Framework Agreement on NCA Implementation Negotiation Team Meeting (5th Session) held in Yangon

  • Topics:

    Framework Agreement on NCA Implementation Negotiation Team Meeting (5th Session) held in Yangon

  • Location:

    Yangon, Myanmar, Yangon

  • Category:

    Others

  • Start Date:

    February 1, 2020 09:00 AM

  • End Date:

    February 1, 2020 05:00 PM

  • Share:

Description

Nationwide Ceasefire Agreement-Signatory, Ethnic Armed Organizations have been holding Framework Agreement on NCA Implementation Negotiation Team Meeting (5th Session) in Yangon since this morning.

Col. Sai Ngern, the team leader, delivered the opening speech expressed below:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ပဉ္စမအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အဖွင့်အမှာစကား

                                                                                                                                                      ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်

ပဉ္စမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို  တက်ရောက်လာကြ တဲ့ ခေါင်းဆောင်ကိုယ်စားလှယ်များအားလုံး  မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

မိမိတို့အတွင်းမှာ ပြင်ဆင်ရေးအစည်းအဝေးကျင်းပလာခဲ့တာ ဒီအကြိမ်နဲ့ဆိုရင်  ပဉ္စမအကြိမ်ရှိပြီဖြစ်လို့ အစိုးရနဲ့ ညှိ နှိုင်းဆွေးနွေးရေးအတွက် မိမိတို့ ညှိနှိုင်း ရေးအဖွဲ့အနေနဲ့ အဆင်သင့်ဖြစ်ပြီလို့ ယုံကြည်ပါတယ်။ ပြင်ဆင်မှုပိုင်းက ပြီး သင့်သလောက် ပြီးလောက်ပြီလို့ မြင်ပါတယ်။

ဒီအစည်းအဝေးမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အပြီးသတ်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြင်ဆင်မှုမှာ လိုအပ်နေသေးတဲ့ အချက် အလက်တွေကို ထပ်မံဖြည့်စွက်ရပါမယ်။ ညှိနှိုင်းဆွေးနွေးပွဲအတွက် တာဝန်ခွဲဝေမှုတွေကို သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မိမိတို့ပြင်ဆင်ထားတဲ့ ဖက်ဒရယ်အခြေခံမူတွေ၊ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချိန်ဇယား Timeline တွေကို လက်ရှိငြိမ်းချမ်းရေး၊ နိုင်ငံရေး အခင်းအကျင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အစွန်းနှစ်ဖက် မရောက်ဖို့ သတိထား လုပ်ဆောင် သင့်ပါတယ်။

အားလုံးမျှော်လင့် စောင့်စားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ကျင်းပနိုင်ဖို့ (၈)ကြိမ်မြောက် JICM အစည်း အဝေးက သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ အဲဒီအစည်းအဝေးရဲ့ သဘောတူညီချက် (၈)ချက်ကို အမြန်ဆုံး လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဖို့က မိမိတို့ညှိနှိုင်းရေးအဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်အတိုင်း အတာအထိ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မလဲဆိုတာ မိမိတို့ ညှိနှိုင်းရေးအဖွဲ့ရဲ့ စွမ်းဆောင်ချက်၊ အရည်အသွေးနဲ့ စေ့စပ်ညှိနှိုင်းနိုင်မှု စွမ်းရည်အပေါ်မှာ လုံးဝ မူတည်ပါတယ်။ ထို့ကြောင့် အားလုံးဝမ်းသာ ပျော်ရွှင် စေမယ့် ရလဒ်ကောင်းတွေရရှိဖို့ မိမိတို့ညှိနှိုင်းရေးအဖွဲ့အနေနဲ့ အားစိုက် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုပါတယ်။

လေးလတာကာလအတွင်း ၂၀၂၀ ခုနှစ် နှစ်လယ်မတိုင်မီ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး ဦး တည်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင် ရမှာဖြစ်လို့ အချိန်အကန့်အသတ်ရှိတဲ့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တိကျတဲ့အချိန်ဇယားတွေနဲ့ သေချာချမှတ်ထားဖို့ လိုအပ်ပါတယ်။ထို့အတူ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစီအစဉ်ချမှတ် ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါ တယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြောက်ခမန်းလိလိ နိုဗယ်ကိုရိုနာ အဆုတ်ရောင်ဗိုင်းရပ်ဟာ ကမ္ဘာ့အနှံ့အပြားကို လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေပြီဖြစ်လို့ မိမိတို့အား လုံး ကျန်းမာရေးအတွက် သက်ဆိုင်ရာမှ ညွှန်ကြားထားတဲ့ အ တိုင်း လိုက်နာဆောင်ရွက်သွားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။