Col. Sai Ngern delivered the closing speech at 28th NCA-S EAO UPDJC Meeting

  • Topics:

    Col. Sai Ngern delivered the closing speech at 28th NCA-S EAO UPDJC Meeting

  • Location:

    Yangon, Myanmar, Yangon

  • Category:

    UPDJC

  • Start Date:

    October 23, 2019 09:00 AM

  • End Date:

    October 23, 2019 05:00 PM

  • Share:

Description

ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ (၂၈) ကြိမ် မြောက် NCA-S EAO UPDJC အစည်းအဝေး ညနေပိုင်းတွင် ပြီးဆုံးခဲ့ပြီး အစည်းအဝေး နိဂုံးချုပ်အမှာစကားကို NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ်အမှာစကား အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။



(၂၈) ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ်အမှာစကား

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်

 

ဒီအစည်းအဝေးမှာ အစည်းအဝေးအစီအစဉ်ပါအတိုင်း အကျေအလည်ဆွေးနွေးနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်တွေ၊ ရှေ့ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့လို့ အစည်းအ ဝေးတက်ရောက်လာကြတဲ့ NCA- S EAO UPDJC အဖွဲ့ဝင်များနဲ့ တာဝန်ရှိပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ (NCA-S EAO WC ) တွေရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့သလို လိုအပ် တဲ့ ဘတ်ဂျတ်အဆိုပြုလွှာတွေကို စီစဉ်ဆောင် ရွက်နိုင်ခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ (၂၈)ရက်မှာ ကျင်းပမယ့် NCA စာချုပ် (၄)နှစ်ပြည့်အခမ်းအနား အခင်းအကျင်းကို ဆွေးနွေးခဲ့ကြပြီး အနှစ်သာရပြည့်ဝစွာ ကျင်းပ နိုင်ရေး ဝိုင်းဝန်းအကြံပြုနိုင်ခဲ့ကြတယ်။

အစိုးရနဲ့ NCA-S EAO တို့ဟာ ၂၀၂၀နှစ်ဆန်းလောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပဖို့ မူအားဖြင့် သဘောထားရှိခဲ့ကြတဲ့အတွက်  ညီလာခံကျင်းပနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းရမှာဖြစ်ပါတယ်။ အားလုံးလက်ခံကျေနပ်နိုင်တဲ့ ရလဒ်ကောင်းရဖို့ဆိုရင် သက်ဆိုင်တဲ့ အ စုအဖွဲ့တွေ က အလျှော့အတင်းတွေ ရဲရဲဝံ့ဝံ ပြုလုပ်ဖို့ အင်မတန်လိုအပ်ပါတယ်။

ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ တတ်အားသရွေ့ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်က NCA စာချုပ် (၄)နှစ်ပြည့်အခမ်းအနား ကျင်းပဖို့ စိုင်းပြင်း ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ တစ်ဖက်က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာ ဟာ NCA ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြေဇာပင် ပြည်သူလူထုတွေရဲ့ အတိဒုက္ခကို စာနာထောက်ထားပြီး တတ်နိုင် သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တတွေဟာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများ ဖြစ်သည်နှင့်အ ညီ NCA စာချုပ် အကောင်အထည်ဖော်ရေးလုပ် ငန်း ပြီးမြောက်အောင်မြင်ဖို့အတွက် တာဝန်ရှိရှိ တာဝန်သိသိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြပါလို့ နိဂုံးချုပ်အနေနဲ့ ပြောကြားလို ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။