Framework Agreement on NCA Implementation Negotiation Team Meeting (6th Session) held in Yangon

  • Topics:

    Framework Agreement on NCA Implementation Negotiation Team Meeting (6th Session) held in Yangon

  • Location:

    Best Western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    February 15, 2020 09:00 AM

  • End Date:

    February 16, 2020 05:00 PM

  • Share:

Description

NCA-S EAO's Framework Agreement on NCA Implementation Negotiation Team Meeting (6th Session) has been held in Yangon since this morning. At this meeting, the team Leader, Col. Sai Ngern delivered the Opening Speech.

The Opening Speech of Col. Sai Ngern is as follows:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဆဋ္ဌမအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အဖွင့်အမှာစကား

                                                          ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်

ဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးသို့  တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်ကိုယ် စားလှယ်များအားလုံး  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှုတ် ခွန်းဆက်သပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂-၃)ရက်၊ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ ပထမအကြိမ် တရားဝင် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ နှစ်ဖက်ဆွေးနွေးတင်ပြချက်တွေ၊ အဆို ပြုချက်တွေနဲ့ ပတ်သက်လို့ ဒီနေ့အစည်းအဝေးမှာ ပြန်လည်သုံးသပ် ဆွေး နွေးသွားမှာ ဖြစ်ပါတယ်။

အစိုးရဖက်က တင်ပြတဲ့ အဆိုပြုချက်နဲ့ မိမိတို့ NCA-S EAO ဖက်က တင်ပြတဲ့ အဆိုပြုချက်တွေကို ဘယ်လိုပေါင်း စပ်ကြမလဲ၊ တူညီတာတွေနဲ့ မတူညီ တာတွေ ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ မိမိတို့ကြားမှာ အ ကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသွားဖို့ လိုအပ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေကို သေချာစွာ ချမှတ်ထားရမှာ ဖြစ်ပါ တယ်။

(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း အချိန်ဇယား Timeline နဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေနိုင်မယ့် အစည်း အဝေး ကျင်းပရေးဆိုင်ရာ အစီအစဉ်တွေကို ညှိနှိုင်းဆွေးနွေးသွားရမှာ ဖြစ်ပါ တယ်။

တစ်ဖက်မှာလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြင်ဆင် ထားဖို့၊ လိုအပ်တဲ့ရံပုံငွေတွေ ကြိုတင်ရှာဖွေ ထားဖို့ လိုအပ်ပါတယ်။

မကြာမီကာလမှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာ NCA    လက်မှတ်မရေးထိုးနိုင်သေးတဲ့ မိမိတို့ညီနောင် EAO တွေ ပါဝင်တက်ရောက်နိုင်ရေးကို အလေးပေး ဆွေးနွေးသွားမှာ ဖြစ် ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပတော့မယ်ဆိုရင် ကြားအဆင့်ဆင့်မှာ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့ အစည်းအဝေးတွေကို မဖြစ်မနေကျင်းပရမှာဖြစ်လို့  UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး (WC)၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ(ND)တွေ၊ JMC အစည်းအဝေး၊ JICM  အစည်းအဝေးတွေကို ဆက်တိုက် ကျင်းပသွားရမှာ ဖြစ်ပါတယ်။ အဲဒီအစည်း အဝေးတွေအတွက် ပြင်ဆင်မှုတွေကိုလည်း ကြိုတင်ဆောင်ရွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဝန်းအဝိုင်းမှာ ပါဝင်ပတ်သက်ဆက်နွယ်သူများ၊ အဖွဲ့အစည်းများအားလုံးက ပြည်ထောင်စုကောင်းကျိုးအတွက် ဦးထိပ်ထားပြီး လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြမယ်ဆိုရင် မိမိတို့ အားလုံးလိုလားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မုချရရှိနိုင်မှာ ဖြစ်ပါ ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။