4th NCA-S EAO Working Groups' Meeting is being held in Chiang Mai

  • Topics:

    4th NCA-S EAO Working Groups' Meeting is being held in Chiang Mai

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Others

  • Start Date:

    August 17, 2019 09:00 AM

  • End Date:

    August 19, 2019 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် အလုပ်အဖွဲ့အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပလျက်ရှိသည်။


ယင်းအလုပ်အဖွဲ့အစည်းအဝေးတွင် အလုပ်အဖွဲ့အသီးသီး၏ အစည်းအဝေးများမှ ဆွေးနွေးပြီး ရရှိလာသည့် စုစည်းချက်များအား PPST အစည်းအဝေးသို့ တင်ပြ နိုင်ရေးအတွက် ညှိနှိုင်းပြင်ဆင်ခြင်း၊ အစိုးရ၏ အဆိုပြုချက်ဖြစ်သည့် (Ways Forward for Peace Process) နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး ကော် မရှင်နှင့် တွေ့ဆုံမည့်ကိစ္စ ဆွေးနွေးခြင်း အစရှိသည်တို့ကို ထည့်သွင်း ဆွေးနွေးလျက်ရှိကြသည်။


အလုပ်အဖွဲ့အစည်းအဝေးအပြီး သြဂုတ်လ (၂၁) ရက်နေ့မှ (၂၄)  ရက်နေ့အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေး (၀၄/ ၂၀၁၉) ကို ချင်းမိုင်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။