4th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon

  • Topics:

    4th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    June 23, 2020 10:00 AM

  • End Date:

    June 25, 2020 04:00 PM

  • Share:

Description

4th Negotiation Meeting between Government and NCA-S EAO has been held in NRPC, Yangon since this morning. Col. Sai Ngern, the leader of NCA-S EAO Negotiation Team, delivered the Opening Remarks expressed below:

စတုတ္ထအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် NCA-S EAO အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြား သည့် နှုတ်ခွန်းဆက် အမှာစကား

             ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃)ရက်

လေးစားအပ်ပါသော အစိုးရနှင့် NCA-S EAO  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက် ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များအားလုံးကို “မင်္ဂလာပါ” လို့  ဦးစွာ နှုတ် ခွန်းဆက်သအပ်ပါတယ်။

မနေ့က ဇွန်လ (၂၂)ရက်မှာ ကျင်းပခဲ့တဲ့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ညှိနှိုင်းအစည်းအဝေးမှာ နှစ်ဦးနှစ်ဖက်အတွက် ကျေနပ်တဲ့ရလဒ် ကောင်းတွေ ရရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီရလဒ် ကောင်းတွေအတွက် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ကိုယ်စား မိမိအနေနဲ့ ချီးကျူးဂုဏ်ပြုပါတယ်။ ဝမ်းမြောက် ဂုဏ်ယူပါ တယ်။ အားတက်မိပါတယ်။

မတ်လဆန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် နှစ်ဖက် ညှိနှိုင်းရေးအစည်းအဝေးအပြီးမှာ COVID- 19  ကပ်ရောဂါ ကြောင့် မိမိတို့ညှိနှိုင်းရေးနှစ်ဖွဲ့ရဲ့ ညှိနှိုင်းအစည်းအဝေးကို ရပ် တန့်ထားခဲ့ပေမယ့် ညှိနှိုင်းရေးတစ်ဖွဲ့ချင်းစီရဲ့ ပြင်ဆင်မှု တွေကတော့ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ Online  အစည်းအဝေး ကြိမ်ဖန်များစွာ ကျင်းပပြီး ပြင်ဆင်မှုတွေကို အရှိန် အဟုန်ကောင်းကောင်းနဲ့ ပြုလုပ်နိုင်ခဲ့တယ်။ အဆိုပြုချက်တွေကို အပြန်အလှန် ဖလှယ်နိုင်ခဲ့တယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ထည့်သွင်းချုပ်ဆိုမယ့်အကြောင်းအရာတွေ၊ COVID-19  ကပ်ရောဂါ ကာလအခြေအနေအောက်မှာ ကျင်းပရနိုင်ဖွယ်ရှိတဲ့ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်း အဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်းအဝေး၊ JICM အစည်းအဝေးကျင်းပရေးကိစ္စတွေကို ဒီ သုံးရက်တာ ညှိနှိုင်းအစည်းအဝေးမှာ  ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ယုံကြည်မှု တည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာအောင် နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အခိုက် အတန့်ဖြစ်လို့ ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့်မဖြစ်သေးတဲ့ တချို့အကြောင်းအရာတွေကို ဒီအစည်းအဝေးမှာ မဆွေးနွေး သင့်သေးဘူးလို့  မြင်ပါတယ်။

ဆွေးနွေးညှိနှိုင်းတဲ့အခါ ဆွေးနွေးဖော်ဆွေးနွေးဖက်တွေအတွက် Win-Win Solution ဖြစ်စေမယ့် ရလဒ်ကောင်း ထွက်ပေါ် ရေးအတွက် စိတ်ရှည်လက်ရှည်၊ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်း နှီးနှီး ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

မိမိတို့အားလုံးဟာ ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်းရဲ့ ကောင်းကျိုးကိုသာ ဆောင်ရွက်နေတာမဟုတ်ဘဲ အားလုံးနဲ့သက် ဆိုင်တဲ့ ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက် နေခြင်း ဖြစ်တယ်ဆိုတာ နှလုံးသွင်း လက်ကိုင်ထားရမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်နိုင်ရေးအတွက် အလွန်အရေးပါသလို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တသော ပြည်ထောင်စုသား ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း မျှော်လင့်ချက်ပေးတဲ့ အစည်းအဝေးဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ ရလဒ်ကောင်းတွေနဲ့ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အစီအစဉ်များ ချမှတ်နိုင်ရေးအ တွက် ဆွေးနွေးညှိနှိုင်းသွားကြပါလို့ တိုက်တွန်းပါတယ်။ အား လုံးကိုကျေးဇူးတင်ပါတယ်။