Framework Agreement on NCA Implementation Negotiation Working Group Meeting (8th Session) held in video conferencing today

  • Topics:

    Framework Agreement on NCA Implementation Negotiation Working Group Meeting (8th Session) held in video conferencing today

  • Location:

    No.6. Shwe Li Street, Kamayut Township, Yangon

  • Category:

    Others

  • Start Date:

    April 3, 2020 10:00 AM

  • End Date:

    April 3, 2020 04:00 PM

  • Share:

Description

Framework Agreement on NCA Implementation Negotiation Working Group Meeting (8th Session) has been held in video conferencing based in NCA-S EAO Office located in Shwe Li Street, Kamayut Township since this morning.

Col. Sai Ngern, the Team Leader of Framework Agreement on NCA Implementation Negotiation Team delivered the Opening Speech expressed below:



NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(အဋ္ဌမအကြိမ်) Online Video Conferenceတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အဖွင့်အမှာစကား

                                                                                                                                                                                                                            ၂၀၂၀ခုနှစ်၊ ဧပြီလ (၃)ရက်      


အဋ္ဌမအကြိမ် NCAအကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (Online Video Conference)သို့  Onlineမှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်များ ကိုယ်စားလှယ် အားလုံး  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

အမှန်က ဧပြီလ (၂၊ ၃၊ ၄)ရက်တွေမှာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပဖို့ ဖြစ်ပါတယ်။ သို့သော်လည်း Covid-19 ကပ်ရောဂါရဲ့ ကူးစက် ပျံ့နှံ့မှုအခြေအနေကြောင့် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေရဲ့ တရားဝင်အစည်းအဝေးကို ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေ၊ ခရီးသွားလာမှု အခက်အခဲတွေကြောင့် ယာယီရွှေ့ ဆိုင်းလိုက်ရပါတယ်။

မနေ့က ဧပြီလ (၂)ရက်နေ့မှာ နှစ်ဖက်အလုပ်အဖွဲ့တွေရဲ့ အလွတ်သဘော ညှိနှိုင်းအစည်းအဝေးကို ကျင်းပနိင်ခဲ့တာဟာ နှစ်ဖက်ခေါင်းဆောင်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစိုက်မတ်မတ် ကြိုးပမ်းမှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နှစ်ဖက်ခေါင်းဆောင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။

တစ်ဖက်က Covid-19ကပ်ရောဂါရဲ့ ကူးစက်မှုကို သတိထားကိုင်တွယ်ရမှာဖြစ်သလို တစ်ဖက်မှာလည်း အရှိန်အဟုန်ရရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့်မ သွားဖို့ ဂရုပြုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ မနေ့က ကျင်းပတဲ့ နှစ်ဖက်အလုပ်အဖွဲ့တွေရဲ့ အလွတ်သဘော ညှိနှိုင်းအစည်းအဝေးရဲ့ရလဒ်ကို အခြေခံပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေ၊ နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်း၊ Covid-19ကပ်ရောဂါ အခြေအနေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်း အဝေး ကျင်းပရေးကိစ္စ၊ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ဆက်လက်တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားဖို့ ရှိပါ တယ်။

Covid-19ကပ်ရောဂါနဲ့ ပတ်သက်လို့ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ကျန်းမာရေး၊ စစ်ဆေးရေး၊ ကုသရေးကိစ္စတွေအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်။

Covid-19ကပ်ရောဂါထိရောက်စွာ ကာကွယ်တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ဖြစ်နိုင်ချေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ယခုအခါ တစ်ကမ္ဘာလုံးမှာ Covid-19 ကပ်ရောဂါကူးစက်မှုဟာ လျင်မြန်စွာနဲ့ကူးစက်ပျံ့နှံ့နေပြီး လူပေါင်း တစ်သန်းကျော်ကို ကူးစက်နေပြီ ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ လည်း ၅၃၀၀၀ ကျော် ရှိပြီ ဖြစ်လို့ ခေါင်းဆောင်များအားလုံးအနေနဲ့ ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိနဲ့ သွားလာလှုပ်ရှား နေထိုင်ကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။