Framework Agreement on NCA Implementation Negotiation Team Meeting (4th Session) held in Chiang Mai

  • Topics:

    Framework Agreement on NCA Implementation Negotiation Team Meeting (4th Session) held in Chiang Mai

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Others

  • Start Date:

    January 13, 2020 09:00 AM

  • End Date:

    January 15, 2020 05:00 PM

  • Share:

Description

NCA-S EAO's Framework Agreement on NCA Implementation Negotiation Team Meeting (4th Session) is being held in Chiang Mai, Thailand today. The Opening Speech of Col. Sai Ngern, the team leader, is as follows:


NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(စတုတ္ထအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏  နှုတ်ခွန်းဆက်အဖွင့် အမှာစကား

                                                                                     ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်


စတုတ္ထအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို  တက်ရောက်လာကြ တဲ့ ခေါင်းဆောင်များအားလုံး ၂၀၂၀ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သ ပါတယ်။ အားလုံးကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါတယ်။

ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (၁၀)ကြိမ်မြောက် ညီလာခံမှာ နိုင်ဟံသာကို ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်နိုင်ခြင်း အ တွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ညှိနှိုင်းရေးအဖွဲ့ကိုယ်စား ဂုဏ်ပြုပြောကြားလိုပါတယ်။

ဇန်နဝါရီလ (၈)ရက်နေ့ JICM အစည်းအဝေးမှာ သဘောတူညီချက် (၈)ချက်ချမှတ်နိုင်ခြင်းဟာ  မိမိတို့ JICM အစည်းအ ဝေး ညှိနှိုင်းရေးအဖွဲ့ရဲ့ စွမ်းဆောင်မှုတွေက တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက်အကူပြုနိုင်ခဲ့တာ ဖြစ်တဲ့အတွက် အဖွဲ့ ခေါင်းဆောင် ကျနော်အနေနဲ့ ညှိနှိုင်းရေးအဖွဲ့ရဲ့ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုကို လေးစားဂုဏ်ယူ အသိအမှတ် ပြုပါကြောင်း ပြောကြားလိုပါတယ်။

တစ်နှစ်ကျော်တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပုံမှန်ပြန်လည် ကျင်းပသွားနိုင်ဖို့ JICM  အစည်းအဝေး ကနေ လမ်းဖွင့်ပေးလိုက်ပြီဖြစ်လို့ ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်ကိစ္စများ၊ ဖက်ဒရယ်ပြည်ထောင်စု အခြေခံ မူများ၊ ဖက်ဒရယ်တည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေးမှာ NCA Non-Signatories EAO ညီနောင်တွေပါဝင်နိုင်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေကတော့ ဆွေးနွေးရမယ့်အကြောင်းအရာ (၈)ခုကို လမ်းညွှန်ချမှတ်ပေးပြီးဖြစ်လို့ ဖော်ပြပါ (၈)ခုကို အောင်မြင်အောင် ညှိနှိုင်းဆွေး နွေးနိုင်ဖို့က မိမိတို့ညှိနှိုင်းရေးအဖွဲ့ဝင်တွေအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာဖြစ်လို့ မိမိတို့အားလုံးက အသင့်ပြင်ထားဖို့ လိုအပ်ပါတယ်။

ထိပ်သီးခေါင်းဆောင်တွေရဲ့ လမ်းညွှန်ချက်တွေ၊ သဘောထားဆန္ဒတွေ အောင်မြင်အောင်၊ အကောင်အထည်ဖော်နိုင်အောင် မိမိတို့အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ရ မှာဖြစ် လို့ ဒီအစည်းအဝေးမှာ အားလုံးအတွက် မျှမျှတတ ဖြစ် စေတဲ့၊ အားလုံးက လက်ခံကျေနပ်နိုင်တဲ့ ရလဒ်ကောင်းတွေ၊ အစီအမံတွေ ရရှိအောင် ညှိနှိုင်း ဆွေးနွေး သွားကြဖို့ တိုက်တွန်း လိုပါတယ်။

နှစ်ဖက်ညှိနှိုင်းထားတဲ့အတိုင်း ဒီလနောက်ဆုံးပတ်လောက်မှာ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့ အတွက် ဒီအစည်းအဝေးမှာ သေချာပြင်ဆင်ဆောင် ရွက်ထားရမှာဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။