိလည်း ထိန်းချုပ်နယ်မြေကို မယ်မယ်ရရသတ်မှတ်ထားတာမရှိသေးဘူး။ နောက်တတိယတခုကတော့ ထိတွေ့ မှုတွေရှိနိုင်တဲ့ တပ်စခန်းတွေ၊ အဲဒါတွေကို ပြန်လည်နေရာချထားရေးလုပ်ပြီးတော့ စီစဉ်ရမယ်။ ဘယ်လိုပြောမ လဲ။ အဲဒါတွေလဲ ကျွန်တော်တို့ မလုပ်ရသေးဘူး။ နောက်တခုကတော့ ဒီလိုမျိုးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးု လုပ်မည့်အချိန်မှာ တဖက်နဲ့ တဖက်ဆက် သွယ် ရေးက တော်တော်လေးအရေးကြီးပါတယ်။ အောကခြေတပ်မှူး အချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပေးဖို့ ။ အဲဒါတွေက အခုထက်ထိ ကျွန်တော်တို့မှာ သတ်သတ် မှတ်မှတ်မရှိသေးဘူး။ ဒီ ၄ ခုကတော့ NCA ရဲ့ အခန်း ၃ ထဲမှာပါတဲ့ ကိစ္စတွေဖြစ်တာပေါ့။ နောက်ကျွန်တော်တို့ မှာလဲ Issue ထပ်ရှိတာက ဘာလဲဆိုတော့ အရပ်သားများကာကွယ်ခြင်းဆိုပြီးတော့ လုပ်ထားတာရှိတယ်။ အဲဒီမှာ လဲ ဝိဝါဒ ကွဲမှုတွေ ရှိတာ ပေါ့။ ဒီအဓိပါယ်ဖွင့်ဆိုတဲ့ နေရာမှာ တဖက် နဲ့ တဖက် နားလည်မှုခြင်းမတူကြဘူး။ ဆိုတော့ ဒီ ၅ ခုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြေကြေ လည်လည်လေးနဲ့ လုပ်ပြီးမှပဲ ဒီ JMCကထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာဖြစ်တဲ့ အတွက်ကြောင့် KNU နဲ့ RCSS တွေက ပါဝင် မှုတွေ ကို ဆိုင့်ငံ့ထားတာဖြစ်တယ်။

မေး။ ။ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ဘက်က သက်ဆိုင်ရာ တရားဝင် အစည်းအဝေးတွေမှာ တက်ရောက်ဖို့ ဆိုင်းငံ့ထားပေမဲ့ အစိုးရနဲ့ အလွတ်သဘောဆွေးနွေးပွဲတွေ လုပ်သွားဖို့ ပြောထားတာ ရှိတော့ JMC အနေနဲ့ JMC ရေးရာနဲ့ ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဘယ်လို ဆောင်ရွက်နေတာတွေရှိလဲ သိပါရစေ။

ဖြေ။ ။ အဲဒါကို သူတို့ နှစ်ဖက် အလွတ်သဘောတွေ့ဆုံပြီးတော့ နှစ်ဖက်တွေ့ဆုံတာ တွေလုပ်ပြီးတော့မှ ဒီဟာတွေအရင်ဖြေရှင်းပြီးတော့မှ သူတို့ကတော့ ဆက်လက်ပြီးပါဝင်မယ် ဆိုပြီးတော့လုပ် ထားတာပေါ့။ ဆိုတော့ အခုလောလောဆယ်မှာက နှစ်ဘက်တွေ့ ဆုံဆွေး နွေးနိုင်ရေးဖြစ်ပေါ်လာဖို့ အတွက်နည်း လမ်းတွေကျွန်တော်တို့ရှာနေတာပေါ့။ ဆိုတော့ အခုထက်ထိအစိုးရဘက်ကလဲ မယ်မယ်ရရ Initiative ပေါ့နော် ကမကထ လုပ်ပြီးတော့ ဆောင်ရွက်နေတာတွေမတွေ့ရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ JMC ဖက်ကလည်း ဘာ တွေလုပ်နိုင်မလဲ ဆိုတာကို စဉ်းစားနေကြတာပေါ့နော်။ ဆိုတော့ ကျွန်တော် သိရသလောက်ဆိုရင် အစိုးရဖက် တပ်မတော်ဖက်က လက်ရှိရှိနေတဲ့ ယန္တရာအောက်ကနေပဲ သူတို့က သွားချင်တယ်။ ဒီယန္တရားပြင်ပမှာမဟုတ်ပဲ နဲ့ ဒီ ယန္တရားအောက်မှာပဲအလွတ်သဘောတွေ နှစ်ဖက် တွေဆုံမှုတွေ လုပ်ချင်ကြတယ်လို့ ပြောလာတာတွေရှိ တာပေါ့။ ဆိုတော့ ကျွန်တော်တို့အနေနဲ့လဲ အဲဒါကို သက်ဆိုင်ရာ RCSS ၊ KNU ခေါင်းဆောင်တွေနဲ့တွေ့နိုင်ဖို့ကြိုး စားပြိးတော့ ရှင်းပြမည့်ကိစ္စတွေတော့ ရှိနေတာပေါ့။ ဆိုတော့ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့ လုပ်နေတယ်။ ဒါပေမဲ့ တဖက်မှာလည်း ဒီကိစ္စတွေက အချိန်ဆွဲပြီးတော့ လုပ်ရမဲ့ ကိစ္စတွေတော့ မဖြစ်သင့်ဘူးပေါ့။ အခုလဲ ဟိုနား ဒီနား တွေမှာ ထိတွေ့မှု တွေဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေလဲ ရှိတော့ ဒါကိုလဲ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ကြိုးစားနေပါတယ်။
နောက် ဒီလိုမျိုး RCSSနဲ့ KNU တွေ JMC ရဲ့ပုံမှန်အစည်းအဝေးမှာပါဝင်လာနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် JMC-U မှာတော့ အစည်းအဝေးမလုပ်ဘူး။ ဆိုင်းငံ့ထားတာပေါ့နေုာ်။ ပြည်နယ်တွေမှာတော့ အရေးကြီးရင် ကြီးသလို JMC-S ဥပမာ - ကရင်တို့ တနင်္သာရီတို့ မှာတော့ သူတို့ဆက်လက်ပြီးလုပ်နေတာတွေ့ရတယ်။ တဖက်ကလူထုနဲ့ ဆိုင်တဲ့ လှုပ်ရှားမှုကိုတော့ ဆက်လက် လုပ်ဖို့ ဆိုပြီးတော့မှ ပြော ထားတာတော့ရှိပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးဟာဆိုရင် အထူးသဖြင့် JMCဟာဆိုရင် မြန်မာနိုင်ငံမှာတခါမှမရှိဘူးတဲ့ ပစ်ခတ် တိုက်ခိုင်မှု ရပ်စဲရေးသဘောတူညီချက် အကောင်အထည် ဖေါ်တာကို စောင့်ကြည့်တဲ့ ယန္တရားလဲဖြစ်တယ်။

မေး။ ။ JMC အနေနဲ့ နိုင်ငံတကာနဲ့ ဘယ်လို ဆွေးနွေးဆောင်ရွက်မှုတွေ ရှိပါသလဲခင်ဗျ။

ဖြေ။ ။နောက်တခု အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ JMCက UNDP ကနေ ကျွန်တော်တို့ကို ၂၀၁၇ကနေ ကူညီခဲ့တာပေါ့လေ။ သူတို့နဲ့ ကျွန်တော်တို့က ၂၀၁၇နှစ်ခု April 1ရက်ကနေလုပ်လာပြီးတော့မှ ဒီနှစ် December 13ရက်ဆိုရင် အပြီးအပိုင် Extension လုပ်လို့မရတော့ဘူးပေါ့ နော်။ ဆိုတော့ ၂၀၁၉ အတွက် ပုံမှန် ကျွန်တော်တို့ JMC လုပ်ငန်းတွေလည်ပတ်နိုင်ရေးအတွက် JPFမှာ proposal တင်ထားတယ်ပေါ့နော်။ ဆိုတော့ ၂၀၁၉ တနှစ်တာလုံးအတွက် ကျွန်တော်တို့ ရည်မှန်းတာတော့ ၃.၂ သန်းလောက်ရှိမှာပေါ့။ အဲဒါကိုမနေ့ကပဲ JPF ဥက္ကဌနဲ့ ဒု ဥက္ကဌနဲ့ JPFရဲ့ရုံးအဖွဲ့တွေနဲ့ ကျွန်တော်တို့ JMCဥက္ကဌ ဦးဆောင်ပြီးတော့ ဆွေးနွေးနိုင်ရေးလုပ်ခဲ့တယ်။ မူအားဖြင့်တော့ သဘေတူညီမှုတော့ရခဲ့ပြီ။ ဒါပေမဲ့ ဆက်ပြီး ဆွေးနွေးရမှာတွေ သူတို့ရဲ့ Time Frame အတိုင်းသွားမယ့် ကိစ္စတွေဆိုတော့ ကျွန်တော်တို့ February တစ်ရက် နှစ်ရက်ကနေစပြီးတော့ပဲ ပံံ့ပိုးနိုင်တဲ့အခြေအနေရှိတယ်ပေါ့နော်။ တရုတ်ကတော့ ဒီ JMC လုပ်ငန်းအတွက် ၂၀၁၇မှာ ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တာပေါ့နော်။ နောက် ၂၀၁၈မှာတော့ ဒေါ်လာ ၃သိန်း လှူဒါန်းတယ်။ အဲဒါအပြင် JMC မှာ သုံးဖို့အတွက်ဆိုပြီးတော့ VOLVO ကား ၁၀စီးပေးခဲ့တာပေါ့နော်။ ဆိုတော့ အဲဒါက တရုတ်ကနေ JMCကို ပံ့ပိုးမှုတွေဖြစ်တာပေါ့။ တဖက်ကလဲ အခု အိန္ဒိယနိုင်ငံ က TATA Company က double cab ဆယ်စီး လှူဖို့ရှိတာပေါ့နော်။ လာမည့် ၁၅ရက်နေ့မှာ တရားဝင် လွှဲပြောင်းမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါခင်ဗျာ။ JMC အနေနဲ့ နိုင်ငံတကာ လေ့လာရေးခရီးစဉ်တွေနဲ့ ပတ်သက်ပြီး သွာရောက်လေ့လာဖို့ အစီ အစဉ် ရှိရင်လည်း သိပါရစေဗျ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ Home-grown ပေါ့နော်။ ကိုယ့် နိုင်ငံကပဲဆောင်ရွက်နေတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဒီဟာကိုထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် တခြားနိုင်ငံမှာ ဘယ်လိုမျိုးပုံစံနဲ့ လုပ်ဆောင်နေကြသလဲဆိုတဲ့ ဒီလေ့လာ ရေးခရီးစဉ်ကိုလဲ ကျွန်တော်တို့ ထွက်ရ တာပေါ့။ ဆိုတော့ ဥပမာ - နီပေါ့တို့ ဖိလစ်ပိုင်တို့ နော်ဝေတို့ အဲဒါမျိုးပေါ့လေ သွားတာရှိတာပေါ့။ ဆိုတော့ နောက် တချက်က အခု တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကနေ ယူနန်မှာ တိုင်းရင်းသားပြည်သူတွေကို အစိုးရအနေ နဲ့ ဘယ်လို ပံ့ပိုးမှုတွေလုပ်နေသလဲ ဆိုတာကို လေ့လာနိုင်အောင်အတွက်ဆိုပြီးတော့ ဖိတ်ထားတာရှိတယ်။ ဆိုတော့ အယောက် ၃၀ လောက် ဒီဇင်ဘာ ၁၇ ရက်နေ့ကို သွားကြမှာဖြစ်တယ်ပေါ့နော်။ (#ယခုအချိန်တွင် JMC မှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့ ယူနန်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။) အဲဒီမှာ ၄ ရက်ကြာ သွားပြီးတော့ လေ့လာမှာလဲဖြစ်တယ်။ အထူးသဖြင့်တော့ JMC-S က ပုဂ္ဂိုလ်တွေကို ဒီတခေါက်မှာတော့ သွားခိုင်း ပါတယ်။ တရုတ်ဟာဆိုရင် တဖက်ကလဲ ဒီလိုမျိုး Study ကတော့ အခု ပထမဆုံးဖြစ်မှာပေါ့။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။