36th NCA-S EAO UPDJC meeting held through online video conference today

  • Topics:

    36th NCA-S EAO UPDJC meeting held through online video conference today

  • Location:

    video conferencing, video conferencing

  • Category:

    UPDJC

  • Start Date:

    January 18, 2021 09:30 AM

  • End Date:

    January 18, 2021 04:00 PM

  • Share:

Description

36th NCA-S EAO UPDJC meeting was held through online video conference this morning. Col. Sai Ngern, the team leader of NCA-S EAO UPDJC delivered the opening remarks at the beginning of the meeting. The opening remarks of Col. Sai Ngern is expressed below:

 

(၃၆) ကြိမ်မြောက် EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာစကား

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်


ဒီနေ့ ကျင်းပတဲ့ (၃၆)ကြိမ်မြောက် EAO UPDJC အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ EAO UPDJC အဖွဲ့ ဝင်ခေါင်းဆောင်များ၊ နည်းပညာအထောက်အကူပြုများ၊ WLPPက အမျိုးသမီးခေါင်းဆောင်များနဲ့ ရုံးအဖွဲ့သား များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့  ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

၂၀၂၁နှစ်သစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေကနေ အားသွန်ခွန်စိုက် ပြင်ဆင်ဆောင်ရွက်နေတာတွေကို မြင်တွေ့ကြားသိရလို့ ဝမ်းမြောက်မိပါတယ်။

မိမိတို့ NCA-S EAO တစ်ဖွဲ့ချင်းရဲ့  ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သဘောထားတွေကို ယူဆောင်လာပြီး ဒီနေ့အစည်းအဝေးမှာ ဘုံသဘောထားရရှိအောင် ဆွေးနွေးညှိနှိုင်း သွားမှာ ဖြစ်ပါတယ်။

အစိုးရဖက်ကလည်း ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သဘောထားတွေကို နှစ်သစ်မှာ ထုတ်ပြန် ပြောဆိုပြီး ဖြစ်ပါတယ်။ ပထမလုပ်ငန်းစဉ်အဖြစ် အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဒွန်တွဲဖော်ဆောင်ခြင်း၊ ဒုတိယလုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စုလုပ်ငန်းစဉ်နှစ်ရပ်ကို ပူးတွဲဖော် ဆောင်ခြင်း၊ တတိယလုပ်ငန်းစဉ်အဖြစ် ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင် ဆင်ရေး လုပ်ငန်းစဉ်တို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊စစ်ရေး၊ ကျန်းမာရေး ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးမှာ ဖြစ်သလို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ ဖက်ဒရယ်တည်ဆောက်ရေး ဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စနဲ့ ဖက်ဒရယ်အခြေခံမူများကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

PPSTက ဖွဲ့စည်းပေးခဲ့တဲ့ NCA-S EAO အလွတ်သဘော ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘော ဆွေးနွေးတွေ့ဆုံနိုင်ရေးကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါကာလမှာ ခေါင်းဆောင်များအားလုံးအနေနဲ့ မိမိတို့ကျန်းမာရေးကို အထူးဂရုပြုကြပါလို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။