4th NCA-S EAO Summit starts today in Chiang Mai, Thailand

  • Topics:

    4th NCA-S EAO Summit starts today in Chiang Mai, Thailand

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Summit

  • Start Date:

    May 14, 2019 09:00 AM

  • End Date:

    May 18, 2019 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသောတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ စတုထ္ထကြိမ်မြောက် ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိပါသည်။ အစည်းအဝေးတွင် NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လာဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့တက်ရောက်ဆွေးနွေးကြပြီး၊ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှလည်း လေ့လာသူများအဖြစ် တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုဆိုင်ရာ သက်ဆိုင်ရာကဏ္ဍအလိုက် အစီရင်ခံစာများတင်သွင်း ဆွေးနွေးခြင်းနှင့် NCA-S EAO အတွင်းစုဖွဲ့မှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုထ္ထကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားသည့်အဖွင့် မိန့်ခွန်းအားဖော်ပြအပ်ပါသည်။


စတုတ္ထအကြိမ်မြောက် NCA S EAO ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် မြွက်ကြားသည့်  PPSTယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း
ရက်စွဲ ၂၀၁၉ခုနှစ်၊ မေလ (၁၄)ရက်

                                                                         ******************************************************
စတုတ္ထအကြိမ်မြောက် NCA S EAO ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်လာကြသည့် လေးစားအပ်ပါသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်း ဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီထိပ်သီးအစည်းအဝေးရဲ့ အစည်းအဝေးအစီအစဉ်မှာပါတဲ့ အကြောင်းအရာတွေကို ကိုယ်စားလှယ် ခေါင်းဆောင်များအားလုံးက ရင်းနှီးပွင့်လင်းရဲရင့် ကျေ လည်စွာ ဆွေးနွေးြ့ပီး ကျနော်တို့လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် အရယူနိုင်ကြပါလို့ PPSTရဲ့  ယာယီအ ဖွဲ့ခေါင်း ဆောင် ကျနော်အနေနဲ့ ပြောကြားလိုပါတယ်။
ကျနော်တို့အားလုံး သီလ၊ သမာဓိ၊ပညာနဲ့ အတွေးသစ်၊ အမြင်သစ်တွေကို အသုံးပြုပြီး ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရမှာဖြစ်သလို တက်ညီလက် ညီ လက်တွဲပူးပေါင်းပြီး ပြည်သူလူထု ကောင်းကျိုးနဲ့ တိုင်းပြည်အကျိုးဆိုတဲ့ ပန်းတိုင်ကို အရောက်လှမ်း ချီတက်ရမှာဖြစ်ပါတယ်။
ကျနော်တို့တတွေ NCAလက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ (၄)ကြိမ် သို့မဟုတ်၂၁ရာစု ပင်လုံ (၃)ကြိမ် တိုင်တိုင် ကျင်းပနိုင်ခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက် မှုတွေ မရရှိခဲ့သေးပါဘူး။ လုပ်ထုံးလုပ်နည်း နည်းပညာပိုင်းဆိုင်ရာတွေမှာပဲ ကျနော်တို့ အချိန်ကုန် စေခဲ့တယ်။ ဆွေးနွေးတဲ့ နည်းနာတွေကို ကျနော်တို့ မပြင်ဆင်နိုင်ခဲ့ဘူး။ ဆွေးနွေးတဲ့နေရာမှာ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့လိုပါတယ်။ သူ့မူကိုယ်မူ ကို အသေဆုပ် ကိုင်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အားလုံးက တန်းတူရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို လိုချင်တာချင်းအတူတူ ဆို တော့ ဖက်ဒရယ်ကိုပဲ ဦးတည် ဆွေးနွေးမှ အားလုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။
NLDအစိုးရလက်ထက်မှာ  ၂၁ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူ ကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ တပ်မတော်က ခွဲမထွက်ရ၊ တစ်ခုတည်းသောတပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆)ချက်တွေတင်မကဘဲ ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက် တာကို ဆွေးနွေးနိုင်ရင်တော့  နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲ အောင် မြင်မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာတာနှင့်အမျှ တစ်ဖက်က ကိုယ့်ဆွေးနွေးဖက်ရဲ့ အာရုံက ရွေးကောက်ပွဲကိစ္စအတွက်သာ ရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒုတိယနေရာမှာ ရှိနေတော့ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအနေအထား ဖြစ်သင့်တယျဆိုတာ ကြိုတင်ဆွေးနွေးပြီး သဘောတူညီချက် ရယူထားဖို့ လိုအပ်ပါတယ်။
NCA လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်အဖွဲ့အစည်းအချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်နေတာဟာ ပြည်ထောင်စုအတွက် ကြီးမားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ဟာ ငြိမ်းချမ်းရေးက အခရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားပါက ပြဿအမျိုးမျိုးလည်း ပေါ်လာ မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ EAOများနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ဒီထိပ်သီးအစည်းအဝေးမှာ အဓိကထား ဆွေးနွေးရမယ့် အကြောင်းရာ နှစ်ရပ်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတာတွေကို ဘယ်လိုနည်းလမ်းရှာပြီး ကျော်လွှားသွားရမလဲ ဆိုတာနဲ့ PPSTရဲ့ ဖွဲ့စည်းပုံကို ပြည်လည်သုံးသပ်ပြီး လိုအပ်ရင် အလျဉ်းသင့်သလို ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။
စည်းလုံးခြင်းသည်အင်အား ဆိုသလို ရှေ့ခရီးမှာ ကျနော်တို့ အားလုံးဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဥမကွဲသိုက်မပျက် လက်တွဲမဖြုတ်တမ်း အတူတကွ ပူးပေါင်းကြိုးပမ်း ဆောင်ရွက် သွားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။