6th Negotiation Meeting between Government and NCA-S EAO ends this evening

  • Topics:

    6th Negotiation Meeting between Government and NCA-S EAO ends this evening

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    July 25, 2020 10:00 AM

  • End Date:

    July 29, 2020 04:30 PM

  • Share:

Description

6th Negotiation Meeting between Government and NCA-S EAO ended this evening. Col. Sai Ngern, the leader of NCA-S EAO Negotiation Team delivered the Closing Remarks expressed below:


ဆဌမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် အမှာစကား

                 ၂၀၂၀ ခုနှစ်၊ ဇူလိုင် (၂၉) ရက်

ဒီဆဌမအကြိမ်မြောက် အစိုးရနဲ့ NCA-S EAO ညှိနှိုင်းအစည်းအဝေးမှာ   အခုလို စိတ်ရှည်လက်ရှည်၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းပေးကြတဲ့အတွက် နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်ခေါင်းဆောင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပြီးခဲ့တဲ့ မိမိတို့ နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရဲ့ အကြောင်းအရာတွေထဲက သဘောမတူသေးတဲ့ အ ချက်တွေကို ဒီအစည်းအဝေးမှာ ဆက်လက် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်။ အဓိကကျ အရေးပါတဲ့ သဘောတူညီချက်များကိုလည်း ထပ်မံ ရရှိခဲ့ပါတယ်။ ဒါ တွေဟာ တိုးတက် မှုပဲ ဖြစ်ပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ပြီး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ညှိနှိုင်းနိုင်ခဲ့သလို ဆက်စပ် အစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်မှုတွေကို ဆောင်ရွက်သွားဖို့ ဆွေးနွေး နိုင်ခဲ့တယ်။

မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ လာမယ့် ဆွေးနွေးညှိနှိုင်းအစည်းအဝေးတွေရဲ့ ရလဒ်တွေကို UPDJC နိုင်ငံ ရေးပါတီအစုအဖွဲ့တွေကို  ထပ်မံ ရှင်း လင်းတင်ပြနိုင်ရေးအတွက် ဒီအစည်းအ၀ေးမှာ သဘောထား ချမှတ်နိုင်ခဲ့ပါတယ်။

ဆွေးနွေးဖို့ကျန်ရှိတဲ့ အချက်တွေကို လာမယ့် သတ္တမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO နှစ်ဖက်ညှိနှိုင်းရေး အစည်းအဝေးမှာ ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအ၀ေးက ရရှိတဲ့ အစည်းအ၀ေးရလဒ် တွေကို JICM အကြိုပြင်ဆင်ခြင်း အစည်းအ၀ေးနဲ့ JICM အစည်းအ၀ေးမှာ အပြီး သတ် သဘောတူညီချက် အတည်ပြုပေးဖို့ ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အားလုံးကျေနပ်လက်ခံတဲ့ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ အနှစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်ချီတက်သွားနိုင်ရေးတို့အား ဦး တည်ပြီး ဒီညှိနှိုင်းရေး အစည်း အဝေးမှာ ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြတဲ့အတွက် မိမိအနေနဲ့ နှစ်ဖက်ကိုယ်စားလှယ် ခေါင်းဆောင်များကို ချီးကျူးဂုဏ်ပြုပါတယ်။

COVID-19 ကပ်ရောဂါကာလအောက်မှာ နေထိုင်သွားလာလှုပ်ရှားရတာဖြစ်လို့ အားလုံးက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့အညီ လိုက်နာ ဆောင်ရွက်ပြီး ကျန်းမာအောင် နေထိုင်သွားလာလှုပ်ရှားကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။