9th Framework Agreement on NCA Implementation Working Group Meeting held in Online Video Conference this morning

  • Topics:

    9th Framework Agreement on NCA Implementation Working Group Meeting held in Online Video Conference this morning

  • Location:

    No.6. Shwe Li Street, Kamayut Township, Yangon

  • Category:

    Others

  • Start Date:

    April 22, 2020 09:30 AM

  • End Date:

    April 22, 2020 04:00 PM

  • Share:

Description

9th Framework Agreement on NCA Implementation Working Group Meeting has been held in Online Video Conference this morning. Col. Sai Ngern, the team leader, delivered the Opening Speech, expressed below:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(နဝမအကြိမ်) Online Video Conference တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား

     ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်


နဝမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး (Online Video Conference)သို့  Online မှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်ကိုယ်စားလှယ်များအားလုံး မြန်မာနှစ်သစ်မှာ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

(၈) ကြိမ်မြောက် JICM  အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်း အဝေးကို ဒီဧပြီလ နောက်ဆုံးပတ်မှာ ကျင်းပရမှာ ဖြစ်ပေမယ့် Covid-19 ကပ်ရောဂါ ကူးစက်မှု အ ခြေအနေကြောင့် မလွဲမသွေ ရွေ့ဆိုင်းရပြီ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကအရေးကြီးသလို တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးကလည်း အလွန်အင်မတန်မှ အရေးကြီးတာဖြစ်လို့  အားလုံးရဲ့ ကျန်းမာရေးကို ဦးထိပ်ထားပြီး Covid-19  ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ် တားဆီးရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို  ဦးစားပေးလုပ်ငန်းများအဖြစ် အဖွဲ့အစည်းတိုင်းက ဝိုင်းဝန်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။   

Covid-19 ကပ်ရောဂါထိန်းချုပ်နိုင်တဲ့အချိန်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတွေကို သတ်မှတ်စီစဉ် ထားတဲ့အတိုင်း ဆက်တိုက် ဆောင်ရွက်နိုင်ဖို့ အခုက တည်းက ပြင်ဆင်ထားမှ တော်ရာကျမှာ ဖြစ် ပါတယ်။

ဒီနေ့အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်း အရာတွေကို မိမိတို့ NCA-S EAO အကြားမှာ အကျေအလည် ဆွေးနွေးသွားဖို့ ရှိပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါ အခြေအနေများ၊ မိမိတို့ သက်ဆိုင်ရာဒေသ နယ်မြေအတွင်းမှာ ဆောင်ရွက်နေတဲ့ ကပ်ရောဂါ ပညာပေး၊ ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အရှိန်အဟုန်ရရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့်မသွားဖို့ ဂရုပြုဆောင်ရွက်ရမှာ ဖြစ် လို့ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ Online Video Conference ကျင်းပနိုင်ရေးကို ဒီအစည်းအဝေးမှာ သဘောထားရယူသွားမှာ ဖြစ်ပါ တယ်။ နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ကျန်းမာရေး စစ်ဆေးရေး၊ ကုသရေး ကိစ္စတွေ အတွက် အစိုးရနဲ့ သင့်တော်သလို ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားနိုင်ရေးအတွက် ဒီအစည်းအဝေးမှာ ဆွေးနွေး မှာ ဖြစ်ပါတယ်။

ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာလည်း Covid-19 ကပ်ရောဂါကူးစက်ခံရသူပေါင်း (၁၂၀) ဦး ကျော်ပြီ ဖြစ်လို့ ခေါင်းဆောင်များအားလုံးအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။