6th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon this morning

  • Topics:

    6th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon this morning

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    July 25, 2020 10:00 AM

  • End Date:

    July 27, 2020 04:00 PM

  • Share:

Description

6th Negotiation Meeting between Government and NCA-S EAO has been held in NRPC, Yangon since this morning. The meeting takes two days.

Col. Sai Ngern, the leader of NCA-S EAO Negotiation Team delivered the Opening Remarks expressed below:

ဆဌမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက် အမှာစကား    

                                                                      ၂၀၂၀ ခုနှစ်၊ ဇူလိုင် (၂၅)ရက်

လေးစားအပ်ပါသော အစိုးရနှင့် NCA-S EAO  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက်ခေါင်း ဆောင်များနဲ့ ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မတ်လနောက်ပိုင်း အခုလိုနှစ်ဖက်ခေါင်းဆောင်တွေက စုံစုံညီညီနဲ့ မျက်နှာစုံညီ ပြန်လည်တွေ့ဆုံဆွေးနွေးခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။  ဒီ အစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ကျေကျေလည် လည် ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခင်းအကျင်းကို မိမိတို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီး ခဲ့တဲ့ အစည်းအဝေးနှစ်ကြိမ်ဟာ Online နဲ့ ကျင်းပြုလုပ်ခဲ့တာ ဖြစ်တဲ့အတွက် ညှိနှိုင်းဆွေးနွေးရာမှာ အကန့်အသတ်ရှိ၊ အခက်အခဲတွေ ရှိခဲ့ပါ တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လအတွင်းမှာ ကျင်းပမှာ ဖြစ်လို့ ဒီသုံးရက်တာ အစည်းအဝေးမှာ ပြီးခဲ့တဲ့ မိမိတို့နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ချန်ထားခဲ့တဲ့ ဆက်လက်ညှိနှိုင်းဖို့ အချက်တွေကို သဘောတူညီချက်ရရှိအောင်  ညှိနှိုင်း ဆွေးနွေးဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့်အကြောင်းအရာများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက် အလက် များကို ဆက်လက် ညှိနှိုင်းဆွေး နွေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို COVID-19  ကပ်ရောဂါကာလ အခြေအနေအောက်မှာ ကျင်းပရမှာဖြစ်လို့ ညီလာခံ အခင်းအကျင်းကို ပြောင်းလဲကျင်းပဖို့ရှိပေမယ့်  အဓိပ္ပာယ် ရှိတဲ့၊ အနှစ်သာရပြည့်ဝတဲ့၊ ရလဒ်ကောင်းထွက်ရှိတဲ့ ညီလာခံဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။

ဒီသုံးရက်တာအစည်းအဝေးမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ အဓိကကျ အရေးပါတဲ့ အကြောင်းအရာတွေ ပါဝင်နေလို့ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေအနေနဲ့  နှစ်ဖက်လက်ခံနိုင်တဲ့ သဘောတူညီချက်ရရှိအောင် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ မျှတတဲ့၊ ထိုက်သင့်တဲ့ အလျှော့အတင်းတွေကို နှစ်ဖက်စလုံးက ဆောင်ရွက် သင့်ကြောင်း တိုက်တွန်းလိုပါတယ်။

အားလုံးကျေနပ်လက်ခံတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချောမွေ့ဖြောင့်ဖြူးရေးတို့အတွက် ဒီညှိနှိုင်းအစည်းအဝေးမှာ ဝိုင်းဝန်း ကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေး ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။